Connect with us

Hi, what are you looking for?

News

ပုလောမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်၏ အပတ်စဥ်(၄) သင်တန်းဆင်းပွဲ

သင်တန်းဆင်းပွဲတွင် အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်ပေးပို့သော သဝဏ်လွှာဖတ်ကြားပြီး သက်ဆိုင်ရာတာဝန်ရှိသူများက အမှာစကားပြောခြင်း၊ ကတိသစ္စာပြုခြင်းနှင့် သင်တန်းဆင်းလက်မှတ်များ ပေးအပ်ခြင်းတို့ ပြုလုပ်ခဲ့သည်။

ဓာတ်ပုံ - ပုလော PDF

ပုလောမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်မတော်၏ သင်တန်းအပတ်စဥ်(၄) သင်တန်းဆင်းပွဲပြုလုပ်ခဲ့ကြောင်း ယင်းတပ်က ထုတ်ပြန်သည်။

ဓာတ်ပုံ – ပုလော PDF

အဆိုပါ အခြေခံစစ်ပညာသင်တန်းဆင်းပွဲကို ပုလောမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်မ တော် (T2 ဇုံ)တွင် ပြုလုပ်ခဲ့ပြီး ဖေဖော်ဝါရီ ၁၃ ရက် ဗိုလ်ချုပ်မွေးနေ့တွင် ပြုလုပ်ခဲ့ခြင်းကြောင့် သမိုင်းမှတ်တိုင်တစ်ခု စိုက်ထူးနိုင်ခဲ့ကြောင်း ဖော်ပြသည်။

သင်တန်းဆင်းပွဲတွင် အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်ပေးပို့သော သဝဏ်လွှာဖတ်ကြားပြီး သက်ဆိုင်ရာတာဝန်ရှိသူများက အမှာစကားပြောခြင်း၊ ကတိသစ္စာပြုခြင်းနှင့် သင်တန်းဆင်းလက်မှတ်များ ပေးအပ်ခြင်းတို့ ပြုလုပ်ခဲ့သည်။

ဓာတ်ပုံ – ပုလော PDF

ပုလောမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်မတော်သည် NUGအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန၊ တောင်ပိုင်းတိုင်းစာဌာနချုပ်၊ တနသ်ာရီစစ်ဒေသခွဲလက်အောက်တွင် တည်ရှိသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) နဲ့ မြို့နယ်ပြည်သူ့ ကာကွယ်ရေးအဖွဲ့ (ပကဖ) ရဲဘော်တွေက လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် (၈၁) နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် လှုပ်ရှားမှုတွေကို ဒီက​နေ့ (ဇွန် ၁၉)မှာ အသီးသီးပြုလုပ်ခဲ့ပါတယ်။

သတင်း

ပဲခူးတိုင်း စစ်ဌာနနဲ့ အာဠာဝက တပ်ရင်းက ရဲဘော်တွေ၊ Beyond Sittaung အဖွဲ့သားတွေကလည်း ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ အမှတ်တရအဖြစ် ရုပ်သံဗွီဒီယိုတစ်ခု ဝေမျှခဲ့ပါတယ်။

သတင်း

တော်လှန်ရေးစိုးမိုးနယ်မြေအတွင်း လောင်းကစားဝိုင်းတွေ ချက်ချင်းရပ်တန့်ကြဖို့နဲ့ ဆက်လက်လုပ်ဆောင်ပါက ဖမ်းဆီးအရေးယူမယ့်အပြင် အသက် (၁၈) နှစ်မှ (၃၀) နှစ်ကြား လူငယ်တွေကို စစ်သင်တန်းပေးကာ တော်လှန်ရေးရဲဘော်အဖြစ် တာဝန်ပေးအပ်သွားမှာဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ပခုက္ကူခရိုင် တပ်ရင်း(၁၅)နဲ့ ယင်းမာပင်ခရိုင် အမှတ်(၁၁)တပ်ရင်းတို့က ပူးတွဲသတိပေး ထုတ်ပြန်ပါတယ်။

သတင်း

တတက(၁၃)ကျောင်းအုပ်ကြီးနဲ့အမှတ်(၄)လေကြောင်းချီတပ်မဟာကွပ်ကဲမှုဌာနချုပ် ဗိုလ်မှူးချုပ် ၂ဦး ဒဏ်ရာရ