Connect with us

Hi, what are you looking for?

News

မကွေး-ကံပြားလမ်းရှိ စက်သုံးဆီဆိုင် ၂နာရီကျော်ကြာမီးလောင်မှု နှစ်ဦးဒဏ်ရာရ

မီးလောင်သည့်နေရာအနီး၌ စက်သုံးဆီအရောင်းဆိုင်များရှိသည့်ပြင် ဂက်စ်အရောင်းဆိုင်များလည်းရှိသောကြောင့် ဂက်စ်အိုးပေါက်ကွဲမှုများလည်း ဖြစ်ကြောင်း ၎င်းက ဆိုသည်။

ဓာတ်ပုံ - မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့ရောင်စုံမေတ္တာ လူမှုကူညီရေးအသင်း

မကွေး-ကံပြားလမ်းရှိ စက်သုံးဆီဆိုင် မီးလောင်မှုဖြစ်ရာ ၂နာရီကျော်ကြာ မီးငြှိမ်းသတ်ခဲ့ရပြီး အမျိုးသားနှစ်ဦး ဒဏ်ရာရရှိခဲ့သည်။

ဖေဖော်ဝါရီ ၉ ရက် ညနေ ၆နာ​ရီကျော်တွင် မကွေး-ကံပြားလမ်းပေါ်ရှိ စက်သုံးဆီရောင်းချသည့် အိမ်တစ်အိမ်၌ ဆီပေပါချစဥ် မီးပွင့်သွားရာမှ မီးလောင်မှု စတင်ခဲ့သည်ဟုသိရကြောင်း ယင်းနေရာသို့ သွားရောက်ကူညီ ခဲ့သည့် ရောင်စုံမေတ္တာလူမှုကူညီရေး အသင်းမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

ဓာတ်ပုံ – မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့ရောင်စုံမေတ္တာ လူမှုကူညီရေးအသင်း

မီးလောင်သည့်နေရာအနီး၌ စက်သုံးဆီအရောင်းဆိုင်များရှိသည့်ပြင် ဂက်စ်အရောင်းဆိုင်များလည်းရှိသောကြောင့် ဂက်စ်အိုးပေါက်ကွဲမှုများလည်း ဖြစ်ကြောင်း ၎င်းက ဆိုသည်။

ယင်းမီးလောင်မှုကြောင့် မီးလောင်ဒဏ်ရာရရှိသူ နှစ်ဦးရှိပြီး ၎င်းတို့အသင်းက ကူညီပေးခဲ့ကြောင်း အထက်ပါတာဝန်ရှိသူက ပြောသည်။

Public Service Announcement

Public Service Announcement

“ပထမ တစ်ယောက်ဖြစ်စဥ်က မီးစလောင်တော့ မီးသတ်ဆေး​ဗူးနဲ့ငြိမ်းရင်း မနိုင်ပဲ လက်ကို မီးလောင်သွားပါတယ်ဒုတိယတစ်ယောက်က. လက်ပေါင်ရင်း တွေမီးလောင်ခံရတာပါ” ဟု ဒဏ်ရာရရှိသူများ၏ အခြေအနေကို ၎င်းက ပြောသည်။

ဓာတ်ပုံ – မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့ရောင်စုံမေတ္တာ လူမှုကူညီရေးအသင်း

အဆိုပါမီးလောင်မှုသို့ မကွေးမြို့အပါအဝင် အနီးအနားမှ မီးသတ်ယာဥ်များ လာရောက်မီးငြှိမ်း သတ်ခဲ့ရပြီး မီးသတ်ယာဥ် ၁၅စီးလာရောက်မီးငြှိမ်းသတ် ခဲ့ရကြောင်းမြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ က သတင်းထုတ်ပြန်ထားသည်။

မီးသတ်တပ်ဖွဲ့က ည ၈နာရီအချိန်ခန့်တွင် မီးငြှိမ်းသတ်နိုင်ခဲ့သည်ဟု သတင်းထုတ်ပြန် ထားသော်လည်း အပူရှိန်ကြောင့် မီးလောင်မှုများထပ်မံ၍ ဖြစ်ကြောင်း ဒေသခံများက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးမြို့မှာလည်း အသက်(၁၉)နှစ်အရွယ် လူငယ် ၁ဦး ပျောက်ဆုံးသွားလို့ လူမှုကွန်ရက်ကနေ အကူအညီတောင်းခံကာ ရှာဖွေနေရပါတယ်။

သတင်း

‎ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ(SCEF) အစည်းအဝေး ကျင်းပပြီး အဖွဲ့ဝင်သစ်များအား အတည်ပြုလိုက်ကြောင်း SCEF က သတင်းထုတ်ပြန်ပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်ရဲ့အနောက်မြောက်တိုင်းစစ်ဌာနချုပ်အခြေစိုက်ရာ မုံရွာမြို့ နဲ့ မိုင် ၃၀ ခန့်အကွာမှာရှိတဲ့ကနီမြို့နယ်ထဲကယာကြီးရွာရှိ စက်သုံးဆီဆိုင်ကိုမနေ့ (သြဂုတ်လ ၁ ရက်)နေ့ခင်းပိုင်းမှာလေကြောင်းတိုက် ခိုက်တာကြောင့် အရပ်သားအမျိုးသားတစ်ဦး သေဆုံးသွားတယ်လို့ နယ်ခံအချို့ဆီကသိရပါတ​ယ်။

နိုင်ငံတကာ

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တော်က အရက်ဘား မီးလောင်မှုမှာ သေဆုံးသူ အရေအတွက်ဟာ ၃၂ ဦးထိ မြင့်တက်လာခဲ့ပါတယ်။

Facebook