Connect with us

Hi, what are you looking for?

News

မမြသွဲ့သွဲ့ခိုင်အပါအဝင် စစ်တပ်အာဏာသိမ်းပြီးကတည်းက သေဆုံးခဲ့သူများနှင့် ကျန်ရစ်သူမိသားစုများကို အမှတ်ရ၊စာနာကြောင်း ပြင်သစ်နှင့် ကနေဒါသံရုံးထုတ်ပြန်

မမြသွဲ့သွဲ့ခိုင်သည် စစ်တပ်၏ မိုက်ရူးရဲဆန်ပြီး အကြီး အကျယ်သွေးစွန်းစေသည့် အာဏာလုယူမှုကြောင့် ထိခိုက်ခဲ့ရသည့် မြောက်မြားစွာသော အပြစ်မဲ့ပြည်သူများအနက်မှ ပထမဦးဆုံးအသက်ပေးခဲ့ရသူဖြစ်ကြောင်း ဥရောပသမဂ္ဂသံရုံးကလည်း ယနေ့ထုတ် ပြန်သည်။

▪️စစ်တပ်၏ အာဏာလုယူမှုကြောင့် ထိခိုက်ခဲ့ရသည့် မြောက်မြားစွာသော အပြစ်မဲ့ပြည်သူများအနက်မှ မမြသွဲ့သွဲ့ခိုင်မှာ ပထမဦးဆုံးအသက်ပေးခဲ့ရသူဖြစ်

ငြိမ်းချမ်းစွာဆန္ဒပြသည့် အသက်(၁၉)နှစ်အရွယ် မမြသွဲ့သွဲ့ခိုင်အပါအဝင် စစ်တပ်အာဏာသိမ်းပြီးကတည်းက သေဆုံးခဲ့သူများနှင့် ကျန်ရစ်သူမိသားစုများကို အမှတ်ရ၊ စာနာကြောင်း ပြင်သစ်နှင့် ကနေဒါသံရုံးတို့က ယနေ့ (ဖေဖော်ဝါရီ ၁၉)ထုတ်ပြန်သည်။

မမြသွဲ့သွဲ့ခိုင်သည် စစ်တပ်၏ မိုက်ရူးရဲဆန်ပြီး အကြီး အကျယ်သွေးစွန်းစေသည့် အာဏာလုယူမှုကြောင့် ထိခိုက်ခဲ့ရသည့် မြောက်မြားစွာသော အပြစ်မဲ့ပြည်သူများအနက်မှ ပထမဦးဆုံးအသက်ပေးခဲ့ရသူဖြစ်ကြောင်း ဥရောပသမဂ္ဂသံရုံးကလည်း ယနေ့ထုတ် ပြန်သည်။

မမြသွဲ့သွဲ့ခိုင်သည် မိမိတို့၏ ကိုယ်ပိုင်အခွင့်အရေးများနှင့် ဖိနှိပ်ချုပ်ချယ်မှု၊ အကြောက်တရားတို့အောက်မှလွတ်လပ်ခွင့်အတွက် တိုက်ပွဲဝင်နေကြသော မျိုးဆက်တစ်ခုကိုကိုယ်စားပြုနိုင်ခဲ့ကြောင်း အီးယူသံရုံးက ဆိုသည်။

Public Service Announcement

Public Service Announcement

ယနေ့သည် အကြမ်းဖက်စစ်တပ်က ဦးခေါင်းကိုပစ်ခတ်သော သေနတ်ဒဏ်ရာကြောင့် နေပြည်တော်မှ မမြသွဲ့သွဲ့ခိုင် ကွယ်လွန်ခြင်း (၁)နှစ်ပြည့်ဖြစ်ပြီး မမြသွဲ့သွဲ့ခိုင်သည် နေပြည်တော်ရှိ ဆန္ဒပြပွဲတစ်ခုအတွင်း ဘတ်စ်ကားရိပ်အောက်၌ အကာအကွယ်ယူနေစဉ် ပစ်သတ်ခံလိုက်ရခြင်းဖြစ်သည်။

မြန်မာပြည်သူများသည် ၎င်းတို့၏ အခွင့်အရေးများကို လေးစားလိုက်နာရန်နှင့် ၂၀၂၀ ရွေးကောက်ပွဲတွင် လွတ်လပ်စွာ ထုတ်ဖော်ခဲ့သည့် ပြည်သူများ၏ဆန္ဒကို လေးစားရန် ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့ကြပြီး အဆိုပါပြည်သူများကို အချိုးအစားမညီမျှသည့် လုံခြုံရေးအင်အားဖြင့် နှိမ်နှင်းခဲ့ကြောင်း ပြင်သစ်သံရုံးနှင့် ကနေဒါသံရုံးတို့​က ဆိုသည်။

၂၀၂၁ ဖေဖော်ဝါရီ ၁ရက်တွင် စစ်တပ်မှအာဏာသိမ်းပြီးကတည်းက သေဆုံးခဲ့သူများနှင့် ကျန်ရစ်သူမိသားစုများကို အမှတ်ရနေပြီး ၎င်းတို့အား အလေးအနက်ထား၍ စာနာပါကြောင်း အထက်ပါသံရုံးများက ထုတ်ပြန်သည်။

နိုင်ငံရေးအကျဥ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP)က ဖေဖော်ဝါရီ ၁၈ ရက်အထိ ကောက်ခံရရှိသော စာရင်းအရ အကြမ်းဖက်စစ်တပ်၏ သတ်ဖြတ်ခံရသူ ၁,၅၆၀ ဦး၊ ဖမ်းဆီးခံရသူ ၁၂,၂၂၈ဦး ရှိသည်။

ဆက်စပ်သတင်းများ

သတင်း

AA ကစစ်​တွေရှိ စစ်တပ်ကာကင်းအနည်းဆုံး၃ခုနဲ့ ခြေကုတ်​နေရာ၄ခုကိုသိမ်းပိုက်ပြီး

သတင်း

ရွှေဝါရောင်တော်လှန်ရေးမှာ သံဃာတော်တွေနဲ့ ပြည်သူတွေကို စစ်အာဏာရှင်က ရက်ရက်စက်စက် နှိက်စက်သတ်ဖြတ်ခဲ့တာကို မမေ့ကြဖို့နဲ့ စစ်အာဏာရှင်တွေကဘုံရန်သူပျောက်အောင် သွေးခွဲလေ့ရှိတာကိုသတိထားကြဖို့ရွှေဝါရောင်ဆရာတော် ဆရာတော် မင်းသုညက မိန့်ကြားလိုက်ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ခေါင်လန်ဖူးမြို့နယ် မြန်မာ-တရုတ်နယ်စပ် နယ်ခြားမှတ်တိုင် ၃၀ အမတ်ပေါ် ဒေသက စစ်တပ်ရဲ့ ဗျူဟာစခန်း ၁ခုကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က စက်တင်ဘာ ၁၈ရက်မှာ သိမ်းပိုက်ရရှိခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်အချို့က အသိပေးပါတယ်။

သတင်း

စစ်တွေနဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်က ကာကင်းစခန်းနဲ့ ခြေကုတ်နေရာအချို့သိမ်းပိုက်ခံရပြီး​တော့ အာဏာသိမ်းစစ်တပ်က ဒီနေ့မှာစစ်တွေ၊ ပုဏ္ဏားကျွန်း၊ ပေါက်တောနဲ့ သံတွဲမြို့နယ်တို့ ကို လေယာဉ်အုပ်လိုက်နဲ့ ဗုံးပတ်ကြဲနေတယ်လို့ဒေသခံတွေကပြောပါတယ်။