Connect with us

Hi, what are you looking for?

သတင်း

ကိုရင်အား ပေါ်တာဆွဲ စစ်သင်တန်းတက်ခိုင်းတဲ့ဖြစ်စဥ်ကို ငြိမ်းချမ်းရေးဆရာတော် ထပ်မံရှင်းလင်း

စစ်ဘေးရှောင်ကိုရင်တစ်ပါး စစ်မှုထမ်းအဆွဲခံရတဲ့ကိစ္စကို ဝေဖန်နေကြတာကြောင့် ငြိမ်းချမ်းရေးဆရာတော်က ဇွန် ၂၈ ရက်မှာ Tik tok ကနေထပ်ရှင်းပြပါတယ်။

ဇွန် ၂၉၊၂၀၂၆။ ဇေအောင်/People’s Spring

စစ်ဘေးရှောင်ကိုရင်တစ်ပါး စစ်မှုထမ်းအဆွဲခံရတဲ့ကိစ္စကို ဝေဖန်နေကြတာကြောင့် ငြိမ်းချမ်းရေးဆရာတော်က ဇွန် ၂၈ ရက်မှာ Tik tok ကနေထပ်ရှင်းပြပါတယ်။

စစ်ရှောင်ရင်း ရန်ကုန်မြို့မှာ ရောက်ရှိနေတဲ့ ကိုရင်တစ်ပါး ပေါ်တာဆွဲခံလိုက်ရတဲ့ဖြစ်စဥ်ကို ငြိမ်းချမ်းရေးဆရာတော်က ဇွန် ၂၆ ရက်မှာ သူ့လူမှုကွန်ရက် Tiktok စာမျက်နှာကနေ တင်ခဲ့ပါတယ်။ အဲဒီဖြစ်စဥ်ကို သတင်းဌာန​တွေကသတင်း​ဖော်ပြတာ​ကြောင့် လူသိများလာပါတယ်။

အဲဒီ​​နောက် စစ်တပ်​ကိုထောက်ခံပြီး စစ်တပ်အတွက်ဝါဒဖြန့်​ပေး​နေတဲ့ ပေါက်ကိုယ်တော်က သာသနာ့ဝန်ထမ်း သံဃာတစ်ပါး ပေါ်တာအဆွဲခံလိုက်ရတဲ့အပေါ် မဖြစ်နိုင်ဘူးလို့ တစ်​တော့မှာ ရုပ်သံဖိုင်တင်ပြီး ဇွန် ၂၈ ရက်မှာ ဝေဖန်ခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

“သင်္ကန်းဝတ်ကြီးနဲ့ မဆွဲတာတော့ သေချာတယ်။”လို့ ပျူ​စောထီး​ခေါင်း​ဆောင်လည်းဖြစ်တဲ့ ပေါက်ကိုယ်တော်က ပြောပါတယ်။

ဒါ့ကြောင့် ပေါက်ကိုယ်တော်ရဲ့ဝေဖန်မှုကို ငြိမ်းချမ်းရေးဆရာတော်က ​ပေါက်ကိုယ်​တော်လို့အမည်မတပ်​ပေမယ့် ထပ်မံရှင်းလင်းခဲ့တာပါ။

ပေါ်တာဆွဲခံလိုက်ရတဲ့ ကိုရင်ကြီးဟာ အသက် ၂၀ ရှိပြီဖြစ်ပြီး မကွေးတိုင်း၊ မြိုင်မြို့နယ်ကနေ စစ်ရှောင်ရင်း ရန်ကုန်မြို့ အလိုတော်ရကျောင်းတိုက်မှာ ကိုရင်ဝတ်နေတာဖြစ်ကြောင်း၊ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၆ရက်က ဗဟန်းမြို့နယ်မှာ ပေါ်တာဆွဲ ဖမ်းဆီးခံလိုက်ရတာဖြစ်ကြောင်း ငြိမ်းချမ်းရေးဆရာတော်က ကိုရင်ရဲ့ အမ ၂ ဦးကို ထပ်မံ​​မေးမြန်း အတည်ပြုရင် ​ပြောခိုင်းပါတယ်။

” ကိုရင်ဝတ်နဲ့ပါသွားတာ။ သာသနာဝင်မှတ်တမ်းတွေလည်းရှိတယ်။ ကိုရင် စာမေးပွဲဖြေခဲ့တာတွေလည်း ရှိတယ်။….ပစ္စည်းတစ်ခုလိုလို့ စာမေးပွဲနားနီးအသွားမှာ ကိုရင်ဝတ်နဲ့ ခေါ်သွားတာ။ ရဟန်းခံခါနီး ဆဲဆဲ။ အသက်ကတော့ ၂၀ ပြည့်နေပြီ။ ကျော်တောင်ကျော်နေပြီ။ ခေတ်အခြေအနေရကြောင့်မို့လို့ ကိုဗစ်နဲ့ စစ်ရှောင်နေရတာနဲ့ တိုင်းပြည်ငြိမ်းချမ်းမှု မရှိသေးလို့ ရဟန်းမခံရသေးတာ။”လို့ ငြိမ်းချမ်းရေးဆရာတော်က ပြောပါတယ်။

