ထိုအပြင် ပြည်သူ့လုံခြုံရေး(ပလဖ) ရဲတစ်ဦးနှင့် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်(ပအဖ)တစ်ဦးလည်းကျဆုံးခဲ့သည်။ကောလင်းမြို့ ခံသာတိုက်နယ် ဖလဲကျေးရွာကိုစစ်ကောင်စီက ဖေဖော်ဝါရီ ၈ ရက်တွင်တိုက်ခိုက်စီးနင်းခဲ့ခြင်းဖြစ်သည်။ တိုက်ခိုက်ခံရမှုအတွင်း PDF ရဲဘော် လေးဦး၊ပြည်သူ့ကာကွယ်ရေး (ပကဖ)တစ်ဦးကျဆုံးခဲ့ရသည်ဟု Kawlin Revolution -KRက သတင်းထုတ်ပြန်သည်။
“ပြည်သူဘက်က ခုနှစ်ဦးတောင်ကျဆုံးရတာ။သတင်းကြားကြားချင်း ထိန့်လန့်သွားတယ်။ အဓိကက လက်နက်မရှိတာဗျ။ အနယ်နယ်အရပ်ရပ်က ပြည်သူတွေအနေနဲ့ PDF တွေ လက်နက်ရရေးကူညီပေးဖို့လိုတယ်”ဟုကောလင်းမြို့ခံတစ်ဦးကပြောသည်။

ထိုအပြင် ဖလဲကျေးရွာမှနေအိမ်သုံးလုံးနှင့်ကားနစ်စီးကိုပါ စစ်ကောင်စီတပ်သားများကမီးရို့ဖျက်ဆီးသွားခဲ့သည်ဟု ပြည်သူ့ကာကွယ်ရေးအဖွဲ့များ၏ သတင်းထုတ်ပြန်ရေး လူမှုကွန်ရက်စာမျက်နှာဖြစ်သော Kawlin Revolution -KRက ဖော်ပြထားသည်။
စစ်ကိုင်းတိုင်းသည် စစ်အာဏာရှင်အား တစ်တိုင်းလုံးအတိုင်းအတာအားဖြင့် လက်နက်ကိုင် တော်လှန်ရေး အရှိန်ရနေပြီဖြစ်သည်။ သို့သော် လက်နက်အင်အားမမျှ၍ ပြည်သူ့ကာကွယ်ရေးအဖွဲ့များ ကျဆုံးမှုမကြာခဏ ကြုံတွေ့နေနေရသည်။ ကောလင်းမြို့နှင့် နယ်ချင်းထိစပ်နေသော ကန့်ဘလူမြို့နယ် ကိုးတောင်ဘို့ကျေးရွာတွင် ဖေဖော်ဝါရီ ၄ရက်က ဖြစ်ပွားသော တိုက်ပွဲတွင် လက်နက်အင်အားမမျှ၍ ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ လူငယ်၁၆ဦးအထိ ကျဆုံးခဲ့သည်။ မြေပြင်တိုက်ပွဲတွင် အထိနာနေသော စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်း၊လေကြောင်းသုံးတိုက်ခိုက်ခြင်းများ ပြုလုပ်နေသည်။

Public Service Announcement


















































