Connect with us

Hi, what are you looking for?

LuduNwayOo

News

ရှေ့တန်းမှ တော်လှန်ရေးရဲဘော်များအား ကုသမှုပေးနေသည့် ဒေါက်တာအောင်ကြီး မိုးဗြဲတိုက်ပွဲ၌ ကျဆုံး

ဒေါက်တာအောင်ကြီး လိုချင်သော ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ပေါက်သည်အထိ ပြည်သူများနှင့်အတူ ဆက်လက်တိုက်ပွဲဝင်သွားပါမည်ဟုလည်း ကတိသစ္စာ ပြုကြောင်း KDFက ထုတ်ပြန်သည်။

ကရင်နီဒီမိုကရက်တစ်တပ်ဦး(KDF)အဖွဲ့ဝင် ဒေါက်တာအောင်ကြီးသည် ယနေ့ ဖြစ်ပွားခဲ့သည့် မိုးဗြဲတိုက်ပွဲ၌ ရှေ့တန်းမှ ဒဏ်ရာပြင်းထန် ရဲဘော်များအား ကူညီပေးရင်း အသက်ဆုံးရှုံးခဲ့ရကြောင်း KDFက ထုတ်ပြန်သည်။

ဒေါက်တာအောင်ကြီးသည် ယနေ့(ဖေဖော်ဝါရီ၁၇ရက်) ညနေ ၅နာရီတွင် ကျဆုံးခဲ့ခြင်းဖြစ်ကြောင်း၊ KDF အနေဖြင့် အဖွဲ့၏အားကိုးရသော ဆရာဝန်တစ်ယောက်ဆုံးရှုံး ခဲ့ရသောကြောင့် ဆရာ၏ မိသားစုနှင့်အတူ ထပ်တူဝမ်နည်းကြောင်း ဖော်ပြသည်။

ဒေါက်တာအောင်ကြီး လိုချင်သော ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ပေါက်သည်အထိ ပြည်သူများနှင့်အတူ ဆက်လက်တိုက်ပွဲဝင်သွားပါမည်ဟုလည်း ကတိသစ္စာ ပြုကြောင်း KDFက ထုတ်ပြန်သည်။

မိုးဗြဲမြို့နှင့်အနီးတဝိုက်သို့အင်အားအလုံးအရင်းဖြင့် ဝင်ရောက်လာသည့် စစ်ကောင်စီတပ်ကို ဒေသတွင်း မဟာမိတ်တပ်များက ခုခံတိုက်ခိုက်လျက်ရှိရာ ဖေဖော် ဝါရီ ၁၆ရက်နှင့် ၁၇ရက်တွင် တိုက်ပွဲများပြင်းထန်ခဲ့သည်။ ဖေဖော်ဝါရီ ၁၇ရက်တိုက်ပွဲတွင် စစ်ကောင်စီတပ်မှလည်း သေဆုံးထိခိုက်မှုများပြားခဲ့ပြီး ပြည်သူ့တော် လှန်ရေးရဲဘော်အချို့လည်း ကျဆုံးခဲ့ကြောင်း တိုက်ပွဲတွင်ပါဝင်သည့် ဒီးမော့ဆို PDF ကထုတ်ပြန်ထားသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီတပ်အနေဖြင့် တင့်ကားနှင့်လက်နက်ကြီးပစ်ကူအပြင် လေကြောင်းတိုက်ခိုက်မှုများလည်း လုပ် ဆောင်လျက်ရှိသည်။

ဆက်စပ်သတင်းများ

သတင်း

ဧပြီ ၃၀ရက်က ကျင်းပသည့် NUG ၏ သတင်းစာရှင်းလင်းပွဲ၌ ဝန်ကြီးက ယခုကဲ့သို့ ရှင်းပြပြီး မြေပြင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ စုဖွဲ့မှု အကြောင်းကို ပြောပြသည်။

သတင်း

စစ်ကူလာ​နေ​သော စစ်​ကောင်စီတပ်များကို ပြတ်ပြတ်သားသားတိုက်ခိုက်​ချေမှုန်းသွားမည်ဖြစ်​ကြောင်းကရင်အမျိုးသားအစည်းအရုံး(KNU )ပြော​​ရေးဆိုခွင့်ရှိသူ ပဒို​စော​တောနီးက မီဒီယာများအား ​ဧပြီ ၂၄ရက်တွင် ပြောကြားထားသည်။

သတင်း

စစ်မြေပြင်၌ ခွဲခြားရန်ခက်ခဲသော်လည်း အရှင်ဖမ်းဆီးရရှိသည့် စစ်သုံ့ပန်းများထဲမှ အဓမ္မ စစ်မှုထမ်းရသူများအရေးကို စိစစ်ဆောင်ရွက် ပေးလို့ရကြောင်း ၎င်းက ပြောသည်။

အတွေးအမြင်

ဒီစစ်ဆင်​ရေးဟာ စစ်အုပ်စုက မြဝတီ ၊သဃ်န်းညီ​နောင် ကဆုံးရှုံးထားတဲ့ စစ်စခန်း​တွေကိုပြန်သိမ်းပိုက်နိုင်ဖို့ ရည်ရွယ်ထား​ပေမယ့် ထင်တိုင်းတိုးမ​ပေါက်ပဲ စစ်ဦးကျိုးပြီး စစ်ရှုံးပြီသွားဆိုရင်​တော့ စစ်​ကောင်စီ ပေးဆပ်ရမယ့် ဆုံးရှုံးမှုက အလွန်ကြီးမားပါလိမ့်မယ် ။ ။