Connect with us

Hi, what are you looking for?

News

ရန်ကြီး​အောင်​ကျေးရွာတွင် တပ်စွဲ​နေ​သောစစ်​ကောင်စီတပ်ကို PDFနှစ်ဖွဲ့တိုက်ခိုက်၊ စစ်​​ကောင်စီတပ် ၅ဦး​သေ

အကြမ်းဖက်စစ်ကောင်စီတပ်သည် ရန်ကြီးအောင်ကျေးရွာတွင် ဒေသခံများကို ပြည်သူစစ်ဖွဲ့ရန် ဖိအားပေးစည်းရုံးနေပြီး ဒေသခံများကိုလည်း ဖေဖော်ဝါရီ ၁၅ ရက်အတွင်း ရှောင်တိမ်းရန်နှင့် မလိုက်နာပါက မီးရှို့မည်ဟု ခြိမ်းခြောက်နေသည်ဟုလည်း သိရသည်။

(ဓါတ်ပုံ- CDF-KKG တပ်ဖွဲ့ဝင်များ)

● စစ်​ကောင်စီတပ်က ရန်ကြီး​​အောင်ရွာကို ပြည်သူ့စစ်မဖွဲ့လျှင် ရွာကိုမီးရှို့မည်ဟုခြိမ်း​ခြောက်​နေ

ကလေးမြို့တောင်ပိုင်း ရန်ကြီးအောင်ကျေးရွာတွင် တပ်စွဲထားသည် အကြမ်းဖက်စစ်ကောင်စီတပ်စခန်းကို ဒေသခံကာကွယ်ရေးတပ်ဖွဲ့နှစ်ခုက ယ​နေ့(ဖေဖော်ဝါရီ၁၄ရက်) ဝင်ရောက်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်ကောင်စီတပ်သား ၅ဦးသေဆုံးခဲ့သည်ဟု CDF-KKGက သတင်ထုတ်ပြန်သည်။

ယနေ့ညနေ၆နာရီတွင် အကြမ်းဖက်စစ်ကောင်စီတပ်ကို ဒေသခံကာကွယ်ရေးတပ်များက လက်နက်ကြီး၊ လက်နက်ငယ်များဖြင့်ဝင်ရောက်တိုက်ခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီတပ်ဘက်မှလည်း ပြန်လည်ခုခံ၍ တိုက်ပွဲ တစ်နာရီကြာဖြစ်ပွားခဲ့သည်ဟု ချင်း​ပြည်ကာကွယ်ရေးတပ်ဖွဲ့ -ကလေး-ကဘော်-ဂန့်ဂေါ (CDF-KKG)၏ထုတ်ပြန်ချက်တွင် ​ဖော်ပြထားသည်။

ထိုတိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်မှ ၅ဦးကျဆုံးပြီး ဒဏ်ရာရရှိသူများရှိသော်လည်း ဒေသခံကာကွယ် ရေးတပ်များဘက်မှအထိအခိုက် အကျအဆုံးမရှိခဲ့ဟု ပါရှိသည်။

Public Service Announcement

Public Service Announcement

အကြမ်းဖက်စစ်ကောင်စီတပ်သည် ရန်ကြီးအောင်ကျေးရွာတွင် ဒေသခံများကို ပြည်သူစစ်ဖွဲ့ရန် ဖိအားပေးစည်းရုံးနေပြီး ဒေသခံများကိုလည်း ဖေဖော်ဝါရီ ၁၅ ရက်အတွင်း ရှောင်တိမ်းရန်နှင့် မလိုက်နာပါက မီးရှို့မည်ဟု ခြိမ်းခြောက်နေသည်ဟုလည်း သိရသည်။

ရန်ကြီးအောင်ကျေးရွာတွင် တပ်စွဲထားသည့် အကြမ်းဖက်စစ်ကောင်စီတပ်ကို ဖေဖော်ဝါရီ ၁၂ ရက်ကလည်း CDF-KKGနှင့် ရိန်းဂျားကလေးပြည်သူကာကွယ်ရေးတပ်တို့က ဝင်ရောက်တိုက်ခဲ့သည်။ ထို​နောက်စစ်ကောင်စီတပ်သည် ဖေဖော်ဝါရီ ၁၃ ရက် ည ၆နာရီခန့်တွင် စစ်ဘေးရှောင်များရှိရာကို လက်နက်ကြီးဖြင့် ၄ ကြိမ်ပစ်ခတ်ခဲ့သည်။

ဖေဖော်ဝါရီ ၄ရက်မှစ၍ ကလေးမြို့တောင်ပိုင်းတွင် ဒေသခံကာကွယ်ရေးတပ်များနှင့် အကြမ်းဖက်စစ်ကောင်စီတို့ကြားတိုက်ပွဲများ ပြင်းထန်နေခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

နွားထိုးကြီးမြို့ဆိုင်းဘုတ်ရှေ့ကနေ PDFတပ်ရင်းမှူးကိုစိုးအောင် ကို နာမည်တပ်စိန်ခေါ်တာ တွေဆက်တိုက်လုပ်ခဲ့တဲ့အာဏာသိမ်းစစ်တပ်လက်​အောက်ခံရဲကွန်မန်ဒိုစစ်ကြောင်းကဆိုတဲ့ ရဲတပ်ဖွဲ့ဝင် ကောင်းထက်ဖြိုးရဲ့ မိဘတွေထံ PDF ​တွေကသွား​ရောက်​တွေ့ဆုံပြီး သားဖြစ်သူကိုထိန်းကြောင်းပေးဖို့ပြောခဲ့ကြပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ယာဥ်တန်းနဲ့ စစ်သားတွေကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)က FPV ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့တဲ့ရုပ်သံမှတ်တမ်းကို PDF စစ်ရုံးချုပ်က ဒီကနေ့ မှာ ထပ်မံထုတ်ပြန်ပါတယ်။

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေထိန်းချုပ်ထားတဲ့မြို့သစ်မြို့နယ်ထဲမှာ စစ်တပ်​လက်​အောက်ခံရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တဦးက လက်နက်ခဲယမ်း တွေယူဆောင်လာပြီးတမူးခရိုင်၊အမှတ်(၂)တပ်ရင်းထံအလင်းဝင်လာပါတယ်။

သတင်း

ဗိုလ်မှူးအဆင့်အပါအဝင်၉ဦးသေဆုံး ၊လက်နက်မျိုးစုံ ၆ လက်နဲ့ခဲယမ်း​တွေရ၊​ဟောင်ဝစ်ဇာကိုမသယ်နိုင်လို့ဖျက်ဆီးခဲ့