သာကေတမြို့နယ်ရှိ အာဏာသိမ်းစစ်ကောင်စီ ၏ ရေတပ်စခန်းအနီး ဗုံးပေါက်ကွဲ မှု နှစ်ကြိမ် ဖြစ်ပွားခဲ့ကြောင်း ဒေသခံများက ပြောသည်။
ယနေ့(ဖေဖော်ဝါရီ ၅ ရက်) ည ၇ နာရီခွဲခန့်တွင် သာကေတ၊ ၄ရပ်ကွက်၊ယမုံနာလမ်းမ၊ ရေတပ်စခန်းဝန်း အနီးတစ်ဝိုက်တွင် ပြင်းထန်သောပေါက်ကွဲမှုဖြစ်ခဲ့ပြီး ည ၉နာရီ ခွဲ ခန့်၌ ဒုတိယအကြိမ်ပေါက်ကွဲ ခဲ့သည်ဟု ဒေသခံများကပြောသည်။
“ဗုံးပေါက်တဲ့ နှစ်ကြိမ်မှာ ပထမ တစ်ကြိမ်က တော်တော်လေး အသံ ကျယ်တယ်။ထိခိုက်တာ ရှိ၊မရှိတော့ မသိရသေးဘူး ” ဟုသာကေတ ၄ ရပ်ကွက်နေ ပြည်သူတစ်ဦးက ပြောသည်။
ထို့အပြင် အကြမ်းဖက်စစ်ကောင်စီတပ်က သေ နတ် ဖြင့် ခြိမ်းခြောက်ပစ်ခတ်မှုများပြုလုပ်ခဲ့ကြောင်းလည်း ဒေသခံတစ်ဦးက ဆိုသည်။

Public Service Announcement
“အခု ၉ နာရီခွဲ ကျော်ကျော်လောက်ကမင်းနန္ဒာလမ်းကနေ သဘော် ကျင်းဘက် ကို လာတဲ့ လမ်းမှာ စစ်ခွေး Faw ကားသုံးစီးနဲ့ သေနတ်နှစ်ချက် မိုးပေါ် ထောင်ဖောက်ခဲ့တယ်”ဟု ၎င်းကဆက် ပြောသည်။
ဗုံးပေါက်ကွဲမှုများကြောင့် သာကေ ရှုခင်းသာလမ်းမကြီး၊ ရေတပ်ဝင်းအနီး၌ စစ်ကောင်စီတပ်က ကားများ နှင့် စက်ဘီး များကို တား၍စစ်ဆေးမှု့များပြုလုပ်နေကြောင်းလည်း သာကေတသတင်းမှန်ပြန် ကြားရေးက အသိပေးသည်။


















































