Connect with us

Hi, what are you looking for?

News

ဝန်ထမ်းများ စစ်ကောင်စီလက်အောက်မှ အမြန်ဆုံးနှုတ်ထွက်စွန့်ခွာလာရန် ဂန့်ဂေါ(ပအဖ) ထပ်မံသတိပေး

ထုတ်ပြန်ချက်တွင် ကတိဝန်ခံချက် နမူနာကိုလည်း ဖော်ပြထားသည်။အကြမ်းဖက်စစ်ကောင်စီအားစွန့်ခွာလာကြသော ဝန်ထမ်းများသည် အဆိုပါကတိဝန်ခံချက်ကို တင်ပြလာမှသာ ဂန့်ဂေါမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က စိစစ်ပြီး တရားဝင်ကြောင်းအသိအမှတ်ပြုမည်ဟု ဆိုသည်။

မကွေးတိုင်း ဂန့်ဂေါမြို့နယ်အတွင်းရှိ စစ်ကောင်စီလက်အောက်ခံ ဌာနဆိုင်ရာဝန်ထမ်းများအနေဖြင့် အကြမ်းဖက်စစ်တပ် လက်အောက်မှ အမြန်ဆုံးနှုတ်ထွက် စွန့်ခွာလာကြရန် ထပ်မံသတိပေးတိုက်တွန်းလိုက်ကြောင်း ဂန့်ဂေါမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်လိုက်သည်။

ဖေဖော်ဝါရီ ၁၄ရက်တွင် ဂန့်ဂေါမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က စစ်ကောင်စီလက်အောက်မှ နှုတ်ထွက်လာသောဝန်ထမ်းများဆိုင်ရာ အသိပေးကြေညာချက် ထုတ်ပြန်ရာတွင် အထက်ပါအတိုင်း သတိပေးခဲ့ခြင်းဖြစ် သည်။

ဂန့်ဂေါမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့သည် ဂန့်ဂေါမြို့နယ်အတွင်း စစ်ကောင်စီလက်အောက်ခံဌာနဆိုင်ရာများမှ ဝန်ထမ်းများ လုပ်ငန်းစွန့်ခွာနှုတ်ထွက်လာသည်ကို လုပ်ထုံးလုပ်နည်းများနှင့်အညီ လက်ခံဆောင်ရွက်လျက်ရှိကြောင်း ဖော်ပြထားပြီး ကတိဝန်ခံချက် တစ်စောင်ကို ဂန့်ဂေါမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ထံ လိပ်မူပြီး ပေးပို့တင်ပြကြရမည်ဟု ဆိုသည်။

ထုတ်ပြန်ချက်တွင် ကတိဝန်ခံချက် နမူနာကိုလည်း ဖော်ပြထားသည်။အကြမ်းဖက်စစ်ကောင်စီအားစွန့်ခွာလာကြသော ဝန်ထမ်းများသည် အဆိုပါကတိဝန်ခံချက်ကို တင်ပြလာမှသာ ဂန့်ဂေါမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က စိစစ်ပြီး တရားဝင်ကြောင်းအသိအမှတ်ပြုမည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

ကတိဝန်ခံချက်တွင် အမည်၊လုပ်ကိုင်ခဲ့​သောဌာန၊အကြမ်းဖက်စစ်​ကောင်စီမှနှုတ်ထွက်​သော​နေ့ရက်နှင့် အမျိုးသားညီညွတ်​​ရေးအစိုးရကိုသစ္စာခံမည်ဖြစ်​ကြောင်း ၊ အကြမ်းဖက်စစ်​ကောင်စီကို တိုက်ရိုက်ဖြစ်​စေ သွယ်ဝိုက်ဖြစ်​စေ အကူအညီမ​ပေး​ကြောင်း​ကတိပြုချက်နှင့် ကတိပြုထားချက်ကို​ဖောက်ဖျက်ကျူးလွန်ပါက ဂန့်​ဂေါမြို့နယ်ပြည်သူ့အုပ်ချုပ်​ရေအဖွဲ့က စည်းမျှဥ်းစည်းကမ်းအရအ​ရေးယူသည်ကို ခံယူပါမည်ဟု ကတိ့ပြု​ကြောင်းပါရှိသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။

ဆောင်းပါး

နောက်ကျိနေတဲ့မြစ်ရေတွေမြို့ထဲကို အရှိန်ပြင်းပြင်း စီးဝင်လာလို့ လူတွေက ဘေးလွတ်ရာထွက်ပြေးနေကြပါတယ်။ မြို့‌ကောင်းကင်ယံမှာက ရဟတ်ယာဉ်နဲ့ Y12လေယာဉ်၊ ဂျက်ဖိုက်တာတချို့ တဝီဝီပျံသန်းနေပါတယ်။

Facebook