Connect with us

Hi, what are you looking for?

News

မန္တလေးတွင် မြို့ပြပြောက်ကျားတပ်နှစ်ဖွဲ့ပေါင်းပြီး စစ်ကောင်စီတပ်စွဲရာ သုံးနေရာကို တိုက်ခိုက်၊ စစ်ကောင်စီတပ် လေးဦးသေ

တိုက်ခိုက်မှုများကို လက်ပစ်ဗုံးများအသုံးပြုတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ၊ ၆၉ လမ်း၊ ၁၁၃ × ၁၁၄ ကြားရှိ အထကကျောင်း‌တွင် တပ်စွဲထားသော စစ်ကောင်စီတပ်အား လက်ပစ်ဗုံးဖြင့်ပစ်ခတ်တိုက်ခိုက်ရာ ​လေးသေတုံးကာ နှစ်ဦးဒဏ်ရာရရှိကြောင်း ထုတ်ပြန်သည်။

(မန္တ​လေးမြို့ လယ်တစ်​နေရာ။ဓါတ်ပုံ-MDY skyline)

မန္တလေးမြို့အခြေစိုက် မြို့ပြပြောက်ကျားတပ်ဖွဲ့နှစ်ဖွဲ့ပူးပေါင်း စစ်ကောင်စီတပ် တပ်စွဲထားသည့် နေရာသုံးနေရာကို ယမန်နေ့(ဖေဖော်ဝါရီ ၁၃)တစ်ရက်တည်းတွင် တိုက်ခိုက်ခဲ့ကြောင်း Dragon Warrior အဖွဲ့က ထုတ်ပြန်သည်။

အဆိုပါတိုက်ခိုက်မှုများကို မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ်အတွင်းရှိ ၅၁ လမ်း လျှပ်စစ်ရုံး၊ ၆၉ လမ်း၊ ၁၁၃ × ၁၁၄ ကြားရှိ အထက် တန်းကျောင်း‌တွင် တပ်စွဲထားသည့်နေရာနှင့် ငွေတော်ကျည်ကုန်းရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးတို့ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြ သည်။

Public Service Announcement

တိုက်ခိုက်မှုများကို လက်ပစ်ဗုံးများအသုံးပြုတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ၊ ၆၉ လမ်း၊ ၁၁၃ × ၁၁၄ ကြားရှိ အထကကျောင်း‌တွင် တပ်စွဲထားသော စစ်ကောင်စီတပ်အား လက်ပစ်ဗုံးဖြင့်ပစ်ခတ်တိုက်ခိုက်ရာ ​လေးသေတုံးကာ နှစ်ဦးဒဏ်ရာရရှိကြောင်း ထုတ်ပြန်သည်။

၅၁ လမ်းလျှပ်စစ်ရုံးနှင့် ငွေတော်ကျည်ကုန်းအုပ်ချုပ်ရေးမှူးရုံးတိုက်ခိုက်မှုများတွင် စစ်ကောင်စီတပ်မှ ထိခိုက်မှုရှိနိုင်ပြီး သေဆုံးမှုရှိ၊ မရှိ မသိရသေးကြောင်း ထုတ်ပြန်ချက်က ​ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

အထက်ပါတိုက်ခိုက်မှုများကို ယမန်နေ့နံနက် ၁၀ နာရီခန့်တွင်တစ်ကြိမ်၊ ၁၁ နာရီခန့်တွင် တစ်ကြိမ်နှင့် နေ့လယ် ၁ နာရီခန့်တွင် တစ်ကြိမ် အသီးသီးပြုလုပ်ခဲ့ပြီး Dragon Warrior အဖွဲ့နှင့် Yadanarbon Phoenix Guerilla Force (YPGF) အဖွဲ့တို့ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့မှာ အမျိုးသားပုံစံဝတ်ဆင်နေထိုင်တဲ့ ပစ္စည်းတွေသယ်ယူပို့ဆောင်ပေးသူ(Delivery) အမျိုးသမီးတစ်ဦး ပစ္စည်းပို့ရင်း ပျောက်ဆုံးနေကြောင်း သတင်းရရှိပါတယ်။

သတင်း

မန္တလေးမြို့မှာ ဆိုင်ကယ်စီးနင်းလာသူ အမျိုးသားတစ်ဦး အုပ်စုဖွဲ့ ဆိုင်ကယ်လုယက် ခံလိုက်ရပါတယ်။

နိုင်ငံတကာ

အစ္စရေးကို တိုက်ခိုက်ခဲ့တဲ့ ဒုံးကျည်တွေ ပစ်လွှတ်နေပုံ ဗီဒီယိုတွေကို အီရန်က ထုတ်လွှင့် ပြသခဲ့ပါတယ်။

သတင်း

မန္တလေးမြို့မှာ စုံ/မစနစ်နဲ့ မော်တော်ယာဥ်တွေ ပြန်လည်ဖမ်းဆီးလာပြီး ယာဥ်အများအပြား ဖမ်း​ဆီးခံလိုက်ရကြောင်း ဒေသခံတွေက ပြောပါတယ်။