Connect with us

Hi, what are you looking for?

LuduNwayOo

News

ဆောနယ်သို့ စစ်​ကြောင်းထိုးလာ​သော စစ်​ကောင်စီတပ်ကိုတိုက်ခိုက်ရာ ၂၀ဦးထက်မနည်း​သေဟု ဆောပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့​ပြော

ဖေဖော်ဝါရီ ၁၁ ရက် ညနေပိုင်းအချိန်တွင် YDF (Saw &Kyaukhtu) ၊ PDF(Saw) ၊ CDF (Kanpetlet) ၊ CNA/CNF ပူးပေါင်းတပ်ဖွဲ့များနှင့် အကြမ်းဖက် စစ်​ကောင်စီတပ်တို့ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့သည်။

မ​ကွေးတိုင်း ဆောမြို့နယ်သို့ စစ်ကြောင်းထိုးလာသည့်အကြမ်းဖက်စစ်ကောင်စီတပ်ကို မဟာမိတ်တပ်ဖွဲ့များပူးပေါင်းတိုက်ခိုက်ရာ ၂၀ဦးထက်မနည်းသေဆုံးကြောင်း YDF(Saw & Kyaukhtu)က ယနေ့ (ဖေဖော်ဝါရီ ၁၇ ရက်) ထုတ်ပြန်သည်။

​ဖေ​ဖော်ဝါရီ၁၀ရက်ကစ၍ ကျောက်ထုအမြှောက်တပ်မှ ဆောဘက်သို့ ထွက်ခွာလာသော အကြမ်းဖက်စစ်သား ၃၀၀ကျော်ပါသည့် စစ်ယာဥ်တန်း (၁၆)စီးအား ၄ရက်တိတိကင်းစောင့်ပြီး နံနက် ၁၁နာရီအချိန်တွင် YDF (Saw &Kyaukhtu)မှ Remote ဖြင့် ပဒေသာမိုင်း ၁၅ လုံးဖောက်ခွဲတိုက်ခိုက်မှု စတင်ခဲ့သည်။

ထို့နောက် အပြန်အလှန်ပစ်ခတ်ချိန် မိနစ်အနည်းငယ်ခန့်ကြာမြင့်ခဲ့ပြီး ထိခိုက်ပျက်စီးမှုရှိသော အကြမ်းဖက် စစ်တပ်ဘက်မှ Mi 35 ရဟတ်ယာဥ်ဖြင့် လုံခြုံရေးယူပေးခဲ့ရသည်။

ထိုနေ့ ညနေပိုင်းတွင် သံဘောင်တံတားအနီး၌ အကြမ်း ဖက်စစ်ကောင်စီတပ်အား YDF (Saw & Kyaukhtu) တပ်ဖွဲ့မှ စလစ်အိုးမိုင်းအကြီး တစ်လုံး ၊ ပဒေသာမိုင်း နှစ်လုံးဖြင့်ဆက်လက် ဖောက်ခွဲတိုက်ခိုက်ခဲ့သည်။

Public Service Announcement

Public Service Announcement

ဖေဖော်ဝါရီ ၁၁ ရက် ညနေပိုင်းအချိန်တွင် YDF (Saw &Kyaukhtu) ၊ PDF(Saw) ၊ CDF (Kanpetlet) ၊ CNA/CNF ပူးပေါင်းတပ်ဖွဲ့များနှင့် အကြမ်းဖက် စစ်​ကောင်စီတပ်တို့ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့သည်။

အလားတူ ဖေဖော်ဝါရီ ၁၂ ရက် နံနက် ၆ နာရီခွဲခန့်က စတင်ပြီး YDF (Saw & Kyaukhtu)၊ PDF (Saw)၊ CDF (Kanpetlet)၊ CNA/CNF၊ ပေါက် တောင်ပိုင်း​ပြောက်ကျားတပ်ဖွဲ့များနှင့် အကြမ်းဖက်စစ်ကောင်စီတို့ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး တိုက်ပွဲကြာချိန်မှာ ၁နာရီခွဲခန့် ကြာမြင့်ခဲ့သည်။

