Connect with us

Hi, what are you looking for?

News

တယ်လီနောသုံးစွဲသူများ၏ အချက်အလက်များ စစ်ကောင်စီသို့လွှဲပြောင်းမှုကို မတားဆီးနိုင်ကြောင်း နော်ဝေးစက်မှုဝန်ကြီးပြော

နော်ဝေးအစိုးရသည် တယ်လီနောမြန်မာကို စစ်အာဏာရှင်များသို့ရောင်းချရာတွင် သုံးစွဲသူများ ၏ အချက်အလက်များကို လွှဲပြောင်းမှုကို တားဆီးနိုင်မည်မဟုတ်ကြောင်း စက်မှုဝန်ကြီးက ပြောသည်။

ကိုးကား - Reuters၊ ဓာတ်ပုံ - Telenor Myanmar

တယ်လီနောမြန်မာကို မရောင်းချမီ အချက်အလက်များကို ဖျက်ပစ်ရန် နော်ဝေးအမတ်အကြံပြု

တယ်လီနောသုံးစွဲသူများ၏ အချက်အလက်များကို မြန်မာစစ်ကောင်စီသို့လွှဲပြောင်းမှုကို မတားဆီးနိုင်ကြောင်း နော်ဝေးစက်မှုဝန်ကြီးက ယနေ့(ဖေဖော်ဝါရီ ၁၆ရက်)ထုတ်ဖော်ပြောကြားသည်။

နော်ဝေးအစိုးရသည် တယ်လီနောမြန်မာကို စစ်အာဏာရှင်များသို့ရောင်းချရာတွင် သုံးစွဲသူများ ၏ အချက်အလက်များကို လွှဲပြောင်းမှုကို တားဆီးနိုင်မည်မဟုတ်ကြောင်း စက်မှုဝန်ကြီးက ပြောသည်။

နော်ဝေးအစိုးရက ရှယ်ယာအများစုပိုင်ဆိုင်သော တယ်လီနောသည် မြန်မာနိုင်ငံ၌ ၎င်း၏လုပ် ငန်းများကို စစ်အာဏာရှင်များကို ရောင်းချရာတွင် သုံးစွဲသူ ၁၈ သန်း၏ ကိုယ်ရေးအချက် အလက်များကို အာမခံရန်အချို့သောအဖွဲ့အစည်းဆိုင်ရာရင်းနှီးမြှုပ်နှံသူများနှင့် လူ့အခွင့်အရေးအဖွဲ့များ၏ ဖိအားပေးမှုကို ရင်ဆိုင်နေရသည်။

Public Service Announcement

Public Service Announcement

“မြန်မာနိုင်ငံရှိ လုပ်ငန်းခွဲ ဆက်သွယ်ရေးကုမ္ပဏီပိုင်ရှင်အနေနဲ့ သုံးစွဲသူအချက်အလက်တွေ မြန်မာစစ်ကောင်စီလက်ထဲ အပြီးသတ်ရောက်ရှိမှာကို မတားဆီးနိုင်ပါဘူး”ဟု စက်မှုဝန်ကြီး Jan Christian Vestre က နော်ဝေးလွှတ်တော်၌ ပြောကြားသည်။

တယ်လီနောမြန်မာကို ရောင်းချခြင်းသည် ဆိုးရွားမှုအနည်းဆုံးရလဒ်ဖြစ်သည်ဟု တယ်လီနောကုမ္ပဏီက ယုံကြည်ထားသည်ဟု ယင်းစက်မှုဝန်ကြီးက ပြောသည်။ စက်မှုဝန်ကြီးသည် တယ်လီ နောကုမ္ပဏီတွင် အစိုးရပိုင်ရှယ်ယာကို တာဝန်ခံစီမံကြီးကြပ်သူဖြစ်သည်။

မြန်မာစစ်အာဏာရှင်များက ပြည်တွင်းကုမ္ပဏီ ရွှေဗျိုင်းဖြူကို တယ်လီနောမြန်မာဝယ်ယူရန် ဆက်လက်လုပ်ပိုင်ခွင့်ပေးထားပြီး မကြာခင် အပြီးသတ်ရောင်းချမှုဖြစ်မည်ဟု Reuters က ပြီးခဲ့သည့်သီတင်းပတ်တွင် ရေးသားခဲ့သည်။

စစ်ကောင်စီလက်ထဲသို့ တယ်လီနောမြန်မာသုံးစွဲသူ ၁၈ သန်း၏ အချက်အလက်များ ရောက်ရှိနိုင်ဖွယ်ရှိနေမှုကို လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသည့် အဖွဲ့အချို့က ကန့်ကွက်ဆန္ဒထုတ်ဖော်မှု အများအပြားပြုလုပ်ခဲ့ပြီး ရောင်းချမှုကို ရပ်တန့်ရန် တောင်းဆိုခဲ့ကြသည်။

နော်ဝေးဥပဒေပြုအမတ် Ola Elvestuen က တယ်လီနောသည် ရောင်းချမှုမပြီးခင် သုံးစွဲသူများ၏ အချက်အလက်များကို ဖျက်ဆီးပစ်သင့်ကြောင်း ပြောသည်။

“ကန့်ကွက်ဆန္ဒပြသူတွေနဲ့ ဒီမိုကရေစီအရေးတိုက်ပွဲဝင်နေသူတွေရဲ့ သဘောထားက ရှင်းပါတယ်။ အရေးကြီးဆုံးဆုံးဖြတ်ချက်က ဒီအချက်အလက်တွေကို ဖျက်ဆီးပစ်လိုက်ဖို့ပါပဲ” ဟု Elvestuen က Reuters သတင်းဌာနကို ပြောသည်။

တယ်လီနောပြောရေးဆိုခွင့်ရှိသူကမူ သုံးစွဲသူများ၏အချက်အလက်များကို ဖျက်ဆီးခြင်းသည် မြန်မာနိုင်ငံရှိ ဆက်သွယ်ရေးလိုင်စင်ကိုချိုးဖောက်ခြင်းဖြစ်မည်ဟု ပြောကြားထားသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

မောင်ဖြစ်သူ နော်ဝေးဘုရင်ရဲ့ ဈာပနကို တက်ရောက်ပြီး ၂ ရက်အကြာမှာပဲ နော်ဝေး မင်းသမီးကြီး အက်စ်ထရစ်လည်း ကွယ်လွန်သွားကြောင်း သိရပါတယ်။

နိုင်ငံတကာ

နော်ဝေးနိုင်ငံက ထိန်းချုပ်ထားတဲ့ ရုရှား သင်္ဘောကို ချက်ချင်း ပြန်လွှတ်ပေးဖို့ ရုရှားက တောင်းဆိုလိုက်ပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်