Connect with us

Hi, what are you looking for?

News

“နန်းထိုက်​အောင်”စစ်ဆင်​ရေးအရ သာ​ကေတတွင် စစ်ကားတစ်စီးအတွင်း ဗုံးပစ်သွင်းရာ စစ်​ကောင်စီတပ်သား နှစ်ဦး​သေ

“နန်းထိုက်အောင်” စစ်ဆင်ရေးကို ဧပြီ ၁၅ရက်ကလည်းကော့မှူးမြို့နယ်တွင် ဆောင်ရွက်ခဲ့ပြီး ရန်သူစစ်ကောင်စီတပ်သား တစ်ဦးသေ၊ အများအပြား ပြင်းထန်ဒဏ်ရာရကြောင်း သိရသည်။

ရန်ကုန်မြို့၊ သာကေတမြို့နယ်၌ ကင်းပုန်းဝပ်နေသည့် အကြမ်းဖက်စစ်ကောင်စီတပ် ကားတစ်စီးအတွင်းသို့ လက်ပစ်ဗုံး ထည့်သွင်းတိုက်ခိုက်ခဲ့ရာ နှစ်ဦးသေဆုံးကြောင်း ရန်ကုန်တိုင်းစစ်ဒေသခွဲကွပ်ကဲရေးအဖွဲ့ တာဝန်ရှိသူက People’s Springသို့ ပြောသည်။

ဖြစ်စဥ်မှာ ယမန်နေ့(ဧပြီ ၁၅ ရက်) ည ၉နာရီ​တွင် သာ​ကေတမြို့နယ်အတွင်း ဆောင်ရွက်ခဲ့ခြင်းဖြစ်ကာ “နန်းထိုက်​အောင်” စစ်ဆင်​ရေး၏ အစိတ်အပိုင်းဖြစ်သည်ဟု ဆိုသည်။

“ကင်းပုန်းဝပ်​နေတဲ့ ကားထဲကို လက်ပစ်ဗုံးနဲ့ပစ်ပြီးတိုက်ခိုက်ခဲ့ပါတယ်။၂​ကောင်​သေ၊ ၁​ကောင်ဒဏ်ရာရတယ်။နန်းထိုက်​အောင်စစ်ဆင်​ရေးအ​နေနဲ့ ​တော်လှန်​ရေးရဲ​ဘော်​တွေက ​အတွင်းဖရဲသီး ဖုန်းဆက်​ပြောလို့ မစ်ရှင်လုပ်ခဲ့တာပါ။ မစ်ရှင်ပြီးပြီးချင်း စစ်​ခွေး​တွေ ​ရောက်လာပြီး ​သေတဲ့၂​ကောင်ကို တရွတ်တိုက်ဆွဲပြီး ကား​ပေါ်တင်သွားကြတယ်”ဟု အထက်ပါတာဝန်ရှိသူက ပြောသည်။

Public Service Announcement

ယမန်နေ့ည ၉ နာရီခန့်ကလည်း ပေါက်ကွဲသံကြားရပြီးနောက် ရူ့ခင်းသာလမ်းမကြီးမှတစ်ဆင့် အရေးပေါ်ကားတစ်စီး ဖြတ်သန်းသွားသည်ဟုလည်း သာကေတမြို့နေသူတစ်ဦးက အတည်ပြုသည်။

Public Service Announcement

Public Service Announcement

“နန်းထိုက်အောင်” စစ်ဆင်ရေးကို ဧပြီ ၁၅ရက်ကလည်းကော့မှူးမြို့နယ်တွင် ဆောင်ရွက်ခဲ့ပြီး ရန်သူစစ်ကောင်စီတပ်သား တစ်ဦးသေ၊ အများအပြား ပြင်းထန်ဒဏ်ရာရကြောင်း သိရသည်။

အလားတူ ဧပြီ ၈ရက်ကစ၍ မင်္ဂလာဒုံ၊ အင်းစိန် ၊ ကမာရွတ်၊လမ်းမတော်၊ ​ကော့မှုး၊ တွံ​တေး၊ သုံးခွ၊ ​ရွှေပြည်သာ နှင့် လှိုင်သာယာမြို့နယ်တို့တွင်”နန်းထိုက်​အောင်” စစ်ဆင်ရေးအရ ပစ်ခတ်ဖောက်ခွဲမှုများပြုလုပ်ခဲ့သည်။

ထိုတိုက်ခိုက်မှုများတွင် စစ်ကောင်စီတပ်မှ ဗိုလ်မှူးတစ်ဦး၊ရဲတပ်သားတစ်ဦး အပါအဝင် စစ်ကောင်စီထောက်တိုင် အုပ်ချုပ်ရေးမှူးနှင့် ဒလန်ငါးဦးထက်မနည်း သေဆုံးခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ဒေသ​ခြောက်ခုမှာရေဘေးပ်ိုဆိုးလာပြီးသေဆုံးသူဦးရေတိုးလာ

သတင်း

အခုနှစ်ရဲ့ခြောက်လတာကာလအတွင်းမြန်မာနိုင်ငံအရှေ့တောင်ပိုင်း ဒေသတွေမှာအာဏာသိမ်းစစ်တပ်ရဲ့တိုက်ခိုက်မှုတွေကြောင့်ကလေးငယ်တွေအပါအဝင်အရပ်သား ၆၆ ဦးသေဆုံးပြီး ၁၂၇ ဦး ဒဏ်ရာရတယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့ ( KHRG)ကဒီနေ့ (သြဂုတ်လ ၃ ရက်)မှာထုတ်ပြန်ပါတယ်။

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။