Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

အင်္ဂပူမြို့ စစ်​ကောင်စီ၏ဗဟိုမဏ္ဍပ်ဗုံး​ပေါက် ရဲအချို့ဒဏ်ရာရ

ယ​နေ့နံနက်အ​စောပိုင်း မဏ္ဍပ်သို့ပြည်သူများမ​ရောက်ခင် စစ်​ကောင်စီတပ်ဖွဲ့ဝင်များသာရှိ​နေချိန်တွင် ဗုံး​ပေါက်ကွဲခဲ့ခြင်းဖြစ်​ကြောင်း ​ဒေသခံအချို့က​ပြောသည်။

အင်္ဂပူမြို့ စစ်​ကောင်စီ၏ဗဟိုမဏ္ဍပ်ဗုံး​ပေါက် ရဲအချို့ဒဏ်ရာရ
အင်္ဂပူမြို့ စစ်​ကောင်စီ၏ဗဟိုမဏ္ဍပ်ဗုံး​ပေါက် ရဲအချို့ဒဏ်ရာရ

ဧရာဝတီတိုင်း၊ အင်္ဂပူမြို့ရှိသင်္ကြန်ဗဟိုမဏ္ဍပ်ယနေ့နံနက်ပိုင်းကဗုံး​ပေါက်ကွဲသဖြင့်စစ်ကောင်စီ၏ ရဲအချို့ ဒဏ်ရာရသွားကြောင်း ဒေသခံများကပြောသည်။

အင်္ဂပူမြို့ ပညာရေးမှူးရုံးလမ်းဆုံရှိ သင်္ကြန်ဗဟိုမဏ္ဍပ်တွင် ယနေ့ (ဧပြီလ ၁၅ ရက်) နံနက် ၇ နာရီ ၄၅ မိနစ်ခန့်က ဗုံးတစ်လုံးပေါက်ကွဲခဲ့ခြင်းဖြစ်သည်။

” ရဲအရာရှိတစ်ယောက် အပါအဝင် သုံးယောက် ထိတယ်ကြားတယ်။ ဆေးရုံကားတွေလာခေါ်သွားတယ်”ဟု အင်္ဂပူမြို့ခံတစ်ဦးကပြောသည်။

Public Service Announcement
Public Service Announcement

ယ​နေ့နံနက်အ​စောပိုင်း မဏ္ဍပ်သို့ပြည်သူများမ​ရောက်ခင် စစ်​ကောင်စီတပ်ဖွဲ့ဝင်များသာရှိ​နေချိန်တွင် ဗုံး​ပေါက်ကွဲခဲ့ခြင်းဖြစ်​ကြောင်း ​ဒေသခံအချို့က​ပြောသည်။

Public Service Announcement

Public Service Announcement

“သင်္ကြန်ကမနေ့ကလည်းလူမရှိပါဘူး။စစ်တပ်က‌တော့တောဘက်ကလူတွေ ခေါ်လာတယ်ကြားတယ်”ဟု ​ဒေသခံတစ်ဦးက​ပြောသည်။

အင်္ဂပူမြို့သည် ဟင်္သာတခရိုင်အတွင်းပါဝင်ပြီး အင်္ဂပူမြို့သင်္ကြန်ဗဟိုမဏ္ဍပ်ဗုံးခွဲတိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်က လုံခြုံရေးအင်အားအများအပြားတိုးမြှင့်ချထား​ကြောင်းသိရသည်။

ဆက်စပ်သတင်းများ

သတင်း

စခန်းသိမ်းတိုက်ပွဲအပြီးစစ်ကောင်စီ၏လက်နက်ခဲယမ်းအမြောက်အများအားသိမ်းဆည်းရရှိခဲ့ကြောင်း မှတ်တမ်းဓာတ်ပုံများနှင့်အတူ ဖော်ပြထားပြီး အရေအတွက်ကို မကြာမီ အလျဉ်းသင့်ပါက အသိပေးမည်ဟု ထုတ်ပြန်သည်။

သတင်း

အပြစ်မဲ့ပြည်သူများမှာ ၎င်းအဖွဲ့များ၏ အကြမ်းဖက်လုပ်ရပ်များကြောင်းသာ ပို၍ ဒုက္ခရောက်နေကြရသည်ကို ကော်မရှင်နာအနေဖြင့် ဖော်ပြရန် အရေးကြီးကြောင်း ဦးခိုင်သုခက ပြောသည်။

သတင်း

စစ်ကောင်စီတပ်စခန်းမှ သိမ်းရသည့် လက်နက်ခဲယမ်းများကို တပ်ရင်းမှူးက ပြသရာ လက်နက်ကြီးလက်နက်ငယ်မျိုးစုံ အလက် ၃၀ကျော်နှင့် ခဲယမ်း၊ ကျည်များစွာ နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ကို တွေ့ရသည်။

သတင်း

ဒုချုပ်စိုးဝင်းဒရုန်းနဲ့တိုက်ခိုက်ခံရတယ်ဆိုတာကို စစ်ကောင်စီရဲ့ပြောရေးဆိုခွင့်ရှိသူက ငြင်းဆိုထားပါတယ်။ စစ်​ကောင်စီ​ပြော​ရေးဆိုခွင့်ရှိသူက စစ်​ကောင်စီအတွက် သတင်းဆိုး​တွေဆိုရင် အမြဲ ငြင်းဆို​လေ့ရှိပါတယ် ။