Connect with us

Hi, what are you looking for?

သတင်း

မူဆယ်မြို့မနာ​စေ​ရေး နှင့် ပြည်သူများမထိခိုက်​စေ​ရေးအတွက် စစ်တိုင်းမှူးကိုအလင်းဝင်ရန် ညီ​နောင်မဟာမိတ်သုံးဖွဲ့ သတိပေးကမ်းလှမ်း

မူဆယ်မြို့ခံပြည်သူများ အန္တရာယ်ကင်းရေးနှင့် မြို့မထိခိုက်စေရေးအတွက် စစ်ကောင်စီတပ်လက်နက်ချအလင်းဝင်ရန် တိုင်းမှူးဗိုလ်ချုပ်စိုးလှိုင်အား မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့က ဆက်သွယ်ကမ်းလှမ်းထားကြောင်း သတင်းရရှိသည်။

မူဆယ်မြို့ကိုအ​ပေါ်စီးမှ​တွေ့ရစဥ်။ ဓါတ်ပုံ-CJ

ယောနသံ/People’s Spring

မူဆယ်မြို့ခံပြည်သူများ အန္တရာယ်ကင်းရေးနှင့် မြို့မထိခိုက်စေရေးအတွက် စစ်ကောင်စီတပ်လက်နက်ချအလင်းဝင်ရန် တိုင်းမှူးဗိုလ်ချုပ်စိုးလှိုင်အား မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့က ဆက်သွယ်ကမ်းလှမ်းထားကြောင်း သတင်းရရှိသည်။

လားရှိုးမြို့၊အရှေ့မြောက်တိုင်းစစ်ဌာနချုပ်(ရမခ)ကို MNDAA က သိမ်းယူပြီးနောက် မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့သည် မူဆယ်ကို ထပ်မံသိမ်းယူရန် သတင်းများထွက်ပေါ်နေသည်။

Public Service Announcement

Public Service Announcement

“မဟာမိတ်ဘက်က ဖုန်းဆက်ပြီး ဖိအားပေးနေတယ်ဗျ။ မြို့မထိခိုက်ရေးအတွက် လုပ်သင့်တာ လုပ်ပါပေါ့။ တိုင်းမှူးကို တိုက်ရိုက်ဆက်ပြီး ပြောတာပါ” ဟု စစ်ကောင်စီနှင့်နီးစပ်သည့် မူဆယ်မြို့ခံတဦးကပြောသည်။

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ၁၀၂၇ စစ်ဆင်ရေးပထမပိုင်းနှင့် လက်ရှိ တိုက်ခိုက်နေဆဲ ၁၀၂၇ စစ်ဆင်ရေးဒုတိယပိုင်းတွင် လားရှိုးမြို့၊ ကွတ်ခိုင်မြို့၊ တာမိုးညဲမြို့၊ နမ့်ခမ်းမြို့၊ နမ့်ဖက်ကာမြို့၊ သိန္နီမြို့၊ ကွမ်လုံမြို့၊ချင်းရွှေဟော်မြို့၊လောက်ကိုင်မြို့၊ ကုန်ကြမ်းမြို့၊ နမ့်ဆန်မြို့၊ နမ္မတူမြို့၊ မိုးမိတ်မြို့၊ မိုးကိုးမြို့၊မော်ထိုက်မြို့၊မိုင်းလုံမြို့၊ မိုင်းငေါ့မြို့၊ပန်လုံမြို့၊ ဖောင်ဆိုင်မြို့၊ပန်ဆိုင်းမြို့နောင်ချိုမြို့တို့ကို မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့က ထိန်းချုပ်ထားသည်။

“ထပ်သိမ်းဖို့က မူဆယ်၊ သီပေါ၊ နမ့်လန်ပဲကျန်တော့တယ်။ မူဆယ်ကတော့ တရုတ်နဲ့နယ်စပ်မို့ သေချာလေး ကိုင်တွယ်နေပုံရတယ်။ သိမ်းတာကသိမ်းမှာပဲ” ဟု တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်လွတ်မြောက်ရေးတပ်မတော်(TNLA)နှင့် နီးစပ်သူတစ်ဦးကပြောသည်။

ရမခကို မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် MNDAA ကယမန်နေ့(ဩဂုတ်လ ၃ရက်) နံနက်က သိမ်းယူခဲ့သည်။ရမခမကျမီ တိုက်ပွဲပြင်းထန်နေသည့် ဇူလိုက်လ အတွင်းကလည်း ရမခတိုင်းမှူး ဗိုလ်ချုပ်စိုးတင့်ကို ရာထူးမှ ထုတ်ပယ်ပြီး မူဆယ်ခြေစိုက် တပ်မ ၉၉ တပ်မမှူး ဗိုလ်ချုပ် စိုးလှိုင်ကို အစားထိုးခန့်အပ်ခဲ့သည်။ တိုင်းမှူးဟောင်းဗိုလ်ချုပ်စိုးတင့်သည် ရာထူးမှထုတ်ပယ်ခံလိုက်ရသော်လည်း ရမခတွင် အချုပ်ခံထားရပြီး​နောက် MNDAAက အရှင်ဖမ်းမိထားသည်။ ဗိုလ်ချုပ် စိုးလှိုင်သည် မူဆယ်၌ပင် ဆက်လက်ရှိနေသည်။

