မန္တလေးမြို့တွင် စစ်ကောင်စီတပ်၏ ထုတ်များရောင်းချလျက်ရှိသော KTV တစ်ဆိုင်နှင့် ဘီယာဆိုင်နှစ်ဆိုင်ကို JMPDF ၏ဦးဆောင်မှုဖြင့် မဟာမိတ်များနှင့်အတူ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း Phoenix အထူးပြောက်ကျားတပ်ဖွဲ့ (ရေစကြို)က ယနေ့(ဇန်နဝါရီ ၂၇)ထုတ်ပြန်သည်။
ယနေ့ည ၆ နာရီခွဲခန့်တွင် မန္တလေးမြို့ ရန်မွန်တောင်(၅၇)လမ်းမှ KTV တစ်ခု၊ ၂၃ လမ်း၊ ၈၉ လမ်းရှိ စစ်ကောင်စီထောက်တိုင် ဘီယာဆိုင်နှင့် လမ်း (၆၀)သမန်းကုန်း အင်းခရုဘုရားအနီး ဘီယာဆိုင်တို့ကို သတိပေးတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
“KTV ကို သတိပေးအုံး(ဗုံးခွဲ)ခဲ့ပြီး ဘီယာ နှစ်ဆိုင်ကိုတော့ သတိပေးရုံ မီးရှို့ခဲ့တဲ့အခြေအနေပါ”ဟု Phoenix အထူးပြောက်ကျားတပ်ဖွဲ့ဝင် ရဲဘော်တစ်ဦးက ပြောသည်။
တော်လှန်ရေးတပ်ဖွဲ့များ၏ သတိပေးတိုက်ခိုက်မှုကိုခံရသည့် KTV နှင့် ဘီယာဆိုင်များနှင့် အခြားသောဆိုင်များအနေဖြင့် စစ်ကောင်စီတပ်၏ထုတ်ကုန်များကို ရောင်းချခြင်းမပြုဘဲ ပြည်သူ့ဘက်မှ ပြတ်ပြတ်သားသား ရပ်တည်ကြရန် ထပ်မံသတိပေးတိုက်တွန်းထားသည်။

Public Service Announcement
အထက်ပါတိုက်ခိုက်မှုများကို Justice Mandalay People Defense Force (JMPDF)၊ Phoenix အထူးပြောက်ကျားတပ်ဖွဲ့ (ရေစကြို)၊ Karenni Democratic Front (KDF)၊ Mandalay PDF တို့မှ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။


















































