Connect with us

Hi, what are you looking for?

News

တလုပ်မြို့မှပျူ​စောထီးအဖွဲ့ဝင်တစ်ဦး ​သေနတ်ဖြင့်ပစ်သတ်ခံရ၍ သေဆုံး

“ကျွန်တော်တို့ကြားတာကတော သူ့သမီးက မူဆယ်မှာနေတာ ပိုက်ဆံတစ်သိန်းလွှဲလို့ သွားထုတ်တာ ညီအကိုနှစ်ယောက်သွားတာ သေနတ်နဲ့ပစ်လိုက်တယ်ကြားတာပဲ”ဟု တလုပ်မြို့ခံက ပြောသည်။

မြင်းခြံမြို့နယ် တလုပ်မြို့မှ ပျူ​စောထီးအဖွဲ့ဝင်တစ်ဦးဖြစ်သူ ကိုတိုင်းကျော်ဆိုသူသည် ယနေ့နေ့လည်ပိုင်းတွင် သေနတ်ဖြင့် သုံးချက်ပစ်သတ်ခံရ၍ သေဆုံးခဲ့သည်။ အဆိုပါ ကိုတိုင်းကျော်သည် ပျူစောထီးအဖွဲ့ဝင် ဖြစ်ပြီး မေလကဖြစ်ပွားခဲ့သည့် တလုပ်မြို့တိုက်ပွဲတွင် စစ်ကောင်စီဘက်မှ ပါဝင်ခဲ့သည့် ဒလန်တစ်ဦးဖြစ်ကြောင်း၊ ၎င်းကို ပစ်ခတ်သည့်အဖွဲ့မှာ နှလုံးလှလူမိုက်ကြီးများအဖွဲ့ ဖြစ်ကြောင်း မြင်းခြံ Newsက သတင်းဖော်ပြသည်။

“သူက တလုပ်မြို့မှာတိုက်ပွဲဖြစ်တုန်းက ဟိုကောင်တွေဘက်က ပါလာပြီး လမ်းတွေဘာတွေပြတာတို့ လုပ်တယ်လို့ကြားတယ်” ဟု မြင်းခြံမြို့ခံတစ်ဦးက ပြောသည်။

တလုပ်မြို့ခံတစ်ဦးကမူ ကိုတိုင်းကျော်သည် တလုပ်မြို့ မြို့ကြီးကုန်း ရွာတွင်နေထိုင်သူ ဖြစ်ပြီး ၎င်းသည် ဒလန်မဟုတ်ကြောင်း ပြောကြားသည်။

“ကျွန်တော်တို့ကြားတာကတော သူ့သမီးက မူဆယ်မှာနေတာ ပိုက်ဆံတစ်သိန်းလွှဲလို့ သွားထုတ်တာ ညီအကိုနှစ်ယောက်သွားတာ သေနတ်နဲ့ပစ်လိုက်တယ်ကြားတာပဲ”ဟု တလုပ်မြို့ခံက ပြောသည်။

Public Service Announcement

Public Service Announcement

မြင်းခြံမြို့နယ်သည် စစ်အာဏာရှင်ဆန့်ကျင်ရေးလူထုလှုပ်ရှားမှုအားကောင်းခဲ့သည့် မြို့နယ်တစ်ခုဖြစ်ပြီး စစ်ကောင်စီက ပစ်ခတ်သတ်ဖြတ်မှုများကြောင့် သေဆုံး ဒဏ်ရာရ ပြည်သူများစွာရှိခဲ့သည့် မြို့နယ်လည်း ဖြစ်သည်။

နောက်ပိုင်းတွင် မြင်းခြံမြို့၌ စစ်အာဏာရှင်ကို လက်နက် ကိုင်ဆန့်ကျင်သည့် အဖွဲ့များပေါ်ပေါက်လာပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များ၊ စစ်ကောင်စီ သတင်းပေးများ၊ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးများကို ပစ်ခတ်သတ်ဖြတ်ခြင်းများ မကြာခဏ ပြုလုပ်လျက်ရှိသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တိဘက်ကုန်းမြင့် ဒေသနဲ့ ထိစပ်ရာ နယ်စပ်နားမှာ ဖြစ်ပွားခဲ့တဲ့ ရုတ်တရက် ရေကြီးမှုအတွင်း သေဆုံးသူတွေကို နီပေါ အာဏာပိုင်တွေက အစုလိုက် စတင်မြှုပ်နှံနေပြီ ဖြစ်ပါတယ်။

နိုင်ငံတကာ

ကျောင်းဆရာမ တစ်ဦးက ပါးရိုက်ခဲ့တဲ့နောက် ကျောင်းသား ကလေးငယ် သေဆုံးသွားတယ်ဆိုတဲ့ ဖြစ်ရပ်နဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေကြောင်း အိန္ဒိယနိုင်ငံ အန်ဒရာ ပရာဒက်ရှ် ရဲတပ်ဖွဲ့က ပြောပါတယ်။

နိုင်ငံတကာ

တစ်နိုင်ငံလုံးကို တုန်လှုပ်သွားစေခဲ့တဲ့ စာသင်ကျောင်း ပစ်ခတ်မှုကြီးနဲ့ ကြုံတွေ့အပြီးမှာတော့ တစ်နိုင်ငံလုံးက ကျောင်းတွေမှာ လုံခြုံရေး စံနှုန်းတွေ တင်းကျပ်ဖို့အတွက် မူကြမ်းအဆင့် အစီအမံသစ် ၇ ခုကို ထိုင်းအစိုးရက ညှိနှိုင်း သဘောတူခဲ့ပါတယ်။

နိုင်ငံတကာ

ပြီးခဲ့တဲ့ သီတင်းပတ်က ဖြစ်ပွားခဲ့တဲ့ ကျောင်းတွင်း ပစ်ခတ်မှုကို အကြောင်းပြုပြီး ထိုင်းအစိုးရဟာ ပြည်တွင်းမှာ သေနတ် ကိုင်ဆောင်ခွင့် လိုင်စင် ထုတ်ပေးမှုတွေကို ဆိုင်းငံ့ထားလိုက်ပါတယ်။

Facebook