Connect with us

Hi, what are you looking for?

LuduNwayOo

News

အကြမ်းဖက်စစ်ကောင်စီ ဝါဒဖြန့်ပွဲသို့ ရုရှားနှင့် ဂျပန် နှစ်နိုင်ငံသာ သံအမတ်ကြီးအဆင့်တက်ရောက်

အကြမ်းဖက်စစ်ကောင်စီ၏ နိုင်ငံခြားရေးဝန်ကြီးဌာနက ရုံးစိုက်ရာနေပြည်တော်၌ ရှင်းလင်းပွဲမပြုလုပ်ဘဲ ရန်ကုန်မြို့သို့ လာရောက်ရှင်းလင်းသော်လည်း ရုရှားနှင့် ဂျပန် နှစ်နိုင်ငံမှလွဲ၍ ကျန်သံရုံးများက စစ်ကောင်စီကို အသိအမှတ်မပြုကြောင်း ပြသခဲ့ကြသည်။

▪️သံတမန်မျက်နှာစာတွင် အကြမ်းဖက်စစ်ကောင်စီ ဆက်လက်အရေးနိမ့်နေ

အကြမ်းဖက်စစ်ကောင်စီ၊ နိုင်ငံခြားရေးဝန်ကြီး၏ မြန်မာ့အရေးရှင်းလင်းပွဲသို့ ရုရှားနှင့် ဂျပန်နှစ်နိုင်ငံသာ သံအမတ်ကြီးအဆင့်တက်ရောက်ပြီး တရုတ်၊ အာဆီယံအပါအဝင် ကျန်နိုင်ငံများက သံရုံးအရာရှိများသာ တက်ရောက်ခဲ့ကြောင်း သတင်းရင်းမြစ်အချို့က ပြောသည်။

အကြမ်းဖက်စစ်ကောင်စီ၏ နိုင်ငံခြားရေးဝန်ကြီးဌာနက ရုံးစိုက်ရာနေပြည်တော်၌ ရှင်းလင်းပွဲမပြုလုပ်ဘဲ ရန်ကုန်မြို့သို့ လာရောက်ရှင်းလင်းသော်လည်း ရုရှားနှင့် ဂျပန် နှစ်နိုင်ငံမှလွဲ၍ ကျန်သံရုံးများက စစ်ကောင်စီကို အသိအမှတ်မပြုကြောင်း ပြသခဲ့ကြသည်။

အဆိုပါ ရှင်းလင်းပွဲကို အကြမ်းဖက်စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီး ၀ဏ္ဏမောင်လွင်၊ အာဏာသိမ်းခေါင်းဆောင်မင်းအောင်လှိုင်၏ အကြံပေးများဖြစ်သည့် ရင်ရင်နွယ်၊ ယဉ်ယဉ်ဦး၊ ဆလိုင်းငွန်ကျုံးလျန် နှင့် အခြားသော အကြမ်းဖက်စစ်ကောင်စီ လက်အောက်ခံများတက်ရောက်ခဲ့သည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

မြန်မာနိုင်ငံအနှံ့အပြားတွင် စစ်တပ်က ပြည်သူလူထုကို ထင်တိုင်းကြဲ ဥပဒေမဲ့ ဖမ်းဆီးနှိပ်စက်ကာ အကြမ်းဖက်မှုများကျူးလွန်နေသော်လည်း ၀ဏ္ဏမောင်လွင်က နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီသည် စစ်ဘက်အုပ်ချုပ်ရေးမဟုတ်သည်မှာ ထင်ရှားကြောင်း သံတမန်ရှင်းလင်းပွဲ၌ လိမ်လည်သည်။

ထို့အပြင် PDF ၊ NUG နှင့် CRPH တို့ကို အကြမ်းဖက်အဖွဲ့များအဖြစ် စွပ်စွဲပြစ်တင်ပြီး UNCTED ၊ ACCT ၊ ASEANAPOL နှင့် INTERPOL တို့က ရှုတ်ချရန်နှင့် အကြမ်းဖက်မှုတိုက်ဖျက်ရေးတွင် ပူးပေါင်းဆောင်ရွက်ရန် ၀ဏ္ဏမောင်လွင်က တိုက်တွန်းခဲ့သည်။

သို့သော်လည်း လက်တွေ့တွင် တရားမဝင်အာဏာသိမ်းစစ်တပ်၏ အကြမ်းဖက်များကို ချက်ချင်း ရပ်တန့်ရန် အာဆီယံအပါအဝင် ကုလသမဂ္ဂနှင့် နိုင်ငံတကာက တိုက်တွန်းထားပြီး အရပ်သားအစိုးရကို အမြန်ဆုံး အာဏာပြန်အပ်ရန်တောင်းဆိုထားသည်။

အကြမ်းဖက်စစ်ကောင်စီ၏ လူမဆန်သောလုပ်ရပ်များကို အမေရိကန်၊ ဗြိတိန်၊ ဥရောပသမဂ္ဂနှင့် အနောက်နိုင်ငံများက အပြင်းထန်ဆုံးပြစ်တင်ရှုတ်ချကာ မြန်မာစစ်ခေါင်းဆောင်များနှင့် ၎င်းတို့ကို ထောက်ခံသူများ၊ စီးပွားရေးလုပ်ငန်းများကို ပစ်မှတ်ထားပိတ်ဆို့ဒဏ်ခတ်မှုများ ချမှတ်ထားသည်။

ဒေသတွင်းအာဆီယံအဖွဲ့ကလည်း လက်ရှိအချိန်အထိ အကြမ်းဖက်စစ်ကောင်စီကို တရားဝင်အသိ အမှတ်ပြုခြင်းမရှိသေးဘဲ ဘုံဆုံးဖြတ်ချက် ၅ ရပ်အကောင် အထည်ဖော်ရေး တိုးတက်မှုမရှိဟု ဆိုကာ မကြာခင်ကျင်းပမည့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးသို့ ၀ဏ္ဏမောင်လွင်ကို တက်ရောက်ခွင့်မပေးပေ။

ဆက်စပ်သတင်းများ

သတင်း

ဧပြီ လ ၂၈ ရက်ကပင် ဒီးမော့ဆို မြို့နယ်၊ပူဖားကျေး ရွာမှာနွားကျောင်းနေသည့် အသက် (၁၄)နှစ်အရွယ် အမျိုးသား တစ်ဦး မိုင်းနင်းမိပြီး သေဆုံးခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များ​က ဆိုသည်။

သတင်း

ဧပြီ ၃၀ရက်က ကျင်းပသည့် NUG ၏ သတင်းစာရှင်းလင်းပွဲ၌ ဝန်ကြီးက ယခုကဲ့သို့ ရှင်းပြပြီး မြေပြင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ စုဖွဲ့မှု အကြောင်းကို ပြောပြသည်။

သတင်း

စစ်မြေပြင်၌ ခွဲခြားရန်ခက်ခဲသော်လည်း အရှင်ဖမ်းဆီးရရှိသည့် စစ်သုံ့ပန်းများထဲမှ အဓမ္မ စစ်မှုထမ်းရသူများအရေးကို စိစစ်ဆောင်ရွက် ပေးလို့ရကြောင်း ၎င်းက ပြောသည်။

သတင်း

ကိုဗစ်ကာလမှသည် စစ်ကောင်စီအာဏာသိမ်းပြီးသည့်အချိန်ထိ အလောင်းတော်ကဿပ ဘုရားအား ဖူး​မြော်ခွင့်၊ သွားလာခွင့်ပိတ်ထားခဲ့သည်။