Connect with us

Hi, what are you looking for?

News

အသံတိတ်သပိတ်နေ့တွင် မုံရွာ၌ အမှတ်(၂)ရဲစခန်းအပါအဝင် စစ်ကောင်စီတပ်သားများရှိရာ နေရာများ တိုက်ခိုက်ခံရ

“အဝေးကြီးကကို ကြားရတယ်။ အသံတော်တော်ကျယ်တယ်”ဟု မုံရွာမြို့ဒေသခံတစ်ဦးက ပြောသည်။

(ကျောက္ကာ-မုံရွာ ကားလမ်းမကြီးတွင် ယနေ့ဖေဖော်ဝါရီ၁ရက်နေ့ ၁၁နာရီဝန်းကျင်ခန့်က ခရီးသည်ယာဉ်တစ်စီး မိုင်းထိမိ၍ လူ၄ဦးဒဏ်ရာရရှိခဲ့သည်။ ဓာတ်ပုံ - MR)

စစ်ကိုင်းတိုင်း မုံရွာမြို့တွင် အသံတိတ်သပိတ်ပြုလုပ်နေစဉ် မုံရွာအမှတ် (၂)ရဲစခန်းအပါအဝင် အကြမ်းဖက်စစ်ကောင်စီတပ်သားများ ကင်းစောင့်နေသောနေရာများ လက်ပစ်ဗုံးဖြင့် ပစ်ခတ်ခံရကြောင်း ဒေသခံများက ပြောသည်။

ယနေ့(ဖေဖော်ဝါရီ၁)တွင် မုံရွာမြို့၌ အသံတိတ်သပိတ်ပြုလုပ်၍ လူသွားလူလာရှင်းလင်းနေချိန် အိုးရှင်းစူပါစင်တာအနီး စစ်ကောင်စီတပ်သားများရှိနေသော မြဝတီဘဏ်ရှေ့ရှိ ဘန်ကာကို လက်ပစ်ဗုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း အနောက်မြောက်လွင်ပြင်တော်လှန်ရေးအင်အားစုက သတင်းထုတ်ပြန်သည်။

Public Service Announcement

“အဝေးကြီးကကို ကြားရတယ်။ အသံတော်တော်ကျယ်တယ်”ဟု မုံရွာမြို့ဒေသခံတစ်ဦးက ပြောသည်။

ထို့အပြင် အာဇာနည်လမ်း အသောကကျောင်းအနီး ကျောက္ကာလမ်း(မော်ကွန်းရှင်အနီး)နှင့်အမှတ်(၂)ရဲစခန်းတို့ကိုလည်း အသံဗုံးများ ဖောက်ခွဲကာ အကြမ်းဖက်စစ်ကောင်စီတပ်အား ခြောက်လှန့်ခဲ့ကြောင်း အနောက်မြောက်လွင်ပြင်တော်လှန်ရေးအင်အားစုက အသိပေးသည်။

Public Service Announcement

Public Service Announcement

ကျောက္ကာ-မုံရွာ ကားလမ်းမကြီးတွင် ယနေ့(ဖေဖော်ဝါရီ၁ရက်) နံနက် ၁၁နာရီခန့်က ခရီးသည်ယာဉ်တစ်စီး မိုင်းထိမိ၍ လူလေးဦးဒဏ်ရာရရှိကြောင်း မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့-မုံရွာမြို့နယ်ရုံးက သတင်းထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ စက်မှုဇုန်မှာ တပ်စွဲထားတဲ့ စစ်တပ်ကို ဝင်ရောက်တိုက်ခိုက်ရာ ၄ ဦး သေဆုံးကြောင်း မုံရွာခရိုင်တပ်ရင်းတွေက ထုတ်ပြန်ပါတယ်။

သတင်း

မုံရွာမြို့အ​ခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ)ရဲ့ပတ်ဝန်းကျင်က မြို့တွေမှာ စစ်ရေးတင်းမာနေပြီး စစ်‌တပ်က အရပ်သားတွေနဲ့ အိမ်ယာတွေကို ပစ်မှတ်ထားတိုက်ခိုက်ဖျက်ဆီးနေတယ်လို့ ​ဒေသခံ နဲ့ ​တော်လှန်​ရေးတပ်ဖွဲ့ဝင်​တွေက​ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဆိုင်ကယ်စီးနင်းသူတွေကို လိုက်လံစစ်ဆေးဖမ်းဆီးပြီး ကျပ်သိန်းချီတောင်းနေကြောင်း ဒေသခံတွေက ပြောပါတယ်။

နိုင်ငံတကာ

အစ္စရေးကို တိုက်ခိုက်ခဲ့တဲ့ ဒုံးကျည်တွေ ပစ်လွှတ်နေပုံ ဗီဒီယိုတွေကို အီရန်က ထုတ်လွှင့် ပြသခဲ့ပါတယ်။