Connect with us

Hi, what are you looking for?

ဗီဒီယို

ဟိုအကြောင်းပြတိုက် ဒီအကြောင်းပြတိုက် အမှန်က စစ်တပ်က တိုက်ချင်တာကြာလှပြီ

စစ်ကောင်စီတပ်တွေဟာစစ်ကြောင်းထိုးတာအပြင် လက်နက်ကြီးနဲ့ ပစ်ခတ်တာ ၊လေကြောင်းကနေ တိုက်ခိုက်တာတွေကြောင့် ဒေသခံရွာသား သောင်းကျော်ဟာ ထွက်ပြေးနေရတယ်လို့သိရပါတယ်။

KNU နိုင်ငံခြားရေးတာဝန်ခံ ဖဒိုစောတာနီး

KNU ထိန်းချုပ်နယ်မြေတွေ ထဲကိုစစ်ကောင်စီဟာ စစ်ကြောင်းထိုးတာတွေ ပိုမိုလုပ်ဆောင်နေတယ်လို့ KNU ရဲ့ နိုင်ငံခြားရေးတာဝန်ခံ ဖဒိုစောတာနီးက ပြောပါတယ်။

စစ်ကောင်စီဟာ အကြောင်းပြချက်ပေးပြီး KNU ကို တိုက်ချင်နေတာ ကြာပြီဖြစ်တဲ့အတွက် KNU ဘက်ကတည်းကြိုတင်တွက်ဆထားပြီးဖြစ်တယ်လို့ ဆိုပါတယ်။

“ဟိုအကြောင်းပြတိုက် ဒီအကြောင်းပြတိုက် အမှန်ကသူတို့တိုက်ချင်တာကြာလှပြီ။ ဒီလိုဟာမျိုးကရှိနေတဲ့အပေါ်မှာ သူတို့အာဏာသိမ်းလိုက်တာ ပိုပြီးတော့ရှင်းသွားတာပေါ့လေ” လို့ ဖဒိုစောတာနီးက ပြောပါတယ်။

လက်ရှိအချိန်မှာ စစ်ကောင်စီရဲ့ စစ်ရေးလှုပ်ရှားမှုဟာ KNU ရဲ့ တပ်မဟာ အသီးသီးရဲ့နယ်မြေတိုင်းလိုလိုမှာ ရှိနေတယ်လို့သိရပါတယ်။

Public Service Announcement

Public Service Announcement

“စစ်ရေးလှုပ်ရှားမှုအခြေအနေ တပ်မဟာတိုင်းလိုလိုရှိနေတာပဲလေ။ မြေပြင်ကတက်တဲ့သတင်းအရဆိုရင် တပ်မဟာ ၅ တပ်မဟာ ၁ တို့ကအမြဲတမ်းရှိနေတယ်။ တပ်မဟာ ၂ လည်း ရံဖန်ရံခါဖြစ်နေတယ်။ တပ်မဟာ ၃ လည်းရှိနေတယ်။ တပ်မဟာ ၆ ကတော့ အခုလောလောဆယ် လေးကေကော်မှာ နည်းနည်းငြိမ်သွားသလိုရှိနေပေမယ့် ကော့ကရိတ်တောင်ပိုင်းမှာတော့ ဖြစ်နေတာပဲလေ” လို့ စစ်ရေးအခြေအနေကို ဖဒိုစောတာနီးက ရှင်းပြပါတယ်။

စစ်ကောင်စီတပ်တွေဟာစစ်ကြောင်းထိုးတာအပြင် လက်နက်ကြီးနဲ့ ပစ်ခတ်တာ ၊လေကြောင်းကနေ တိုက်ခိုက်တာတွေကြောင့် ဒေသခံရွာသား သောင်းကျော်ဟာ ထွက်ပြေးနေရတယ်လို့သိရပါတယ်။

ဒီလိုတိုက်ခိုက်နေတဲ့စစ်ကောင်စီဟာ ငြိမ်းချမ်းရေးစကား ပြောလာတယ်လို့ကြားသိရပေမယ့် ငြိမ်းချမ်းရေးအစစ်အမှန်လိုချင်ရင် ကျုးကျော်လာတဲ့စစ်ကြောင်းတွေအကုန်ရုတ်သိမ်းပေးမှရမယ်လို့ လည်း ဖဒိုစောတာနီးက ပြောပါတယ်။

ဒါအပြင်အရပ်သားပြည်သူတွေအပေါ် တိုက်ခိုက်တာတွေကိုလည်း ရပ်တန့်ပစ်ရမယ်လို့ ဆိုပါတယ်။
ငြိမ်းချမ်းရေးအတွက်ဆိုရင် ယုံကြည်နိုင်လောက်တဲ့အခြေအနေတစ်ခုပြသဖို့ လိုတယ်လို့ ဖဒိုစောတာနီးက ထောက်ပြပါတယ်။

ဒါပေမယ့် ငြိမ်းချမ်းရေးဆိုတာဟာစစ်ကောင်စီရဲ့လက်ရှိလုပ်ရပ် အခြေအနေအရတော့ “ဘယ်လိုမှမရပါဘူး” လို့ ဖဒိုစောတာနီးက ပြောပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလအတွင်း ကရင်ပြည်နယ် အတွင်းက KNU ထိန်းချုပ်ရာ လေးကေကော်ဒေသကို စစ်ကောင်စီ တပ်တွေဝင်ရောက်ကျုးကျော်ပြီးတဲ့နောက် ၂ ဖက်တိုက်ပွဲတွေဖြစ်ခဲ့တာပါ။

အဲဒီတိုက်ပွဲတွေမှာ စစ်ကောင်စီဟာ လက်နက်ကြီးနဲ့ပစ်ခတ်တာ ၊လေကြောင်းကနေ တိုက်ခိုက်တာတွေကို အဆက်မပြတ်လုပ်ခဲ့တာကြောင့် ဒေသခံပြည်သူတွေဟာ သောင်ရင်းမြစ်ကို ဖြတ်ကာ ထိုင်းနိုင်ငံထဲကို ထွက်ပြေးတိမ်းရှောင်ခဲ့ရတာရှိပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကျားမသောက်တပ်ရင်းထဲ AA ရဲလက်နက်ကြီးကျရောက်ပေါက်ကွဲလို့ အသေအပျောက်ရှိ

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်းက မိုးကြီးပြီး ရေဘေးကြုံတွေ့နေတဲ့ မဘိမ်းမြို့ကို စစ်တပ်က လေကြောင်း ကနေ ဗုံးကြဲနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ကရင်ပြည်နယ်၊ဖာပွန်ခရိုင်ကိုသြဂုတ်လ ၅ ရက်ညပိုင်းမှာအာဏာသိမ်းစစ်တပ်ရဲ့လေတပ်ကဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့်အမျိုးသမီးတစ်ဦးသေဆုံးပြီးလေးဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့(KHRG)က သတင်းထုတ်ပြန်ပါတယ်။

သတင်း

မန္တလေးမြို့၊ အမရပူရမြို့နယ်မှာ ပိုးထည်ဆိုင်ဖွင့်ပွဲပြီး ဇာတ်မင်းသား စမ်းရေမိုးတက်မယ်ဆိုပြီး စစ်ကိုင်း-မန္တလေးလမ်းကို စစ်တပ်က နာရီပိုင်းကြာအောင် ပိတ်ထားလိုက်တာကြောင့် ခရီးသွားပြည်သူတွေ ဒုက္ခရောက်ခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။