Connect with us

Hi, what are you looking for?

News

ချင်း​တောင်တက်လာ​သောစစ်​ကောင်စီတပ်ကို နှစ်​နေရာတွင်တိုက်ခိုက်ရာ အများအပြား​သေဆုံးဒဏ်ရာရဟု PDF(Zoland) ထုတ်ပြန်

ဖေဖော်ဝါရီ ၁၅ ရက်က လည်း ချင်းပြည်မြောက်ပိုင်း ဖလမ်းမြို့ဘက်မှ တီးတိန်မြို့ကို ဦးတည်လာသည့် မော်တော်ယာဉ် ၂၃ စီးပါသည့် အကြမ်းဖက်စစ်ကောင်စီ ယာဉ်တန်းကို မိုင်းခွဲတိုက်ခိုက်ရာတွင် အကြမ်းဖက်စစ်ကောင်စီတပ်သာ ၁၀ ဦးသေဆုံးခဲ့သည်ဟု PDF Zoland နှင့် CDM (စီးယင်း) တို့ကထုတ်ပြန်ထားသည်။

(ချင်း​တောင်​ပေါ်တက်လာ​သောစစ်​ကောင်စီယာဥ်တန်းကိုမိုင်း​ဖောက်ခွဲတိုက်ခိုက်​နေစဥ်။ ဓါတ်ပုံ-CDM-စီးယင်း)

ကလေးမြို့မှ ချင်းပြည်နယ် တီးတိန်မြို့နယ်သို့ တက်လာသည့် စစ်ကောင်စီ စစ်ကြောင်းနှင့် မော်တော်ယာဉ် ၁၈ စီးပါ ယာဉ်တန်းတို့ကို ဖေဖော်ဝါရီ ၂၃ ရက်က ဒေသခံကာကွယ်
ရေးတပ်ဖွဲ့နှစ်ဖွဲ့ကနှစ်​နေရာတွင်မိုင်းဆွဲတိုက်ခိုက်ခဲ့ရာအများအပြား​သေဆုံးဒဏ်ရာရရှိခဲ့​ကြောင်းPDF(Zoland)ကထုတ်ပြန်ထားသည်။

ကလေးမြို့နှင့် ချင်းပြည်မြောက်ပိုင်းကြားရှိ တီးတိန်မြို့နယ် ဇောင်ကောင်ရွာအနီးတွင် ခြေလျက်တက်လာသည့် အကြမ်းဖက်စစ်ကောင်စီတပ်ကို ဒေသခံကာကွယ်ရေးတပ်နှစ်ခုဖြစ်သည့် PDF (Zoland)နှင့် CDM (စီးယင်း)တို့က ယမန့်နေ မနက် ၁၁နာရီခန့်က မိုင်းခွဲတိုက်ခိုက်ခဲ့ရာ အများအပြား​သေဆုံးခဲ့​ကြောင်းထုတ်ပြန်ချက်တွင်​ဖော်ပြထားသည်။

ထိုအပြင် ညနေ ၄နာရီကျော်တွင်လည်း ချင်းတောင်သို့တက်လာသည့် ကား ၁၈ စီးပါစစ်​ကောင်စီယာဉ်တန်းကိုလည်း ​ဒေသခံကာကွယ်​ရေးတပ်ဖွဲ့နှစ်ဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ဒဏ်ရာရသူများရှိခဲ့​ကြောင်းပါရှိသည်။

ဖေဖော်ဝါရီ ၁၅ ရက်က လည်း ချင်းပြည်မြောက်ပိုင်း ဖလမ်းမြို့ဘက်မှ တီးတိန်မြို့ကို ဦးတည်လာသည့် မော်တော်ယာဉ် ၂၃ စီးပါသည့် အကြမ်းဖက်စစ်ကောင်စီ ယာဉ်တန်းကို မိုင်းခွဲတိုက်ခိုက်ရာတွင် အကြမ်းဖက်စစ်ကောင်စီတပ်သာ ၁၀ ဦးသေဆုံးခဲ့သည်ဟု PDF Zoland နှင့် CDM (စီးယင်း) တို့ကထုတ်ပြန်ထားသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့မှာ ဒေသခံတွေလုံခြုံရေးအတွက် ထုတ်ပြန်ထားတဲ့ ညမထွက်ရအမိန့်ကို ၂ လကျော်အကြာမှာ ပြန်လည်ရုပ်သိမ်းလိုက်ပြီလို့ ကောလင်းခရိုင်အမှတ်(၄)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ဖောင်းပြင်မြို့နယ်မှာ စစ်တပ်လက်အောက်ခံ ရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တစ်ဦးက လက်နက်ခဲယမ်းနဲ့အတူအလင်းဝင်လာတဲ့အတွက် ‌‌ဆုငွေ ကျပ်သိန်း၅၀ ထောက်ပံ့ကာ မိဘတွေထံ အပ်နှံပေးခဲ့တယ်လို့ မော်လိုက်ခရိုင်အမှတ်(၃)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ရဲဘော် တွေအနေနဲ့ ဒရုန်းနည်းပညာ စစ်ရေးမှာ အသုံးပြုတာနဲ့ ပတ်သက်ပြီး စစ်အုပ်စုထက် ပိုသာကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က ပြောပါတယ်။