အဲဒီနောက် မေလ ၃၀ ရက်မှာ ကိုရင်ရဲ့အမတွေက ဆရာတော်ကို လာရောက်လျှောက်ထားရာကနေ တပ်ထဲရောက်နေတဲ့ကိုရင်နဲ့ အဆက်အသွယ်ပြန်ရသွားခဲ့တယ်လို့ သိရပါတယ်။

အဲဒီကိုရင်ဟာ စစ်တပ်ရဲ့ စစ်မှုထမ်းအမှတ်စဥ် ၂၂ မှာ စစ်သင်တန်းတက်​နေရ​ကြောင်း မိသားစု​ဝင်​တွေနဲ့ ငြိမ်းချမ်း​ရေးဆရာ​တော်တို့က​ပြောထားကြပါတယ် ။ ငြိမ်းချမ်း​ရေးဆရာ​တော်က ထပ်မံရှင်းလင်းတဲ့ရုပ်သံမှတ်တမ်းမှာ အခုဖြစ်စဥ်ကို မီဒီယာ​တွေက သတင်း​ဖော်ပြတဲ့အ​ပေါ်မှာလည်း ​ဝေဖန်ပစ်တင်ခဲ့တာ​တွေ့ရပါတယ် ။

ပေါက်ကိုယ်တော်က​တော့ ပေါ်တာဆွဲတာကို လက်ခံတဲ့အပြင် လိုအပ်ရင် ၎င်းတို့ကိုယ်တိုင် ပေါ်တာဆွဲပေးနိုင်ကြောင်းနဲ့ ဇာတ်ပွဲကြည့်သူတွေကို ပေါ်တာဆွဲဖို့ လှုံ့​ဆော်ခဲ့ဖူးပါတယ်။

ဒါပေမယ့် သူ့ရဲ့ဆွေမျိုးလူငယ်တစ်ဦး ပေါ်တာဆွဲခံလိုက်ရပြီး သာမန်စစ်မှုထမ်းမဟုတ်ဘဲ အမြဲတမ်းစစ်သားအဖြစ် ထည့်သွင်းခံလိုက်ရကြောင်း မမျှတတဲ့အကြောင်း စစ်ကောင်စီကို ပြောဆိုနေပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ပခုက္ကူခရိုင်အတွင်းမှာ အာဏာသိမ်းစစ်တပ်ရဲ့ ပေါ်တာဆွဲဖမ်းဆီးတဲ့အန္တရာယ်ကို ပြည်သူတွေ ပိုမိုသတိရှိကြဖို့ လက်ကမ်းစာစောင်တွေ ဖြန့်ဝေခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်-PDF က သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ ဒီကနေ့ ဩဂုတ် ၂ရက် ညနေပိုင်းက ကားဆီတန်းပြန်လာတဲ့ လူငယ် အပါအဝင် ၁၃ ဦးထက်မနည်းကို စစ်တပ်က ရိုက်နှက်ပေါ်တာဆွဲသွားကြောင်း ဒေသခံတွေက ပြောပါတယ်။

ဆောင်းပါး

Tiktok လူမှုကွန်ရက်မှာ အမျိုးသမီးကြီးတစ်ဦးဟာ ဓါတ်ပုံလေးတွေကိုင်ပြီး ငိုကြွေးနေတဲ့ရုပ်သံတွေ တက်လာခဲ့ပါတယ်။ အဆိုပါအမျိုးသမီးကြီးဟာ ဒလမြို့နယ်ကဖြစ်ပြီး ၎င်းရဲ့သားနဲ့သမက်အပါအဝင် ယောကျာ်းလေး ၄ ဦး ပျောက်ဆုံးသွားတဲ့အတွက် Tiktok ကနေ အကူအညီတောင်းခံနေတာပါ။

သတင်း

အိန္ဒိယရေပိုင်နက်ထဲကိုတရားမဝင်ဝင်ရောက်တယ်ဆိုပြီး ဖမ်းဆီးခံရတဲ့ မြန်မာရေလုပ်သား ၂၆ ဦးကို အိန္ဒိယက မြန်မာနိုင်ငံပြန်ပို့လိုက်တာမှာ စစ်တပ်က အိမ်သို့ပြန်မပို့ပဲ စစ်သင်တန်းကျောင်းကို တန်းပို့လိုက်တယ်လို့ စစ်တပ်နဲ့နီးစပ်တဲ့ သတင်းရင်းမြစ်​တွေက​ပြောပါတယ်။