Connect with us

Hi, what are you looking for?

News

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းတိုင်း စစ်ဌာနချုပ်၏ အပတ်စဉ် (၅)စစ်သင်တန်း ဆင်းပွဲပြုလုပ်

စစ်တိုင်းဖွဲ့စည်းပေါ်ပေါက်ရေး ကော်မတီဝင်များ၊ သင်တန်းဆင်းတပ်မတော်သားများ အားလုံးကို ကာကွယ်ရေးဝန်ကြီးဌာနအနေဖြင့် အထူးကျေးဇူးတင်ရှိသည် ဟု ဝန်ကြီးဦးရည်မွန်က ပြောသည်။

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းတိုင်း စစ်ဌာနချုပ် စစ်သင်တန်း အပတ်စဉ် (၅) ကို
အောင်မြင်စွာပြုလုပ်ရာ အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေး၀န်ကြီးဌာန၊ ပြည်ထောင်စု၀န်ကြီး ဦးရည်မွန် က သ၀ဏ်လွှာပေးပို့ခဲ့ဟု အဆိုပါဝန်ကြီးဌာနက ယနေ့ သတင်းထုတ်ပြန်သည်။

အဆိုပါ စစ်သင်တန်းဆင်းပွဲကို မည်သည့်နေရာ မည်သည့်နေ့ရက်တွင် ပြုလုပ်သည်ကို ဖော်ပြမထားသော်လည်း ဝန်ကြီး၏ သဝဏ်လွှာတွင် ညီနောင်တိုင်းရင်းသား တော်လှန်ရေးအဖွဲ့များမှ တာဝန်ရှိသူများကို ကျေးဇူးတင်ကြောင်း ဖော်ပြခဲ့သည်။

စစ်တိုင်းဖွဲ့စည်းပေါ်ပေါက်ရေး ကော်မတီဝင်များ၊ သင်တန်းဆင်းတပ်မတော်သားများ အားလုံးကို ကာကွယ်ရေးဝန်ကြီးဌာနအနေဖြင့် အထူးကျေးဇူးတင်ရှိသည် ဟု ဝန်ကြီးဦးရည်မွန်က ပြောသည်။

တရားမဝင် အာဏာသိမ်း စစ်အုပ်စု၏ လူမဆန်သော အကြမ်းဖက်ညှင်းပန်း နှိပ်စက်သတ်ဖြတ်မှုများကြောင့် မြန်မာပြည်သူများသည် “မိမိကိုယ်ကိုယ် ခုခံကာကွယ်ပိုင်ခွင့်” ကို ဥပဒေနှင့်အညီ ကျင့်သုံးလာရကြောင်း၊ အမျိုးသား ညီညွတ်ရေး အစိုးရသည် မိမိပြည်သူများကို ကာကွယ်စောင့်ရှောက်ရန် တာဝန်ရှိသော တရားဝင် ပြည်သူ့အစိုးရဖြစ်သည့် အားလျော်စွာ နိုင်ငံအနှံ့ ပေါ်ပေါက်နေသော လူငယ်အစုအဖွဲ့များ၏ ခုခံစစ် လှုပ်ရှာမှုများကို စနစ်တကျ တစ်စုတစ်စည်းတည်း ဖြစ်စေရန် ရည်ရွယ်၍ “ပြည်သူ့ကာကွယ်ရေး တပ်မတော်” (PDF) ကို ထူထောင်လျက်ရှိကြောင်း ဝန်ကြီး၏ သဝဏ်လွှာတွင်ပါရှိသည်။

Public Service Announcement

Public Service Announcement

ပြည်သူ့ကာကွယ်ရေးတပ်မတော်အား “ဖက်ဒရယ်ပြည်ထောင်စု တပ်မတော်” ၏ ရှေ့ပြေး အမြုအတေ အဖြစ် ထူထောင်ခြင်း လည်းဖြစ်ကြောင်း ၎င်းကဆိုသည်။

တိုင်းရင်းသား ပြည်သူအားလုံး၏ နိုင်ငံရေးဆိုင်ရာမျှော်မှန်းချက်မှာ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင် တိုက်ဖျက်လျက် အနာဂတ်နိုင်ငံတော်ကို စစ်မှန်သော ဖယ်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုအဖြစ် တည်ဆောက်သွားရန်ဖြစ်ကြောင်း၊
ပြည်သူ့ကာကွယ်ရေးတပ်မတော်သား အားလုံးအနေဖြင့် စစ်ကျွန်ဘဝမှ မြန်မာပြည်သူတစ်ရပ်လုံးကို လွတ်မြောက်စေလျက် ငြိမ်းချမ်းသာယာဝပြောသော ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုကို တည်ဆောက်နိုင်သည်အထိ ညီနောင်တိုင်းရင်းသား တော်လှန်ရေး အင်အားစုများနှင့် အတူလက်တွဲ ကြိုးပမ်း ကြရန် တိုက်တွန်းကြောင်း ဝန်ကြီး ဦးရည်မွန်က ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်မှုထမ်းအတွက်ဖမ်းဆီးထားသူ​တွေကိုမန္တလေးမြို့၊နန်းတွင်းထဲကနေ ပုသိမ်ကြီးမြို့နယ်၊တပ်မ(၃၃)လက်အောက်ခံစစ်မှုထမ်းသင်တန်း ကျောင်းကိုယ​နေ့ ပို့စဥ်လူငယ်တဦး ကကားပေါ်မှ ခုန်ချထွက်​ပြေးသွားပြီးစစ်တပ်ကလိုက်လံရှာဖွေနေတယ်လို့ ဒေသခံ တွေက ပြောပါတယ်။

သတင်း

ရခိုင်ပြည်နယ်၊ စစ်တွေမြို့မှာ အာရက္ခတပ်တော်(AA)ရဲ့ မြေပြင်ထိုးစစ်တွေနဲ့ ရင်ဆိုင်နေရချိန် ရှေ့တန်းတပ်ရင်းတွေနဲ့ တပ်စခန်းတွေကို အာဏာသိမ်းစစ်တပ်က အင်အားရာချီထပ်ဖြည့်နေသလို ဒေသခံရိုဟင်ဂျာတွေ ဖမ်းဆီးပြီး စစ်သင်တန်းပေးနေတယ်လို့ သတင်းရရှိပါတယ်။

သတင်း

အိန္ဒိယရေပိုင်နက်ထဲကိုတရားမဝင်ဝင်ရောက်တယ်ဆိုပြီး ဖမ်းဆီးခံရတဲ့ မြန်မာရေလုပ်သား ၂၆ ဦးကို အိန္ဒိယက မြန်မာနိုင်ငံပြန်ပို့လိုက်တာမှာ စစ်တပ်က အိမ်သို့ပြန်မပို့ပဲ စစ်သင်တန်းကျောင်းကို တန်းပို့လိုက်တယ်လို့ စစ်တပ်နဲ့နီးစပ်တဲ့ သတင်းရင်းမြစ်​တွေက​ပြောပါတယ်။

သတင်း

စစ်ဘေးရှောင်ကိုရင်တစ်ပါး စစ်မှုထမ်းအဆွဲခံရတဲ့ကိစ္စကို ဝေဖန်နေကြတာကြောင့် ငြိမ်းချမ်းရေးဆရာတော်က ဇွန် ၂၈ ရက်မှာ Tik tok ကနေထပ်ရှင်းပြပါတယ်။