တိုက်ပွဲမှာ ပြင်းထန်ခဲ့ပြီး အကြမ်းဖက်စစ်သား ၃၀၀ ကျော်နှင့် စစ်ယာဥ်တန်း ၁၆ စီးပါဝင်သော အကြမ်းဖက်စစ်ကောင်စီစစ်ကြောင်းမှာ အထိနာ၍ ရှေ့မတိုးနိုင်ဘဲ ဖြစ်နေခဲ့သည်။

ထိုတိုက်ပွဲတွင် YDF (Saw & Kyaukhtu)၊ ဒေသတွင်းကာကွယ်ရေးတပ်ဖွဲ့များနှင့် မဟာမိတ်ကာကွယ်ရေးတပ်ဖွဲ့များ၏ စည်းလုံးညီညွတ်မှုဖြင့် ပူးပေါင်းတိုက်ခိုက်ခဲ့ကြပြီး အကြမ်းဖက်စစ်ကောင်စီဘက်မှ အနည်းဆုံး ၂၀ဦးခန့် သေဆုံးခဲ့သည်ဟုဆိုသည်။

“ဆောဘက်ကို စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက် စကစတပ်ဟာ ထင်ထားတာထက် အထိနာပုံပါပဲ။ ဖေဖော်ဝါရီ ၇ရက်နေ့မှာ ကျောက်ထုဘက်မှ ထွက်လာပြီး ၁၄ ရက်န့မှာ ဆောကို ရောက်ပါတယ်။ ဆောနဲ့ ကျောက်ထုဆိုတာ ၂၃ မိုင်ပဲ ဝေးပါတယ်။ ဖေဖော်ဝါရီ ၁၀ရက်နေ့မှာ စပြီး စကစတပ်ကို ကောင်းကောင်းကြီး ဒုက္ခပေးနိုင်ခဲ့တယ်။ ဖေဖော်ဝါရီ ၁၁ရက်နေ့ ညနဲ့ ဖေဖော်ဝါရီ ၁၂ ရက်နေ့ မနက်ပိုင်းမှာ စကစတပ်​တွေနဲ့ ပူးပေါင်းတပ်ဖွဲ့များ ထိတွေ့တိုက်ပွဲ ဖြစ်ပွါးခဲ့ကြပါတယ်။ကျွန်တော်တို့ဘက်က ထိခိုက်မှု မရှိပေမယ့် မောင်းပြန်တစ်လက်တော့ ပျက်စီးသွားခဲ့တယ်”ဟု ဆောပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

တိုက်ပွဲများအတွင်း YDF(Saw&Kyaukhtu)မှ စစ်ဘေးရှောင် ပြည်သူ ၇၀၀ကျော်ကို ဘေးလွတ်ရာသို့ ကူညီကယ်ထုတ်ပေးခဲ့ပြီး စစ်ဘေးရှောင် ၁၀၀ ကျော်ကို ကူညီစောင့်ရှောက်ပေးခဲ့သည်ဟု အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ နှင့် AA သည် ဘူးသီးတောင်၊ မောင်တော၊ သံတွဲ၊ ကျောက်ဖြူ ၊ အမ်း၊ ​တောင်ကုတ် စသည့် မြို့နယ်များတွင်တိုက်ပွဲများဖြစ်ပွား​နေသည်။

သတင်း

ဧပြီ လ ၂၈ ရက်ကပင် ဒီးမော့ဆို မြို့နယ်၊ပူဖားကျေး ရွာမှာနွားကျောင်းနေသည့် အသက် (၁၄)နှစ်အရွယ် အမျိုးသား တစ်ဦး မိုင်းနင်းမိပြီး သေဆုံးခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များ​က ဆိုသည်။

သတင်း

ဧပြီ ၃၀ရက်က ကျင်းပသည့် NUG ၏ သတင်းစာရှင်းလင်းပွဲ၌ ဝန်ကြီးက ယခုကဲ့သို့ ရှင်းပြပြီး မြေပြင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ စုဖွဲ့မှု အကြောင်းကို ပြောပြသည်။

သတင်း

စစ်မြေပြင်၌ ခွဲခြားရန်ခက်ခဲသော်လည်း အရှင်ဖမ်းဆီးရရှိသည့် စစ်သုံ့ပန်းများထဲမှ အဓမ္မ စစ်မှုထမ်းရသူများအရေးကို စိစစ်ဆောင်ရွက် ပေးလို့ရကြောင်း ၎င်းက ပြောသည်။