မန္တလေးမြို့အခြေစိုက် မြို့ပြပြောက်ကျားတပ်ဖွဲ့နှစ်ဖွဲ့ပူးပေါင်း စစ်ကောင်စီတပ် တပ်စွဲထားသည့် နေရာသုံးနေရာကို ယမန်နေ့(ဖေဖော်ဝါရီ ၁၃)တစ်ရက်တည်းတွင် တိုက်ခိုက်ခဲ့ကြောင်း Dragon Warrior အဖွဲ့က ထုတ်ပြန်သည်။
အဆိုပါတိုက်ခိုက်မှုများကို မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ်အတွင်းရှိ ၅၁ လမ်း လျှပ်စစ်ရုံး၊ ၆၉ လမ်း၊ ၁၁၃ × ၁၁၄ ကြားရှိ အထက် တန်းကျောင်းတွင် တပ်စွဲထားသည့်နေရာနှင့် ငွေတော်ကျည်ကုန်းရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးတို့ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြ သည်။

တိုက်ခိုက်မှုများကို လက်ပစ်ဗုံးများအသုံးပြုတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ၊ ၆၉ လမ်း၊ ၁၁၃ × ၁၁၄ ကြားရှိ အထကကျောင်းတွင် တပ်စွဲထားသော စစ်ကောင်စီတပ်အား လက်ပစ်ဗုံးဖြင့်ပစ်ခတ်တိုက်ခိုက်ရာ လေးသေတုံးကာ နှစ်ဦးဒဏ်ရာရရှိကြောင်း ထုတ်ပြန်သည်။
၅၁ လမ်းလျှပ်စစ်ရုံးနှင့် ငွေတော်ကျည်ကုန်းအုပ်ချုပ်ရေးမှူးရုံးတိုက်ခိုက်မှုများတွင် စစ်ကောင်စီတပ်မှ ထိခိုက်မှုရှိနိုင်ပြီး သေဆုံးမှုရှိ၊ မရှိ မသိရသေးကြောင်း ထုတ်ပြန်ချက်က ဖော်ပြထားသည်။

Public Service Announcement
အထက်ပါတိုက်ခိုက်မှုများကို ယမန်နေ့နံနက် ၁၀ နာရီခန့်တွင်တစ်ကြိမ်၊ ၁၁ နာရီခန့်တွင် တစ်ကြိမ်နှင့် နေ့လယ် ၁ နာရီခန့်တွင် တစ်ကြိမ် အသီးသီးပြုလုပ်ခဲ့ပြီး Dragon Warrior အဖွဲ့နှင့် Yadanarbon Phoenix Guerilla Force (YPGF) အဖွဲ့တို့ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း အသိပေးထားသည်။


















































