Connect with us

Hi, what are you looking for?

News

လမ်းဖွင့်ပွဲလာသည့် ရန်ကုန်မြို့တော်ဝန်ကို ဗုံးခွဲတိုက်ခိုက်ရန်စီစဥ်ထားရာ ပြည်သူများလုံခြုံရေးကြောင့် ဖျက်သိမ်းခဲ့ရဟု BFRAF ပြော

“မနက်ပိုင်းတစ်ကြိမ် ဖောက်သေးတယ်။ နောက်တစ်လုံးက ဖွင့်ပွဲနားမှာထားခဲ့တာ။ ပြည်သူတွေအများကြီးမို့ မခွဲလိုက်ရတာ”ဟု ၎င်းက ပြောသည်။

ရန်ကုန်မြို့ သာကေတမြို့နယ်အတွင်း လမ်းဖွင့်ပွဲလုပ်ရန်လာသည့် စစ်ကောင်စီလက်အောက်ခံ ရန်ကုန်မြို့တော်ဝန်နှင့်အဖွဲ့ကို ဗုံးဖောက်၍ တိုက်ခိုက်ရန် စီစဥ်ထားသော်လည်း ပြည်သူများ၏ လုံခြုံရေးကို ဦးစားပေးသည့်အနေဖြင့် ဖျက်သိမ်းခဲ့ရကြောင်း ဗမာ့နောက်ဆုံးတော်လှန်ရေး လက်နက်ကိုင် တပ်ဖွဲ့ (BFRAF)မှတာဝန်ရှိသူတစ်ဦးက လူထုနွေဦးသို့ ပြောသည်။

“မနက်ပိုင်းတစ်ကြိမ် ဖောက်သေးတယ်။ နောက်တစ်လုံးက ဖွင့်ပွဲနားမှာထားခဲ့တာ။ ပြည်သူတွေအများကြီးမို့ မခွဲလိုက်ရတာ”ဟု ၎င်းက ပြောသည်။

သာကေတမြို့နယ် ဝက်စုမှတ်တိုင်အနီးရှိ နောင်ရိုးလမ်းကို ရန်ကုန်မြို့တော်ဝန်ဆိုသူက ယနေ့နံနက်ပိုင်း၌ လာရောက်ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။

ယင်းနေရာ၌ နံနက် ၆နာရီအချိန်ခန့်က ဖောက်ခွဲမှုတစ်ကြိမ်ပြုလုပ်ခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူမရှိကြောင်း အထက်ပါတာဝန်ရှိသူက ဆိုသည်။

Public Service Announcement

Public Service Announcement

အဆိုပါတိုက်ခိုက်မှုကို ပြုလုပ်ရခြင်းသည် တော်လှန်ရေးနှစ်ပတ်လည်နေ့အထိ ပြည်သူများအပေါ် အကြမ်းဖက်နှိပ်စက်နေသည့် စစ်ကောင်စီကို တော်လှန်ပုန်ကန်နေဆဲဖြစ်ကြောင်းကို သက်သေပြခြင်းဖြစ်ကြောင်း ၎င်းတို့အဖွဲ့၏ ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

ပျက်ကျတယ်လို့ယူဆရတဲ့နေရာကို KIA ပူးပေါင်းတပ် လိုက်လံရှာ​ဖွေ

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာ-မန္တလေးလမ်းပိုင်းမှာ ဝမ်ပေါင်က ကြေးနီတွေသယ်လာတဲ့ စစ်ယာဥ်တန်းတွေ ဖြတ်သန်းလာလို့ လုံခြုံရေးတင်းကြပ်ထားပြီး လမ်းပိတ်ဆို့မှုတွေပါ ဖြစ်ပွားနေကြောင်း ဒေသခံတွေက ပြောပါတယ်။

နိုင်ငံတကာ

ကလေးတစ်ဦးက ထိုင်ခုံမှာထိုင်ပြီး လုံခြုံရေးခါးပတ် ပတ်ထားဖို့ ငြင်းဆိုနေခဲ့တာကြောင့် ကနေဒါ လေကြောင်း ခရီးစဉ် တစ်ခုကို ရွှေ့ဆိုင်းခဲ့ခြင်းက အငြင်းပွားစရာ အခြေအနေတွေ ဖြစ်လာစေခဲ့ပါတယ်။

သတင်း

ရန်ကုန်မြို့လယ် ၊ကမာရွတ်မြို့နယ်မှာ တစ်ယောက်တည်းလမ်းလျှောက်တဲ့ အမျိုးသမီးတွေကိုအမျိုးသားတဦးကလိုက်နှောက်ယှက်တဲ့ဖြစ်ရပ်ကိုလုံခြုံ​ရေးကင်မရာ( စီစီတီဗီ)က အမိအရ မှတ်တမ်းတင်နိုင်ခဲ့ပါတယ် ။

Facebook