Connect with us

Hi, what are you looking for?

News

အပြစ်မဲ့ပြည်သူများသေဆုံးခဲ့ရသည့် ဒီပဲယင်းအရေး အမြန်ကူညီရန် NUG ပြည်ထောင်စုဝန်ကြီးချုပ် မှာကြား

ပြီးခဲ့သည့် ဇူလိုင် ၂ရက်က အာဏာသိမ်းစစ်ကောင်စီတပ်များ ဝင်ရောက်လာ၍ ဒီပဲယင်းမြို့နယ် ဆပ်ပြာ ကျင်းကျေးရွာဒေသခံများ ထွက်ပြေးတိမ်းရှောင်ခဲ့ရာ စစ်ကောင်စီက လက်နက်ကြီးဖြင့် ပစ်ခတ်၍ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)များက ပြန်လည်ခုခံခဲ့သည်။

အပြစ်မဲ့ပြည်သူများ သေဆုံးပြီး ပြည်သူထောင်နှင့်ချီ တိမ်းရှောင်နေရသည့် ဒီပဲယင်းမြို့နယ် အခြေအနေအတွက် ကူညီနိုင်သည့်ကိစ္စရပ်များကို အမြန်ဆုံးကူညီပံ့ပိုးပေးရန် အမျိုးသားညီညွတ်ရေး အစိုးရ(NUG) ပြည်ထောင်စု ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောကြားသည်။

အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ အစည်းအဝေးကို ဇူလိုင် ၆ရက်တွင် ကျင်းပခဲ့ရာ ဝန်ကြီးချုပ်က သက်ဆိုင်ရာဝန်ကြီးဌာနများကို အထက်ပါအတိုင်း မှာကြားခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံတွင် လူကြောင့် ဖြစ်သည့် ဘေးဒုက္ခ၊ ရောဂါကြောင့်ဖြစ်သည့် ဘေးဒုက္ခ ကြုံတွေ့နေရကြောင်း၊ စစ်တပ်အာဏာသိမ်းမှုကြောင့် နိုင်ငံရေး၊ လူမှုရေး၊ကျန်းမာရေး၊စီးပွားရေး အခက်အခဲပေါင်းစုံရင်ဆိုင်ကြုံတွေ့နေရကြောင်း ပြည်ထောင်စုဝန်ကြီးချုပ်က ပြောသည်။

“ကောင်းစွာ စောင့်ရှောက်မှု မပေးနိုင်သောကြောင့် ရောဂါဘေးကြုံရပြီး သေဆုံးကြရသူတွေနဲ့ စစ်အုပ်စုရဲ့အကြမ်းဖက် မှုကြောင့် သေဆုံးသွားရသော ဒီပဲယင်းမှ အပြစ်မဲ့ပြည်သူ ၄၀ ကျော် အတွက် အလွန်စိတ်မကောင်းဖြစ်ရပြီး၊ ထွက်ပြေးတိမ်းရှောင်နေရသော ပြည်သူ ၃၀၀၀ ကျော်အတွက်လည်း စိတ်ပူပန်မိကြောင်း၊ ဒီအခြေအနေတွေအတွက် သက်ဆိုင်ရာဝန်ကြီး ဌာနတွေက ကူညီနိုင်တာတွေကို အမြန်ဆုံး ကူညီပံ့ပိုးပေးကြဖို့ တိုက်တွန်းကြောင်း” ပြည်ထောင်စုဝန်ကြီးချုပ်က ပြောကြားခဲ့သည်ဟု NUG က ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

NUG အစည်းအဝေးတွင် ကာကွယ်ရေးဝန်ကြီးဌာနက တိုက်ပွဲဝင်မ ဟာဗျူဟာကို တင်ပြ ဆွေးနွေးခဲ့ကြောင်း၊ ကျန်းမာရေးဝန်ကြီးဌာနက အရေးပေါ် Covid 19 ကာကွယ်ထိန်းချုပ် ကုသရေးအမျိုးသားအဆင့် ဗဟိုကော်မတီဖွဲ့စည်းဆောင်ရွက်ရေးကိစ္စကို တင်ပြဆွေးနွေးခဲ့ကြောင်း သတင်းထုတ်ပြန်ခဲ့သည်။

