Connect with us

Hi, what are you looking for?

News

ရှေ့တန်းမှ တော်လှန်ရေးရဲဘော်များအား ကုသမှုပေးနေသည့် ဒေါက်တာအောင်ကြီး မိုးဗြဲတိုက်ပွဲ၌ ကျဆုံး

ဒေါက်တာအောင်ကြီး လိုချင်သော ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ပေါက်သည်အထိ ပြည်သူများနှင့်အတူ ဆက်လက်တိုက်ပွဲဝင်သွားပါမည်ဟုလည်း ကတိသစ္စာ ပြုကြောင်း KDFက ထုတ်ပြန်သည်။

ကရင်နီဒီမိုကရက်တစ်တပ်ဦး(KDF)အဖွဲ့ဝင် ဒေါက်တာအောင်ကြီးသည် ယနေ့ ဖြစ်ပွားခဲ့သည့် မိုးဗြဲတိုက်ပွဲ၌ ရှေ့တန်းမှ ဒဏ်ရာပြင်းထန် ရဲဘော်များအား ကူညီပေးရင်း အသက်ဆုံးရှုံးခဲ့ရကြောင်း KDFက ထုတ်ပြန်သည်။

ဒေါက်တာအောင်ကြီးသည် ယနေ့(ဖေဖော်ဝါရီ၁၇ရက်) ညနေ ၅နာရီတွင် ကျဆုံးခဲ့ခြင်းဖြစ်ကြောင်း၊ KDF အနေဖြင့် အဖွဲ့၏အားကိုးရသော ဆရာဝန်တစ်ယောက်ဆုံးရှုံး ခဲ့ရသောကြောင့် ဆရာ၏ မိသားစုနှင့်အတူ ထပ်တူဝမ်နည်းကြောင်း ဖော်ပြသည်။

ဒေါက်တာအောင်ကြီး လိုချင်သော ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ပေါက်သည်အထိ ပြည်သူများနှင့်အတူ ဆက်လက်တိုက်ပွဲဝင်သွားပါမည်ဟုလည်း ကတိသစ္စာ ပြုကြောင်း KDFက ထုတ်ပြန်သည်။

မိုးဗြဲမြို့နှင့်အနီးတဝိုက်သို့အင်အားအလုံးအရင်းဖြင့် ဝင်ရောက်လာသည့် စစ်ကောင်စီတပ်ကို ဒေသတွင်း မဟာမိတ်တပ်များက ခုခံတိုက်ခိုက်လျက်ရှိရာ ဖေဖော် ဝါရီ ၁၆ရက်နှင့် ၁၇ရက်တွင် တိုက်ပွဲများပြင်းထန်ခဲ့သည်။ ဖေဖော်ဝါရီ ၁၇ရက်တိုက်ပွဲတွင် စစ်ကောင်စီတပ်မှလည်း သေဆုံးထိခိုက်မှုများပြားခဲ့ပြီး ပြည်သူ့တော် လှန်ရေးရဲဘော်အချို့လည်း ကျဆုံးခဲ့ကြောင်း တိုက်ပွဲတွင်ပါဝင်သည့် ဒီးမော့ဆို PDF ကထုတ်ပြန်ထားသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီတပ်အနေဖြင့် တင့်ကားနှင့်လက်နက်ကြီးပစ်ကူအပြင် လေကြောင်းတိုက်ခိုက်မှုများလည်း လုပ် ဆောင်လျက်ရှိသည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်အတွင်း တိုက်ပွဲတွေမှာ အာဏာသိမ်းစစ်တပ်က အထိနာနေသလို တော်လှန်ရေးတပ်ဖွဲ့တွေထံ အလင်းဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်သားတွေ များပြားလာတယ်လို့လည်း စစ်ကောင်စီကို တိုက်ခိုက်နေတဲ့ ကျားသစ်နက်စစ်ကြောင်းက ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

ကျောက်ဖြူမြို့နယ်၊တောင်မော်ဦး(​တောင်​မော်ကြီး )ရေတပ်စခန်းရဲ့ ကာကင်းတွေအပါအဝင် ရှေ့တန်းစစ်မျက်နှာသုံးခုထက် မနည်းမှာ အာရက္ခတပ်တော်(AA) နဲ့ အာဏာသိမ်းစစ်တပ်တို့ကြားတိုက်ပွဲပြင်းထန်နေလို့ စစ်​ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။