ကလေးမြို့မှ ချင်းပြည်နယ် တီးတိန်မြို့နယ်သို့ တက်လာသည့် စစ်ကောင်စီ စစ်ကြောင်းနှင့် မော်တော်ယာဉ် ၁၈ စီးပါ ယာဉ်တန်းတို့ကို ဖေဖော်ဝါရီ ၂၃ ရက်က ဒေသခံကာကွယ်
ရေးတပ်ဖွဲ့နှစ်ဖွဲ့ကနှစ်နေရာတွင်မိုင်းဆွဲတိုက်ခိုက်ခဲ့ရာအများအပြားသေဆုံးဒဏ်ရာရရှိခဲ့ကြောင်းPDF(Zoland)ကထုတ်ပြန်ထားသည်။
ကလေးမြို့နှင့် ချင်းပြည်မြောက်ပိုင်းကြားရှိ တီးတိန်မြို့နယ် ဇောင်ကောင်ရွာအနီးတွင် ခြေလျက်တက်လာသည့် အကြမ်းဖက်စစ်ကောင်စီတပ်ကို ဒေသခံကာကွယ်ရေးတပ်နှစ်ခုဖြစ်သည့် PDF (Zoland)နှင့် CDM (စီးယင်း)တို့က ယမန့်နေ မနက် ၁၁နာရီခန့်က မိုင်းခွဲတိုက်ခိုက်ခဲ့ရာ အများအပြားသေဆုံးခဲ့ကြောင်းထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
ထိုအပြင် ညနေ ၄နာရီကျော်တွင်လည်း ချင်းတောင်သို့တက်လာသည့် ကား ၁၈ စီးပါစစ်ကောင်စီယာဉ်တန်းကိုလည်း ဒေသခံကာကွယ်ရေးတပ်ဖွဲ့နှစ်ဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ဒဏ်ရာရသူများရှိခဲ့ကြောင်းပါရှိသည်။
ဖေဖော်ဝါရီ ၁၅ ရက်က လည်း ချင်းပြည်မြောက်ပိုင်း ဖလမ်းမြို့ဘက်မှ တီးတိန်မြို့ကို ဦးတည်လာသည့် မော်တော်ယာဉ် ၂၃ စီးပါသည့် အကြမ်းဖက်စစ်ကောင်စီ ယာဉ်တန်းကို မိုင်းခွဲတိုက်ခိုက်ရာတွင် အကြမ်းဖက်စစ်ကောင်စီတပ်သာ ၁၀ ဦးသေဆုံးခဲ့သည်ဟု PDF Zoland နှင့် CDM (စီးယင်း) တို့ကထုတ်ပြန်ထားသည်။

Public Service Announcement


















































