Connect with us

Hi, what are you looking for?

LuduNwayOo

News

ဖာပွန်မြို့နယ်တွင် စစ်ကောင်စီတပ်လက်နက်ကြီးပစ်ခတ်၍ (၃)လအရွယ်ကလေးငယ်နှင့်အမျိုးသမီး သေဆုံး၊ ငါးဦး ဒဏ်ရာ

စစ်ကောင်စီတပ်က ယခုလအတွင်း KNU တပ်မဟာ(၅)နယ်မြေသို့ ညအချိန် လေကြောင်းဖြင့် တိုက်ခိုက်ခဲ့ခြင်းကြောင့်လည်း အရပ်သားသေဆုံးထိခိုက်မှုများရှိခဲ့သည်။

ကရင်ပြည်နယ် ဖာပွန်မြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီတပ်က ယမန်နေ့တွင် လက်နက်ကြီးဖြင့်ပစ်ခတ်၍ (၃)လအရွယ် ကလေးငယ်နှင့် အမျိုးသမီးတစ်ဦး သေဆုံးပြီး ငါးဦး ဒဏ်ရာရရှိခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) သတင်းရင်းမြစ်က ပြောသည်။

ဖာပွန် – ကမမောင်း လမ်းမကြီးဘေးရှိ စစ်ကောင်စီတပ်၏ တောင်သုံးလုံးစခန်းမှ ဇန်နဝါရီ ၂၉ရက် ညနေ ၆နာရီခန့်တွင် လက်နက်ကြီး ၆လုံးဖြင့် အနီးအနားရှိ ထီးလော်သေထရွာသို့ ပစ်ခတ်ခဲ့ရာ အရပ်သားများ အသက်ဆုံးရှုံးခဲ့ရခြင်းဖြစ်သည်ဟု ဆိုသည်။

“သူတို့လက်နက်ကြီးပစ်တာ။ ပစ်တော့ထိတာပေါ့။ အသက် ၂၀အရွယ် အပျိုမလေးတစ်ဦး၊ သုံးလသားအရွယ် ကလေးတစ်ဦး၊ သေတာက ၂ဦး၊ဒဏ်ရာရတာ ၅ဦး၊ အကြောင်းမဲ့ရွာထဲမှာပစ်တာ။ ဒါက” ဟု KNU သတင်းရင်းမြစ်က ပြောသည်။

ထိခိုက်ဒဏ်ရာရသူများထဲတွင် အမျိုးသမီး သုံးဦးပါဝင်သည်။ အဆိုပါ တိုက်ခိုက်မှုကို အကြမ်းဖက်စစ်ကောင်စီတပ်၏ လက်အောက်ခံနယ်ခြားစောင့်တပ်(BGF)မှ ဒုရင်းမှူးအဆင့်ရှိ ဗိုလ်ကျော်ဝင်း ဦးစီးသည့် တောင်သုံးလုံး အခြေစိုက်တပ်က ပစ်ခတ်ခြင်းဖြစ်သည်ဟု KNU တပ်မဟာ(၅)က ထုတ်ပြန်ထားသည်။

Public Service Announcement

Public Service Announcement

ထိုသို့ လက်နက်ကြီးဖြင့် တိုက်ခိုက်မှုကြောင့် လူနေအိမ် လေးလုံးပျက်စီးကာ ဆိတ် ၉ကောင်နှင့် ဝက် ၂ကောင် သေဆုံးခဲ့သည်ဟုဆိုသည်။

စစ်ကောင်စီတပ်က ယခုလအတွင်း KNU တပ်မဟာ(၅)နယ်မြေသို့ ညအချိန် လေကြောင်းဖြင့် တိုက်ခိုက်ခဲ့ခြင်းကြောင့်လည်း အရပ်သားသေဆုံးထိခိုက်မှုများရှိခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ရေးမြို့နယ် ခေါဇာမြို့နယ်ခွဲ၊ ကျုံညှဲကျေးရွာမှ ကျေးရွာအုပ်ချုပ်ရေးမှူး ပြည်သူ့စစ်အဖွဲ့အား လက်နက်ဖြုတ်သိမ်းရန်နှင့် အရေးယူပေးရန် ပြည်သူများမှတိုင်ကြားလာ၍ ဧပြီ ၂၃ရက် တွင် ခေါ်ယူဖမ်းဆီး လက်နက်ဖြုတ်သိမ်းခဲ့သည်ဟု ဖော်ပြသည်။

သတင်း

စခန်းသိမ်းတိုက်ပွဲအပြီးစစ်ကောင်စီ၏လက်နက်ခဲယမ်းအမြောက်အများအားသိမ်းဆည်းရရှိခဲ့ကြောင်း မှတ်တမ်းဓာတ်ပုံများနှင့်အတူ ဖော်ပြထားပြီး အရေအတွက်ကို မကြာမီ အလျဉ်းသင့်ပါက အသိပေးမည်ဟု ထုတ်ပြန်သည်။

သတင်း

အပြစ်မဲ့ပြည်သူများမှာ ၎င်းအဖွဲ့များ၏ အကြမ်းဖက်လုပ်ရပ်များကြောင်းသာ ပို၍ ဒုက္ခရောက်နေကြရသည်ကို ကော်မရှင်နာအနေဖြင့် ဖော်ပြရန် အရေးကြီးကြောင်း ဦးခိုင်သုခက ပြောသည်။

သတင်း

စစ်ကောင်စီတပ်စခန်းမှ သိမ်းရသည့် လက်နက်ခဲယမ်းများကို တပ်ရင်းမှူးက ပြသရာ လက်နက်ကြီးလက်နက်ငယ်မျိုးစုံ အလက် ၃၀ကျော်နှင့် ခဲယမ်း၊ ကျည်များစွာ နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ကို တွေ့ရသည်။