Connect with us

Hi, what are you looking for?

News

မြင်းမူမြို့နယ်သို့ ဖြတ်သွားသော စစ်ကောင်စီယာဥ်တန်းများ မိုင်းခွဲတိုက်ခိုက်ခံရ၊ ထိခိုက်သေဆုံးများနိုင်ဟုဆို

စစ်ကောင်စီတပ်ယာဥ်တန်းများအား တိုက်ခိုက်ခဲ့သည့် နှစ်ကြိမ်စလုံးတွင် စစ်ကောင်စီဘက်မှ အသေအပျောက်များနိုင်ကြောင်း MMUPက ထုတ်ပြန်ထားသည်။

(MMUPDF ရဲ​ဘော်များ ​လေ့ကျင့်​နေသည်ကို ​တွေ့ရစဥ်)

မြင်းမူမြို့နယ်သို့ ဖြတ်သန်းသွားလာသည့် စစ်ကောင်စီယာဥ်တန်းများကို မိုက်ခွဲတိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးများနိုင်ကြောင်း မြင်းမူမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(MMUPDF)က ယနေ့ (ဖေဖော်ဝါရီ ၁၅) ထုတ်ပြန်သည်။

ယနေ့ နံနက် ၉ နာရီခွဲခန့်က မုံရွာမှ စစ်ကိုင်းမြို့သို့သွားသော ၁၂စီးပါ စစ်ကောင်စီယာဥ်တန်းကို မြင်းမူနယ် အာလ္လကပ္ပရွာနှင့် ဝမ်းပြည့်ရွာကြားတွင် မိုင်းခွဲတိုက်ခိုက်ခဲ့ရာ စစ်ကားနှစ်စီးမိုင်းထိပြီး တစ်စီးပျက်စီးကာ ထိုးရပ်သွားကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ထို့အပြင် ယနေ့ နေ့လယ် ၃ နာရီ ၂၀ခန့်တွင်လည်း စစ်ကိုင်းမှ မုံရွာမြို့သို့သွားသော ယာဥ်လေးစီးပါ စစ်ကောင် စီတပ်ယာဥ်တန်းကို အာလ္လကပ္ပရွာနှင့် ဝမ်းပြည့်ရွာကြားတွင် ဆက်လက်မိုင်းခွဲတိုက်ခိုက်ခဲ့သည်ဟု MMUPDF ၏ ထုတ်ပြန်ချက်က ဆိုသည်။

မိုင်းခွဲတိုက်ခိုက်ခံရခြင်းကြောင့် စစ်ကောင်စီတပ်မှ ယာဥ်တစ်စီး လုံးဝထိမှန်သွားပြီး ထိခိုက်သေဆုံးမှုများနိုင်ကြောင်း MMUPDF က အသိပေးသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီတပ်ယာဥ်တန်းများအား တိုက်ခိုက်ခဲ့သည့် နှစ်ကြိမ်စလုံးတွင် စစ်ကောင်စီဘက်မှ အသေအပျောက်များနိုင်ကြောင်း MMUPက ထုတ်ပြန်ထားသည်။

တိုက်ခိုက်မှုများကို မဟာမိတ် ၅ ဖွဲ့ဖြစ်သော MMUPDF ၊ မြင်းမူလျှပ်စီး၊ Black Eagle ၊ မြောင် PDF စသည့်အဖွဲ့အစည်းများ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထိုအပြင်စစ်​ကောင်စီဘက်မှ မနားတမ်းပြန်လည်ပစ်ခတ်သည့်ကြားမှ ပြည်သူ့ရဲဘော်များ တစ်ဦးတစ်ယောက်မှ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း
မဟာမိတ်အဖွဲ့များက ထုတ်ပြန်သည်။

စစ်ကိုင်းနှင့် ချောင်းဦးမြို့နယ်များရှိ မုံရွာ-မန္တလေးလမ်းမကြီးပေါ်တွင်လည်း ယနေ့နံနက်ပိုင်းကပင် စစ်ကိုင်းနှင့် ချောင်းဦးရှိ ပြည်သူ့ကာကွယ်ရေးအဖွဲ့များက အကြမ်းဖက်စစ်ကောင်စီအဖွဲ့အား သုံးကြိမ်တိုင် တိုက်ခိုက်ခဲ့သေးသည်။

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်မြို့၊တောင်ဥက္ကလာပမြို့နယ်မှာ အမျိူသမီး ၁ဦး ဓာတ်လိုက်သေဆုံးမှုဖြစ်ခဲ့တယ်လို့ သွားရောက်ကူညီပေးခဲ့တဲ့ မေတ္တာသီတာရေစင်လူမှုကူညီရေးအသင်းက အသိပေးထားပါတယ်။

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။

သတင်းဆောင်းပါး

ထီးချိုင့်၊ကသာ၊အင်း​တော်မြို့နယ်​တွေမှာစစ်တပ် စစ်ကြောင်းတွေကို တော်လှန်ရေးတပ်တွေက ပျောက်ကြားတိုက်ခိုက်ချိန်မှာ အလောင်းအများစုရဲ့ ယူနီဖောင်း​တွေဟာ စစ်မှုမထမ်းမ​နေရဥပ​ဒေနဲ့ အဓမ္မစု​ဆောင်းထားတဲ့ ၊​ပေါ်တာဆွဲထားတဲ့ စစ်သားသစ်​တွေရဲ့ပစ တံဆိပ်တွေဖြစ်နေတယ်လို့ ပျောက်ကြားတိုက်ခိုက်မှုမှာပါဝင်နေတဲ့ တော်လှန်ရေး ရဲဘော်တဦးက ပြောပါတယ်။