Connect with us

Hi, what are you looking for?

News

မကွေး-ကံပြားလမ်းရှိ စက်သုံးဆီဆိုင် ၂နာရီကျော်ကြာမီးလောင်မှု နှစ်ဦးဒဏ်ရာရ

မီးလောင်သည့်နေရာအနီး၌ စက်သုံးဆီအရောင်းဆိုင်များရှိသည့်ပြင် ဂက်စ်အရောင်းဆိုင်များလည်းရှိသောကြောင့် ဂက်စ်အိုးပေါက်ကွဲမှုများလည်း ဖြစ်ကြောင်း ၎င်းက ဆိုသည်။

ဓာတ်ပုံ - မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့ရောင်စုံမေတ္တာ လူမှုကူညီရေးအသင်း

မကွေး-ကံပြားလမ်းရှိ စက်သုံးဆီဆိုင် မီးလောင်မှုဖြစ်ရာ ၂နာရီကျော်ကြာ မီးငြှိမ်းသတ်ခဲ့ရပြီး အမျိုးသားနှစ်ဦး ဒဏ်ရာရရှိခဲ့သည်။

ဖေဖော်ဝါရီ ၉ ရက် ညနေ ၆နာ​ရီကျော်တွင် မကွေး-ကံပြားလမ်းပေါ်ရှိ စက်သုံးဆီရောင်းချသည့် အိမ်တစ်အိမ်၌ ဆီပေပါချစဥ် မီးပွင့်သွားရာမှ မီးလောင်မှု စတင်ခဲ့သည်ဟုသိရကြောင်း ယင်းနေရာသို့ သွားရောက်ကူညီ ခဲ့သည့် ရောင်စုံမေတ္တာလူမှုကူညီရေး အသင်းမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

ဓာတ်ပုံ – မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့ရောင်စုံမေတ္တာ လူမှုကူညီရေးအသင်း

မီးလောင်သည့်နေရာအနီး၌ စက်သုံးဆီအရောင်းဆိုင်များရှိသည့်ပြင် ဂက်စ်အရောင်းဆိုင်များလည်းရှိသောကြောင့် ဂက်စ်အိုးပေါက်ကွဲမှုများလည်း ဖြစ်ကြောင်း ၎င်းက ဆိုသည်။

ယင်းမီးလောင်မှုကြောင့် မီးလောင်ဒဏ်ရာရရှိသူ နှစ်ဦးရှိပြီး ၎င်းတို့အသင်းက ကူညီပေးခဲ့ကြောင်း အထက်ပါတာဝန်ရှိသူက ပြောသည်။

Public Service Announcement

Public Service Announcement

“ပထမ တစ်ယောက်ဖြစ်စဥ်က မီးစလောင်တော့ မီးသတ်ဆေး​ဗူးနဲ့ငြိမ်းရင်း မနိုင်ပဲ လက်ကို မီးလောင်သွားပါတယ်ဒုတိယတစ်ယောက်က. လက်ပေါင်ရင်း တွေမီးလောင်ခံရတာပါ” ဟု ဒဏ်ရာရရှိသူများ၏ အခြေအနေကို ၎င်းက ပြောသည်။

ဓာတ်ပုံ – မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့ရောင်စုံမေတ္တာ လူမှုကူညီရေးအသင်း

အဆိုပါမီးလောင်မှုသို့ မကွေးမြို့အပါအဝင် အနီးအနားမှ မီးသတ်ယာဥ်များ လာရောက်မီးငြှိမ်း သတ်ခဲ့ရပြီး မီးသတ်ယာဥ် ၁၅စီးလာရောက်မီးငြှိမ်းသတ် ခဲ့ရကြောင်းမြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ က သတင်းထုတ်ပြန်ထားသည်။

မီးသတ်တပ်ဖွဲ့က ည ၈နာရီအချိန်ခန့်တွင် မီးငြှိမ်းသတ်နိုင်ခဲ့သည်ဟု သတင်းထုတ်ပြန် ထားသော်လည်း အပူရှိန်ကြောင့် မီးလောင်မှုများထပ်မံ၍ ဖြစ်ကြောင်း ဒေသခံများက ပြောသည်။

ဆက်စပ်သတင်းများ

အတွေးအမြင်

"မြစ်အနောက်ဘက်ကစစ်ဘေးကနေမကွေး၊ တောင်ကြီး၊မန္တလေးအထိ—ရိုးရာပွဲတော်တွေ ဘယ်သူ့အတွက် စည်ကားနေကြသလဲ"

သတင်း

မကွေးတိုင်းက ဧရာဝတီမြစ်ကမ်းဘေး ကျေးရွာတချို့ မြစ်ကမ်း​ပါးပြိုလို့ နေအိမ်တွေ အရေးပေါ် ရွှေ့ပြောင်းနေရကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ကလေးမြို့မှာ ကွန်ပြူတာဆိုင်ဖွင့်ထားတဲ့ နေအိမ် မီးလောင်ပြီး ဝန်ထမ်းမိန်းကလေး ၃ဦးသေဆုံးခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။

သတင်း

မကွေးမြို့ကနေထွက်လာတဲ့ စစ်တပ်ရဲ့ စစ်ကားအစီးရေ ၂၀၀ နီးပါးဟာ ချင်းတောင်အစပ် ဆောမြို့နယ်၊လောင်းရှည်မြို့ကို ဦးတည်လာနေပြီး ရှမ်းပြည်နယ်အခြေစိုက်တပ်တွေနဲ့ မတ္တရာမြို့နယ် အရှေ့ခြမ်းတပ်စခန်းက အင်အားတွေ ပါ၀င်တယ်လို့ မကွေးတိုင်းပကဖက ဒီကနေ့ ထုတ်ပြန်ပါတယ်။