ပုလောမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်မတော်၏ သင်တန်းအပတ်စဥ်(၄) သင်တန်းဆင်းပွဲပြုလုပ်ခဲ့ကြောင်း ယင်းတပ်က ထုတ်ပြန်သည်။
အဆိုပါ အခြေခံစစ်ပညာသင်တန်းဆင်းပွဲကို ပုလောမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်မ တော် (T2 ဇုံ)တွင် ပြုလုပ်ခဲ့ပြီး ဖေဖော်ဝါရီ ၁၃ ရက် ဗိုလ်ချုပ်မွေးနေ့တွင် ပြုလုပ်ခဲ့ခြင်းကြောင့် သမိုင်းမှတ်တိုင်တစ်ခု စိုက်ထူးနိုင်ခဲ့ကြောင်း ဖော်ပြသည်။
သင်တန်းဆင်းပွဲတွင် အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်ပေးပို့သော သဝဏ်လွှာဖတ်ကြားပြီး သက်ဆိုင်ရာတာဝန်ရှိသူများက အမှာစကားပြောခြင်း၊ ကတိသစ္စာပြုခြင်းနှင့် သင်တန်းဆင်းလက်မှတ်များ ပေးအပ်ခြင်းတို့ ပြုလုပ်ခဲ့သည်။
ပုလောမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်မတော်သည် NUGအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန၊ တောင်ပိုင်းတိုင်းစာဌာနချုပ်၊ တနသ်ာရီစစ်ဒေသခွဲလက်အောက်တွင် တည်ရှိသည်။