ပြီးခဲ့သည့် ဇူလိုင် ၂ရက်က အာဏာသိမ်းစစ်ကောင်စီတပ်များ ဝင်ရောက်လာ၍ ဒီပဲယင်းမြို့နယ် ဆပ်ပြာ ကျင်းကျေးရွာဒေသခံများ ထွက်ပြေးတိမ်းရှောင်ခဲ့ရာ စစ်ကောင်စီက လက်နက်ကြီးဖြင့် ပစ်ခတ်၍ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)များက ပြန်လည်ခုခံခဲ့သည်။

သို့ရာတွင် လက်နက် အင်အားမမျှခြင်း၊ စစ်ကောင်စီက လက်နက်ကြီးဖြင့် အချက်ပေါင်းများစွာ ပစ်ခတ် တိုက်ခိုက်ခြင်း တို့ကြောင့် ဒေသခံ PDF ၂၆ဦးထက် မနည်း သေဆုံးခဲ့ပြီး ၅၀ကျော် ဒဏ်ရာရရှိခဲ့သည်။

PDF များသာမက အရပ်သား ပြည်သူများကိုပါ စစ်ကောင်စီလက်နက်ကိုင်များက ပစ်ခတ်သတ်ဖြတ် ခဲ့ကြောင်း ဒေသခံ အချို့က ပြောသည်။

PDF တပ်ဖွဲ့ဝင်များ သေဆုံးမှုများပြားခြင်းမှာ လက်နက်ကြီး ကျည်ဒဏ်ရာရ၍ ကျန်ခဲ့စဉ် ပုန်းအောင်းနေစဉ် စစ်ကောင်စီတပ်များတွေ့ရှိပြီး ပစ်သတ်ခဲ့ ခြင်းဖြစ်သည်ဟု ဒီပဲယင်းဒေသခံတစ်ဦးက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ တွင်းမ ပျူစောထီးကျေးရွာလာရောက်တဲ့ စစ်တပ် ရဟတ်ယာဉ်ကို ဒရုန်းနဲ့ တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့တဲ့ ပေါက်မြို့နယ် ပကဖ ဒရုန်းတပ်ဖွဲ့ ကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG) က ဂုဏ်ပြုငွေ ကျပ်သိန်း တစ်သောင်း နဲ့ ဂုဏ်ပြုလက်မှတ် ပေးအပ်ချီးမြှင့်ခဲ့ကြောင်း NUG က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ဂျပန်နိုင်ငံမှာ ပတ်စ်ပို့(နိုင်ငံကူးလက်မှတ်)သက်တမ်းမတိုးဘဲ ရပ်တည်နေတဲ့ မြန်မာနိုင်ငံသားတွေအတွက် လုပ်ငန်းခွင်အရည်အချင်းစစ် ဗီဇာ(Tokutei Gino)စာမေးပွဲဖြေဆိုဖို့ ကြုံနေရတဲ့ အခက်အခဲကို ဖြေရှင်းနိုင်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUGရဲ့ ဂျပန်နိုင်ငံဆိုင်ရာကိုယ်စားလှယ်ရုံးက ထုတ်ပြန်ပါတယ်။

သတင်း

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ဒုတိယဗိုလ်ချုပ်ကြီး R ခေါင်လွမ်း(ကွယ်လွန်) အပါအဝင် KIA စစ်သည်တော်တွေကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ဂုဏ်ပြုဘွဲ့ချီးမြှင့်တာ၊ ဆုတံဆိပ်တွေပေးအပ်တာဟာ အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံပေါ်ထွန်းရေးတန်ဖိုးမဖြတ်နိုင်တဲ့ အခြေခံအုတ်မြစ်ဖြစ်တဲ့အကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့(KIO) ဗဟိုကော်မတီက NUG ထံ စာပေးပို့ခဲ့ပါတယ်။

Facebook