Connect with us

Hi, what are you looking for?

News

ဖာပွန်မြို့နယ်တွင် စစ်ကောင်စီတပ်လက်နက်ကြီးပစ်ခတ်၍ (၃)လအရွယ်ကလေးငယ်နှင့်အမျိုးသမီး သေဆုံး၊ ငါးဦး ဒဏ်ရာ

စစ်ကောင်စီတပ်က ယခုလအတွင်း KNU တပ်မဟာ(၅)နယ်မြေသို့ ညအချိန် လေကြောင်းဖြင့် တိုက်ခိုက်ခဲ့ခြင်းကြောင့်လည်း အရပ်သားသေဆုံးထိခိုက်မှုများရှိခဲ့သည်။

ကရင်ပြည်နယ် ဖာပွန်မြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီတပ်က ယမန်နေ့တွင် လက်နက်ကြီးဖြင့်ပစ်ခတ်၍ (၃)လအရွယ် ကလေးငယ်နှင့် အမျိုးသမီးတစ်ဦး သေဆုံးပြီး ငါးဦး ဒဏ်ရာရရှိခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) သတင်းရင်းမြစ်က ပြောသည်။

ဖာပွန် – ကမမောင်း လမ်းမကြီးဘေးရှိ စစ်ကောင်စီတပ်၏ တောင်သုံးလုံးစခန်းမှ ဇန်နဝါရီ ၂၉ရက် ညနေ ၆နာရီခန့်တွင် လက်နက်ကြီး ၆လုံးဖြင့် အနီးအနားရှိ ထီးလော်သေထရွာသို့ ပစ်ခတ်ခဲ့ရာ အရပ်သားများ အသက်ဆုံးရှုံးခဲ့ရခြင်းဖြစ်သည်ဟု ဆိုသည်။

“သူတို့လက်နက်ကြီးပစ်တာ။ ပစ်တော့ထိတာပေါ့။ အသက် ၂၀အရွယ် အပျိုမလေးတစ်ဦး၊ သုံးလသားအရွယ် ကလေးတစ်ဦး၊ သေတာက ၂ဦး၊ဒဏ်ရာရတာ ၅ဦး၊ အကြောင်းမဲ့ရွာထဲမှာပစ်တာ။ ဒါက” ဟု KNU သတင်းရင်းမြစ်က ပြောသည်။

ထိခိုက်ဒဏ်ရာရသူများထဲတွင် အမျိုးသမီး သုံးဦးပါဝင်သည်။ အဆိုပါ တိုက်ခိုက်မှုကို အကြမ်းဖက်စစ်ကောင်စီတပ်၏ လက်အောက်ခံနယ်ခြားစောင့်တပ်(BGF)မှ ဒုရင်းမှူးအဆင့်ရှိ ဗိုလ်ကျော်ဝင်း ဦးစီးသည့် တောင်သုံးလုံး အခြေစိုက်တပ်က ပစ်ခတ်ခြင်းဖြစ်သည်ဟု KNU တပ်မဟာ(၅)က ထုတ်ပြန်ထားသည်။

Public Service Announcement

Public Service Announcement

ထိုသို့ လက်နက်ကြီးဖြင့် တိုက်ခိုက်မှုကြောင့် လူနေအိမ် လေးလုံးပျက်စီးကာ ဆိတ် ၉ကောင်နှင့် ဝက် ၂ကောင် သေဆုံးခဲ့သည်ဟုဆိုသည်။

စစ်ကောင်စီတပ်က ယခုလအတွင်း KNU တပ်မဟာ(၅)နယ်မြေသို့ ညအချိန် လေကြောင်းဖြင့် တိုက်ခိုက်ခဲ့ခြင်းကြောင့်လည်း အရပ်သားသေဆုံးထိခိုက်မှုများရှိခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်တပ်လက်​အောက်ခံ ရှမ်းနီတပ်-SNA ကအရပ်သားအိမ်​တွေရှိရာ ပစ်ခတ်​နေတဲ့ရုပ်သံဖိုင်ပျံ့နှံ့

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့မှာ စစ်တပ်နဲ့ပြည်သူ့စစ်တပ်ဖွဲ့ဝင်တွေက လူနေကျေးရွာတွေကို လက်နက်ကြီးနဲ့ ပစ်ခတ်နေပြီး ဒီကနေ့ ဇွန်လ ၁၉ရက်ရဲ့နေ့လယ်ပိုင်းမှာလည်း အရပ်သားတွေနေထိုင်တဲ့အိမ်ပေါ်ကျရောက်ပေါက်ကွဲလို့ ထိခိုက်ပျက်စီးမှုတွေရှိခဲ့ပါတယ်။

သတင်း

ရွှေကူမြို့နယ်အတွင်း တိုက်ပွဲတွေပြင်းထန်နေချိန် ဒီနေ့ညနေပိုင်းမှာ မြို့ထဲ ရပ်ကွက်နေရာအချို့ကိုလက်နက်ကြီးကျရောက်ပေါက်ကွဲပြီး အရပ်သားလေးဦးသေဆုံးခဲ့တယ်လို့ မြို့ခံတွေကပြောပါတယ်။

သတင်း

မန္တလေးမြို့မှာ အမျိုးသားပုံစံဝတ်ဆင်နေထိုင်တဲ့ ပစ္စည်းတွေသယ်ယူပို့ဆောင်ပေးသူ(Delivery) အမျိုးသမီးတစ်ဦး ပစ္စည်းပို့ရင်း ပျောက်ဆုံးနေကြောင်း သတင်းရရှိပါတယ်။