စစ်ကိုင်းတိုင်း မုံရွာမြို့တွင် အသံတိတ်သပိတ်ပြုလုပ်နေစဉ် မုံရွာအမှတ် (၂)ရဲစခန်းအပါအဝင် အကြမ်းဖက်စစ်ကောင်စီတပ်သားများ ကင်းစောင့်နေသောနေရာများ လက်ပစ်ဗုံးဖြင့် ပစ်ခတ်ခံရကြောင်း ဒေသခံများက ပြောသည်။
ယနေ့(ဖေဖော်ဝါရီ၁)တွင် မုံရွာမြို့၌ အသံတိတ်သပိတ်ပြုလုပ်၍ လူသွားလူလာရှင်းလင်းနေချိန် အိုးရှင်းစူပါစင်တာအနီး စစ်ကောင်စီတပ်သားများရှိနေသော မြဝတီဘဏ်ရှေ့ရှိ ဘန်ကာကို လက်ပစ်ဗုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း အနောက်မြောက်လွင်ပြင်တော်လှန်ရေးအင်အားစုက သတင်းထုတ်ပြန်သည်။

“အဝေးကြီးကကို ကြားရတယ်။ အသံတော်တော်ကျယ်တယ်”ဟု မုံရွာမြို့ဒေသခံတစ်ဦးက ပြောသည်။
ထို့အပြင် အာဇာနည်လမ်း အသောကကျောင်းအနီး ကျောက္ကာလမ်း(မော်ကွန်းရှင်အနီး)နှင့်အမှတ်(၂)ရဲစခန်းတို့ကိုလည်း အသံဗုံးများ ဖောက်ခွဲကာ အကြမ်းဖက်စစ်ကောင်စီတပ်အား ခြောက်လှန့်ခဲ့ကြောင်း အနောက်မြောက်လွင်ပြင်တော်လှန်ရေးအင်အားစုက အသိပေးသည်။

Public Service Announcement
ကျောက္ကာ-မုံရွာ ကားလမ်းမကြီးတွင် ယနေ့(ဖေဖော်ဝါရီ၁ရက်) နံနက် ၁၁နာရီခန့်က ခရီးသည်ယာဉ်တစ်စီး မိုင်းထိမိ၍ လူလေးဦးဒဏ်ရာရရှိကြောင်း မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့-မုံရွာမြို့နယ်ရုံးက သတင်းထုတ်ပြန်ထားသည်။


















































