Connect with us

Hi, what are you looking for?

LuduNwayOo

News

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းတိုင်း စစ်ဌာနချုပ်၏ အပတ်စဉ် (၅)စစ်သင်တန်း ဆင်းပွဲပြုလုပ်

စစ်တိုင်းဖွဲ့စည်းပေါ်ပေါက်ရေး ကော်မတီဝင်များ၊ သင်တန်းဆင်းတပ်မတော်သားများ အားလုံးကို ကာကွယ်ရေးဝန်ကြီးဌာနအနေဖြင့် အထူးကျေးဇူးတင်ရှိသည် ဟု ဝန်ကြီးဦးရည်မွန်က ပြောသည်။

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းတိုင်း စစ်ဌာနချုပ် စစ်သင်တန်း အပတ်စဉ် (၅) ကို
အောင်မြင်စွာပြုလုပ်ရာ အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေး၀န်ကြီးဌာန၊ ပြည်ထောင်စု၀န်ကြီး ဦးရည်မွန် က သ၀ဏ်လွှာပေးပို့ခဲ့ဟု အဆိုပါဝန်ကြီးဌာနက ယနေ့ သတင်းထုတ်ပြန်သည်။

အဆိုပါ စစ်သင်တန်းဆင်းပွဲကို မည်သည့်နေရာ မည်သည့်နေ့ရက်တွင် ပြုလုပ်သည်ကို ဖော်ပြမထားသော်လည်း ဝန်ကြီး၏ သဝဏ်လွှာတွင် ညီနောင်တိုင်းရင်းသား တော်လှန်ရေးအဖွဲ့များမှ တာဝန်ရှိသူများကို ကျေးဇူးတင်ကြောင်း ဖော်ပြခဲ့သည်။

စစ်တိုင်းဖွဲ့စည်းပေါ်ပေါက်ရေး ကော်မတီဝင်များ၊ သင်တန်းဆင်းတပ်မတော်သားများ အားလုံးကို ကာကွယ်ရေးဝန်ကြီးဌာနအနေဖြင့် အထူးကျေးဇူးတင်ရှိသည် ဟု ဝန်ကြီးဦးရည်မွန်က ပြောသည်။

တရားမဝင် အာဏာသိမ်း စစ်အုပ်စု၏ လူမဆန်သော အကြမ်းဖက်ညှင်းပန်း နှိပ်စက်သတ်ဖြတ်မှုများကြောင့် မြန်မာပြည်သူများသည် “မိမိကိုယ်ကိုယ် ခုခံကာကွယ်ပိုင်ခွင့်” ကို ဥပဒေနှင့်အညီ ကျင့်သုံးလာရကြောင်း၊ အမျိုးသား ညီညွတ်ရေး အစိုးရသည် မိမိပြည်သူများကို ကာကွယ်စောင့်ရှောက်ရန် တာဝန်ရှိသော တရားဝင် ပြည်သူ့အစိုးရဖြစ်သည့် အားလျော်စွာ နိုင်ငံအနှံ့ ပေါ်ပေါက်နေသော လူငယ်အစုအဖွဲ့များ၏ ခုခံစစ် လှုပ်ရှာမှုများကို စနစ်တကျ တစ်စုတစ်စည်းတည်း ဖြစ်စေရန် ရည်ရွယ်၍ “ပြည်သူ့ကာကွယ်ရေး တပ်မတော်” (PDF) ကို ထူထောင်လျက်ရှိကြောင်း ဝန်ကြီး၏ သဝဏ်လွှာတွင်ပါရှိသည်။

Public Service Announcement

Public Service Announcement

ပြည်သူ့ကာကွယ်ရေးတပ်မတော်အား “ဖက်ဒရယ်ပြည်ထောင်စု တပ်မတော်” ၏ ရှေ့ပြေး အမြုအတေ အဖြစ် ထူထောင်ခြင်း လည်းဖြစ်ကြောင်း ၎င်းကဆိုသည်။

တိုင်းရင်းသား ပြည်သူအားလုံး၏ နိုင်ငံရေးဆိုင်ရာမျှော်မှန်းချက်မှာ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင် တိုက်ဖျက်လျက် အနာဂတ်နိုင်ငံတော်ကို စစ်မှန်သော ဖယ်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုအဖြစ် တည်ဆောက်သွားရန်ဖြစ်ကြောင်း၊
ပြည်သူ့ကာကွယ်ရေးတပ်မတော်သား အားလုံးအနေဖြင့် စစ်ကျွန်ဘဝမှ မြန်မာပြည်သူတစ်ရပ်လုံးကို လွတ်မြောက်စေလျက် ငြိမ်းချမ်းသာယာဝပြောသော ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုကို တည်ဆောက်နိုင်သည်အထိ ညီနောင်တိုင်းရင်းသား တော်လှန်ရေး အင်အားစုများနှင့် အတူလက်တွဲ ကြိုးပမ်း ကြရန် တိုက်တွန်းကြောင်း ဝန်ကြီး ဦးရည်မွန်က ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

နွေဦးတော်လှန်ရေးအဆုံးသတ်အောင်ပွဲအတွက် တပ်သားသစ်များအား ရန်ကုန်တိုင်းစစ်ဌာနမှ နွေးထွေးစွာကြိုဆို​ကြောင်းဖေဖော်ဝါရီ ၁၂ ရက်က ကြေညာခဲ့ခြင်း ဖြစ်ပြီးအသက်(၁၈)နှစ်မှ (၃၅)နှစ်အတွင်းဖြစ်ပြီး ကျန်းမာရေး (အထူး) ကောင်းမွန်သူဖြစ်ရမည်ဟု သတ်မှတ်ထားသည်။

သတင်း

အုတ်ဖိုမြို့နယ်အတွင်း စစ်ကောင်စီထောက်တိုင်များအား စစ်ရေးပစ်မှတ်အဖြစ် သတ်မှတ်၍ တပ်ခွဲ-၄ မှ အရေးယူဆောင်ရွက်လျှက်ရှိရာ အောက်တိုဘာ ၂ရက်က ထန်းပင်ကုန်းအုပ်စု၊ ကြယ်နီကုန်းရွာမှ စစ်ကောင်စီခန့်ရာအိမ်မှူးတစ်ဦး ပစ်ခတ်ရှင်းလင်းခံခဲ့ရသေးသည်။

သတင်း

အဆိုပါစစ်ဆင်ရေးတွင် တော်လှန်ရေးရဲဘော်များမှာ အထိအခိုက်မရှိ အောင်မြင်စွာ ဆောင် ရွက်နိုင်ခဲ့ပြီး ပြည်သူများအနေဖြင့် စစ်ကောင်စီတပ်ဖွဲ့များ၊ ၎င်းတို့၏ထောက်တိုင် ပျူစောထီးများနှင့် ဝေးဝေးနေထိုင်သွားလာကြရန် တော်လှန်ရေးအင်အားစုများကသတိ ပေးချက် ထုတ်ပြန်ထားသည်။

သတင်း

ပြီးခဲ့သည့် ဧပြီ ၁၆ ရက်ကလည်း မကွေးတိုင်း၊ဆိပ်ဖြူမြို့နယ်၊ ကန်စွန်းမရာရှိ စစ်ကောင်စီတပ် ကာကွယ်ရေးပစ္စည်းထုတ်စက်ရုံ အမှတ်(၂၁)ကိုဒေသခံကာကွယ်ရေးတပ်များက ​ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သေးသည်။