Connect with us

Hi, what are you looking for?

News

သာ​ကေတ​ရေတပ်စခန်းအနီး ဗုံးနှစ်လုံး​ပေါက်

“ဗုံးပေါက်တဲ့ နှစ်ကြိမ်မှာ ပထမ တစ်ကြိမ်က တော်တော်လေး အသံ ကျယ်တယ်။ထိခိုက်တာ ရှိ၊မရှိတော့ မသိရသေးဘူး ” ဟုသာကေတ ၄ ရပ်ကွက်နေ ပြည်သူတစ်ဦးက ပြောသည်။

သာကေတမြို့နယ်ရှိ အာဏာသိမ်းစစ်ကောင်စီ ၏ ရေတပ်စခန်းအနီး ဗုံးပေါက်ကွဲ မှု နှစ်ကြိမ် ဖြစ်ပွားခဲ့ကြောင်း ဒေသခံများက ပြောသည်။

ယနေ့(ဖေဖော်ဝါရီ ၅ ရက်) ည ၇ နာရီခွဲခန့်တွင် သာကေတ၊ ၄ရပ်ကွက်၊ယမုံနာလမ်းမ၊ ရေတပ်စခန်းဝန်း အနီးတစ်ဝိုက်တွင် ပြင်းထန်​​သောပေါက်ကွဲမှုဖြစ်ခဲ့ပြီး ည ၉နာရီ ခွဲ ခန့်၌ ဒုတိယအကြိမ်ပေါက်ကွဲ ခဲ့သည်ဟု ​​ဒေသခံများက​ပြောသည်။

“ဗုံးပေါက်တဲ့ နှစ်ကြိမ်မှာ ပထမ တစ်ကြိမ်က တော်တော်လေး အသံ ကျယ်တယ်။ထိခိုက်တာ ရှိ၊မရှိတော့ မသိရသေးဘူး ” ဟုသာကေတ ၄ ရပ်ကွက်နေ ပြည်သူတစ်ဦးက ပြောသည်။

ထို့အပြင် အကြမ်းဖက်စစ်ကောင်စီတပ်က သေ နတ် ဖြင့် ခြိမ်းခြောက်ပစ်​ခတ်မှုများပြုလုပ်ခဲ့ကြောင်းလည်း ဒေသခံတစ်ဦးက ဆိုသည်။

Public Service Announcement

Public Service Announcement

“အခု ၉ နာရီခွဲ ကျော်ကျော်လောက်ကမင်းနန္ဒာလမ်းကနေ သဘော် ကျင်းဘက် ကို လာတဲ့ လမ်းမှာ စစ်ခွေး Faw ကားသုံးစီးနဲ့ သေနတ်နှစ်ချက် မိုးပေါ် ထောင်ဖောက်ခဲ့တယ်”ဟု ၎င်းကဆက် ပြောသည်။

ဗုံးပေါက်ကွဲမှုများကြောင့် သာကေ ရှုခင်းသာလမ်းမကြီး၊ ရေတပ်ဝင်းအနီး၌ စစ်​ကောင်စီတပ်က ကားများ နှင့် စက်ဘီး များကို တား၍စစ်ဆေးမှု့များပြုလုပ်နေကြောင်းလည်း သာကေတသတင်းမှန်ပြန် ကြားရေးက အသိပေးသည်။

ဆက်စပ်သတင်းများ

သတင်း

ယ​နေ့နံနက်အ​စောပိုင်း မဏ္ဍပ်သို့ပြည်သူများမ​ရောက်ခင် စစ်​ကောင်စီတပ်ဖွဲ့ဝင်များသာရှိ​နေချိန်တွင် ဗုံး​ပေါက်ကွဲခဲ့ခြင်းဖြစ်​ကြောင်း ​ဒေသခံအချို့က​ပြောသည်။

သတင်း

စစ်တပ်က နိုင်ငံတော်အာဏာသိမ်းပြီးနောက် မြို့နယ်အဆင့် တရားသူကြီးအချို့အပါအဝင် တရားရေးဝန်ထမ်းတစ်ရာကျော်သာ CDM ပြုလုပ်ခဲ့သည်။ယခု​နောက်ပိုင်းတွင် စစ်​ကောင်စီလက်​အောက်ခံ တရားရးဝန်ထမ်းများကို ပစ်မှတ်ထားတိုက်ခိုက်မှုပိုများလာသည်။

သတင်း

ယ​နေ့ ညနေ ၃ နာရီ ၄၀မိနစ်ခန့်တွင် တိုက်ခိုက်မှုပြုလုပ်ခဲ့ခြင်းဖြစ်ပြီး သေနတ်ဖြင့်လေးချက်ပစ်ပြီးနောက် ဗုံးဖြင့်ပစ်ခဲ့သော်လည်း မပေါက်ကွဲခဲ့ကြောင်း ၎င်းက ဆိုသည်။

News

"နန်းထိုက်အောင်" စစ်ဆင်ရေးကို ဧပြီ ၁၅ရက်ကလည်းကော့မှူးမြို့နယ်တွင် ဆောင်ရွက်ခဲ့ပြီး ရန်သူစစ်ကောင်စီတပ်သား တစ်ဦးသေ၊ အများအပြား ပြင်းထန်ဒဏ်ရာရကြောင်း သိရသည်။