Connect with us

Hi, what are you looking for?

News

စစ်​ကောင်စီ​၏စစ်တိုင်းမှူးအပါအဝင် တပ်အရာရှိအချို့ ကိုဗစ်​ရောဂါဖြစ်ပွား

“စစ်ဆင်ရေး ဂျီဝမ်းက မန္တလေးမှာ သင်တန်းသွား တာ အဲဒီကနေ ပြန်လာတဲ့အခါ ကူးလာတာထင်တယ်။ တိုင်းအစည်းအဝေး ပြန်လုပ်တဲ့အခါ အားလုံး ကူးလားမကူးလာတော့မသိဘူး အခု သူတို့ ကွာရန်တင်းဝင်နေတယ်လို့ပြောတယ်” ဟု ၎င်းက ဆိုသည်။

ကချင်ပြည်နယ် အခြေစိုက် မြောက်ပိုင်းတိုင်းစစ်ဌာန ချုပ်မှ တိုင်းမှူး ဗိုလ်မှူးချုပ် မြတ်သက်ဦးအပါအဝင် စစ်ကောင်စီတပ်အရာရှိများ COVID-19 ကပ်ရောဂါ ကူးစက်ခံနေရပြီး သေဆုံးသူရှိမရှိ စုံစမ်းနေဆဲဖြစ်သည်။

စစ်ကောင်စီတိုင်းမှူး၊ ၎င်း၏ ကိုယ်ရေးအရာရှိ၊ စစ်ဆင် ရေး ဂျီဝမ်း အပါအဝင် စစ်ကောင်စီ အရာရှိများ ကိုဗစ်ရောဂါကူးစက်ခံနေရပြီး တိုင်းမှူးကို တိုင်းစစ်ဌာနချုပ်ရှိ မလိခ ရိပ်သာ၌ ကုသလျက်ရှိကြောင်း ရောဂါကူးစပ်ခံရသူများနှင့်နီးစပ်သူ တစ်ဦးကို ကိုးကားပြီး ကချင်အခြေစိုက်သတင်းဌာန The 74 Media က ယမန်နေ့ညတွင် သတင်းဖော်ပြသည်။

စစ်ကောင်စီအရာရှိ အချို့နှင့်နီးစပ်သူတစ်ဦးကလည်း ဒုဗိုလ်မှူးကြီး တစ်ဦး မန္တလေးမှ ပြန်အလာတွင် ရောဂါကူးစက်ခံရခြင်းမှ အစပြုသည်ဟုယူဆကြောင်း ပြောသည်။

“စစ်ဆင်ရေး ဂျီဝမ်းက မန္တလေးမှာ သင်တန်းသွား တာ အဲဒီကနေ ပြန်လာတဲ့အခါ ကူးလာတာထင်တယ်။ တိုင်းအစည်းအဝေး ပြန်လုပ်တဲ့အခါ အားလုံး ကူးလားမကူးလာတော့မသိဘူး အခု သူတို့ ကွာရန်တင်းဝင်နေတယ်လို့ပြောတယ်” ဟု ၎င်းက ဆိုသည်။

Public Service Announcement

Public Service Announcement

ဖြစ်ပွားသည်မှာ တစ်ပတ်ခန့်ကြာပြီဖြစ်ပြီး သေဆုံးသူရှိမရှိ မသိရသေးကြောင်း အဆိုပါ ပုဂ္ဂိုလ်က ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

အာဏာသိမ်းစစ်တပ်လက်​အောက်ခံ အသင်းအဖွဲ့များမှလုပ်ငန်းရှင်များက အ​မေရီကန်နိုင်ငံမှ ပဲပုပ်ဖတ်တင်သွင်းရန်စီစဥ်ခြင်းမှာ စီးပွား​ရေးထက် အ​မေရီကန်အစိုးရရဲ့အာရုံစူးစိုက်မှုရ​အောင်စစ်အုပ်စုရဲ့ကြိုးပမ်းမှုဖြစ်တယ်လို့လုပ်ငန်းရှင်​တွေကသုံးသပ်ကြပါတယ် ။

သတင်း

စစ်​ကောင်စီကအလယ်ပိုင်းတိုင်းစစ်ဌာနချုပ်(လပခ)တိုင်းမှူးဗိုလ်ချုပ် အောင်ခိုင်ဝင်းကို တိုင်းမှူးရာထူးပေးပြီး တစ်လခန့်တွင် ထပ်မံထုတ်ပယ်လိုက်ပြီး ဗိုလ်ချုပ်ကျော်ကိုထိုက်ကို တိုင်းမှူးအသစ်အဖြစ်ခန့်အပ်လိုက်ပြန်သည်။

သတင်း

မူဆယ်မြို့ခံပြည်သူများ အန္တရာယ်ကင်းရေးနှင့် မြို့မထိခိုက်စေရေးအတွက် စစ်ကောင်စီတပ်လက်နက်ချအလင်းဝင်ရန် တိုင်းမှူးဗိုလ်ချုပ်စိုးလှိုင်အား မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့က ဆက်သွယ်ကမ်းလှမ်းထားကြောင်း သတင်းရရှိသည်။

သတင်း

စီမံကိန်းအတွက် ​ငွေ​ကြေးများကိုတရုတ်ဘက်မှစိုက်ထုတ်မည်ဖြစ်ပြီး ထွက်ရှိ​သော ဓာတ်အားများ၏ ၉၀ ရာခိုင်နှုန်းကိုလည်း တရုတ်နိုင်ငံက ရယူမည်ဖြစ်သည်။