Connect with us

Hi, what are you looking for?

News

ပင်လည်ဘူးမြို့နယ်ရှိ Non-CDM ဝန်ထမ်းများ ဖေဖော်ဝါရီ ၁၀ရက် နောက်ဆုံးထားထွက်ခွာကြရန် မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ သတိ​ပေး

ပင်လည်ဘူးမြို့သည် စစ်ကိုင်းတိုင်း ကသာခရိုင် ကောလင်းနယ်အတွင်းတည်ရှိကာ မူးမြစ်ကမ်းပေါ်တွင်တည်ရှိသည့် မြို့တစ်မြို့ဖြစ်သည်။

People's Spring
People's Spring

စစ်ကိုင်းတိုင်း ပင်လည်ဘူးမြို့နယ်အတွင်းရှိ အကြမ်းဖက်စစ်ကောင်စီလက်အောက်မှ Non-CDM ဝန်ထမ်းအနေဖြင့် ဖေဖော်ဝါရီ ၁၀ ရက်နောက်ဆုံးထားပြီး ဌာနအသီးသီးမှ ထွက်ခွာကြရန် ပင်လယ်ဘူးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က သတိပေးချက် ထုတ်ပြန်လိုက်သည်။

မြို့နယ်တွင်း ရုံးဌာနအသီးသီးမှ အမှုထမ်း၊ အရာထမ်းများအားလုံးသည် မိမိတို့ရုံးဌာနများ၊ နေအိမ်(လိုင်းခန်း)များမှ ရရာနည်းလမ်းဖြင့် ထွက်ခွာကြရန် သတိပေးကြေညာချက်တွင် ဖော်ပြသည်။

ထို့အပြင် ဌာနအသီးသီးမှ ဝန်ထမ်းများအနေဖြင့် ရာထူးမှနှုတ်ထွက်ခြင်း၊ CDM ပြုလုပ်ခြင်းစသည်တို့ကို ပြုလုပ်ကြရမည်ဟု ထုတ်ပြန်ချက်က ဆို သည်။

“လိုက်နာခြင်းမရှိပါက မိမိတို့ပင်လည်ဘူးမြို့ နယ် ပြည်သူ့အုပ်ချုပ်ရေးမှ သင်တို့ကိုယ်တိုင်သာမက သင်တို့၏ပိုင်ဆိုင်မှုနှင့် မိသားစုများ၏လုံခြုံရေးကို အာမခံချက်မပေးနိုင်တော့ကြောင်း ရှင်းလင်းစွာဖြင့် အသိပေးလိုက်သည်”ဟု ထုတ်​ပြန်ချက်တွင် ဖော်ပြ သည်။

Public Service Announcement

Public Service Announcement

ပြည်သူ့အာဏာသည် ပြည်သူထံမှဆင်းသက်ပြီး နိုင်ငံတစ်ဝှမ်းလုံး၌ အာတည်သည်ဟု ယုံကြည်လက်ခံပြီး မင်းအောင်လှိုင်ဦးဆောင်သော အာဏာရူးတသိုက်ကို ပြည်သူတစ်ရပ်လုံးနှင့်အတူ အရှိန်မြှင့်တော်လှန်တိုက်ခိုက်သွားမည်ဖြစ်ကြောင်း ပင်လယ်ဘူးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ထားသည်။

ပင်လည်ဘူးမြို့သည် စစ်ကိုင်းတိုင်း ကသာခရိုင် ကောလင်းနယ်အတွင်းတည်ရှိကာ မူးမြစ်ကမ်းပေါ်တွင်တည်ရှိသည့် မြို့တစ်မြို့ဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

တော်လှန်ရေးစိုးမိုးနယ်မြေအတွင်း လောင်းကစားဝိုင်းတွေ ချက်ချင်းရပ်တန့်ကြဖို့နဲ့ ဆက်လက်လုပ်ဆောင်ပါက ဖမ်းဆီးအရေးယူမယ့်အပြင် အသက် (၁၈) နှစ်မှ (၃၀) နှစ်ကြား လူငယ်တွေကို စစ်သင်တန်းပေးကာ တော်လှန်ရေးရဲဘော်အဖြစ် တာဝန်ပေးအပ်သွားမှာဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ပခုက္ကူခရိုင် တပ်ရင်း(၁၅)နဲ့ ယင်းမာပင်ခရိုင် အမှတ်(၁၁)တပ်ရင်းတို့က ပူးတွဲသတိပေး ထုတ်ပြန်ပါတယ်။

သတင်း

တတက(၁၃)ကျောင်းအုပ်ကြီးနဲ့အမှတ်(၄)လေကြောင်းချီတပ်မဟာကွပ်ကဲမှုဌာနချုပ် ဗိုလ်မှူးချုပ် ၂ဦး ဒဏ်ရာရ

သတင်း

ကချင်လွတ်လပ်ရေးအဖွဲ့(KIO) ရဲ့ လူဝင်မှုကြီးကြပ်ရေးသင်တန်းကျောင်းဆင်းပွဲကို ဌာနချုပ် လိုင်ဇာမြို့မှာ မနေ့က ကျင်းပခဲ့တယ်လို့ ကချင်သတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

စစ်သား ၁၄ ဦး အညံ့ခံ၊ လက်နက်ခဲယမ်းတွေသိမ်းရ၊စစ်ရာဇဝတ်မှုကျူးလွန်သူတွေကိုစစ်ဥပ​ဒေနဲ့အ​ရေးယူမည်