ယခုအခါ မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့က ဗိုလ်ချုပ် စိုးလှိုင်အနေဖြင့် မှန်ကန်သည့်ဆုံးဖြတ်ချက်ချရန် ဖိအား ပေးနေသည်။

စစ်ကောင်စီတပ်သားများနှင့် ရဲများ အမြင်မှန်ရပါက အနာဂတ်ရှိမည်ဖြစ်ပြီး စစ်အာဏာရှင်ခိုင်းသမျှ လုပ်ဆောင်နေပါက ဘ၀၊ အသက်ပျက်စီးမှုနှင့်လမ်းဆုံးလိမ့်မည်ဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ကာကွယ်ရေးဝန်ကြီးဌာနက ယမန်နေ့က ထုတ်ပြန်သတိပေးထားသည်။

မူဆယ်မြို့သည် တရုတ်နိုင်ငံနှင့်အကြီးဆုံးနယ်စပ်ကုန်သွယ်ရေးမြို့ဖြစ်ပြီး မူဆယ်ရှိ ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်ကိုလည်း ၁၀၂၇စစ်ဆင်ရေးပထမပိုင်းတွင် အာရက္ခတပ်တော်(AA) နှင့် တအာင်းတပ်မ​တော် (TNLA)တို့က တိုက်ခိုက်သိမ်းပိုက်ပြီး AAက ထိန်းချုပ်ထားသည်။ မူဆယ်မြို့အနီး နမ့်ခမ်းမြို့နယ်ကိုလည်း TNLAက ထိန်းချုပ်ထားသည်။ မူဆယ်မြို့သည် ရှမ်းပြည်နယ်မြောက်ပိုင်းတရုတ်နိုင်ငံနှင့်နယ်စပ်မြို့များအနက် တစ်မြို့တည်းကွက်ကျန်​နေပြီး တော်လှန်ရေးအင်အားစုများကသိမ်းပိုက်ရန် ကျန်ရှိနေသော တစ်ခုတည်းသော မြို့ဖြစ်သည်။

မူဆယ်မြို့တွင် တပ်မ(၉၉)လက်အောက်ခံတပ်ရင်းများနှင့် အမှတ်(၁၇)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်လက်အောက်ခံ တက်ရင်းအချို့ရှိနေကြောင်း စစ်ရေးသတင်းရင်းမြစ်အချို့ကပြောသည်။ အင်အားနည်းနေသည့်စစ်ကောင်စီတပ်က ပြည်သူ့စစ်တပ်အဖွဲ့များ၏အကူအညီဖြင့် ခုခံစစ်ပြင်ဆင်ထားကြောင်းလည်း သတင်းရရှိသည်။

ဆက်စပ်သတင်းများ

သတင်း

ချင်းပြည်နယ်၊ တီးတိန်မြို့နယ်အခြေစိုက် ချင်းဒေသကာကွယ်ရေးတပ်(CDF)-စီးယင်း တပ်ဖွဲ့ထံအာဏာသိမ်းစစ်ကောင်စီတပ်က တပ်သား ၄ဦး လက်နက်နဲ့အတူ အလင်းဝင်လာကြောင်း CDF စီးယင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

ပဲခူးနဲ့ ဧရာဝတီတိုင်းမှာ ပေါ်တာဆွဲခံရတဲ့ ပခုက္ကူမြို့နယ်အခြေစိုက် ခလရ (၂၃၅) တပ်ရင်းက စစ်မှုထမ်းတပ်သား ၂ ဦးဟာ COBRA ONE Pakokku တပ်ဖွဲ့ထံ အလင်းဝင်ရောက်လာခဲ့တယ်လို့ အဲဒီတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်သားတွေကို မူးယစ်ဆေးရောင်းချပြီး ပျော်အောင်ထား လိုရာစေခိုင်းနေဟု အလင်းဝင်လာတဲ့ စစ်မှုထမ်းတပ်သား ဖွင့်ဟ

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်မဟာ(၄) တပ်ရင်း(၁၁)ထံ စစ်ကောင်စီ တပ်သား ၁ဦး အလင်းဝင်လာကြောင်း KNUက သတင်းထုတ်ပြန်ပါတယ်။