Connect with us

Hi, what are you looking for?

LuduNwayOo

News

မမြသွဲ့သွဲ့ခိုင်အပါအဝင် စစ်တပ်အာဏာသိမ်းပြီးကတည်းက သေဆုံးခဲ့သူများနှင့် ကျန်ရစ်သူမိသားစုများကို အမှတ်ရ၊စာနာကြောင်း ပြင်သစ်နှင့် ကနေဒါသံရုံးထုတ်ပြန်

မမြသွဲ့သွဲ့ခိုင်သည် စစ်တပ်၏ မိုက်ရူးရဲဆန်ပြီး အကြီး အကျယ်သွေးစွန်းစေသည့် အာဏာလုယူမှုကြောင့် ထိခိုက်ခဲ့ရသည့် မြောက်မြားစွာသော အပြစ်မဲ့ပြည်သူများအနက်မှ ပထမဦးဆုံးအသက်ပေးခဲ့ရသူဖြစ်ကြောင်း ဥရောပသမဂ္ဂသံရုံးကလည်း ယနေ့ထုတ် ပြန်သည်။

▪️စစ်တပ်၏ အာဏာလုယူမှုကြောင့် ထိခိုက်ခဲ့ရသည့် မြောက်မြားစွာသော အပြစ်မဲ့ပြည်သူများအနက်မှ မမြသွဲ့သွဲ့ခိုင်မှာ ပထမဦးဆုံးအသက်ပေးခဲ့ရသူဖြစ်

ငြိမ်းချမ်းစွာဆန္ဒပြသည့် အသက်(၁၉)နှစ်အရွယ် မမြသွဲ့သွဲ့ခိုင်အပါအဝင် စစ်တပ်အာဏာသိမ်းပြီးကတည်းက သေဆုံးခဲ့သူများနှင့် ကျန်ရစ်သူမိသားစုများကို အမှတ်ရ၊ စာနာကြောင်း ပြင်သစ်နှင့် ကနေဒါသံရုံးတို့က ယနေ့ (ဖေဖော်ဝါရီ ၁၉)ထုတ်ပြန်သည်။

မမြသွဲ့သွဲ့ခိုင်သည် စစ်တပ်၏ မိုက်ရူးရဲဆန်ပြီး အကြီး အကျယ်သွေးစွန်းစေသည့် အာဏာလုယူမှုကြောင့် ထိခိုက်ခဲ့ရသည့် မြောက်မြားစွာသော အပြစ်မဲ့ပြည်သူများအနက်မှ ပထမဦးဆုံးအသက်ပေးခဲ့ရသူဖြစ်ကြောင်း ဥရောပသမဂ္ဂသံရုံးကလည်း ယနေ့ထုတ် ပြန်သည်။

မမြသွဲ့သွဲ့ခိုင်သည် မိမိတို့၏ ကိုယ်ပိုင်အခွင့်အရေးများနှင့် ဖိနှိပ်ချုပ်ချယ်မှု၊ အကြောက်တရားတို့အောက်မှလွတ်လပ်ခွင့်အတွက် တိုက်ပွဲဝင်နေကြသော မျိုးဆက်တစ်ခုကိုကိုယ်စားပြုနိုင်ခဲ့ကြောင်း အီးယူသံရုံးက ဆိုသည်။

Public Service Announcement

Public Service Announcement

ယနေ့သည် အကြမ်းဖက်စစ်တပ်က ဦးခေါင်းကိုပစ်ခတ်သော သေနတ်ဒဏ်ရာကြောင့် နေပြည်တော်မှ မမြသွဲ့သွဲ့ခိုင် ကွယ်လွန်ခြင်း (၁)နှစ်ပြည့်ဖြစ်ပြီး မမြသွဲ့သွဲ့ခိုင်သည် နေပြည်တော်ရှိ ဆန္ဒပြပွဲတစ်ခုအတွင်း ဘတ်စ်ကားရိပ်အောက်၌ အကာအကွယ်ယူနေစဉ် ပစ်သတ်ခံလိုက်ရခြင်းဖြစ်သည်။

မြန်မာပြည်သူများသည် ၎င်းတို့၏ အခွင့်အရေးများကို လေးစားလိုက်နာရန်နှင့် ၂၀၂၀ ရွေးကောက်ပွဲတွင် လွတ်လပ်စွာ ထုတ်ဖော်ခဲ့သည့် ပြည်သူများ၏ဆန္ဒကို လေးစားရန် ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့ကြပြီး အဆိုပါပြည်သူများကို အချိုးအစားမညီမျှသည့် လုံခြုံရေးအင်အားဖြင့် နှိမ်နှင်းခဲ့ကြောင်း ပြင်သစ်သံရုံးနှင့် ကနေဒါသံရုံးတို့​က ဆိုသည်။

၂၀၂၁ ဖေဖော်ဝါရီ ၁ရက်တွင် စစ်တပ်မှအာဏာသိမ်းပြီးကတည်းက သေဆုံးခဲ့သူများနှင့် ကျန်ရစ်သူမိသားစုများကို အမှတ်ရနေပြီး ၎င်းတို့အား အလေးအနက်ထား၍ စာနာပါကြောင်း အထက်ပါသံရုံးများက ထုတ်ပြန်သည်။

နိုင်ငံရေးအကျဥ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP)က ဖေဖော်ဝါရီ ၁၈ ရက်အထိ ကောက်ခံရရှိသော စာရင်းအရ အကြမ်းဖက်စစ်တပ်၏ သတ်ဖြတ်ခံရသူ ၁,၅၆၀ ဦး၊ ဖမ်းဆီးခံရသူ ၁၂,၂၂၈ဦး ရှိသည်။

ဆက်စပ်သတင်းများ

သတင်း

ယ‌နေ့ညနေ ၃နာရီခန့်အထိ ရရှိထားသောသတင်းများအရ မိုးမောက်မြို့ပေါ်တွင် စစ်ကောင်စီလက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေးတဦးအပါအဝင် သေဆုံးသူသုံးဦးရှိပြီး တစ်ဦးဒဏ်ရာရာရှိခဲ့ကြောင်း သိရသည်။

သတင်း

ပေါင် ၃၀၀ ဗုံးနှစ်လုံးကြောင့် သေဆုံးသွားသည့် ပြည်သူ များအနက် အမျိုးသား နှစ်ဦးနှင့် မိန်က​လေးငယ် နှစ်ဦးအပါအဝင် အမျိုးသမီး ​လေးဦး ပါဝင်သည်။

နိုင်ငံတကာ

BBCရဲ့ အဆိုအရ စစ်ပွဲမှာ ရုရှား စစ်သည် ၅၀၀၀၀ ကျော် သေဆုံးခဲ့ပြီးဖြစ်ကြောင်း၊ ဒါဟာ ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလတုန်းက နောက်ဆုံးအကြိမ်အဖြစ် တရားဝင် ထုတ်ပြန်ခဲ့တဲ့ အသေအပျောက် စာရင်းထက် ၈ ဆ ပိုများနေတာဖြစ်ကြောင်း သိရပါတယ်။

သတင်း

တိုက်ပွဲမှာနေ့စဉ်ရက်ဆက်ဖြစ်နေသောကြောင့် ကျည်ဆန်လိုအပ်ချက်ရှိနေ၍ ပြည်သူများအနေဖြင့် ကူညီပါဝင်ပေးကြရန်လည်း ဗိုလ်မှူးကျော်ဟိန်းက ပြောသည်။