Connect with us

Hi, what are you looking for?

News

ကနီနယ်တိုက်ပွဲတွင် ဒဏ်ရာရသည့် စစ်​ကောင်စီအရာရှိအချို့ကို ရဟတ်ယာဥ်ဖြင့်လာသယ်

“အရင်ရက်တိုက်ပွဲ‌တွေမှာ ဒဏ်ရာရတဲ့သူတွေ။ ဗိုလ်အဆင့်အရာရှိတွေ ဒဏ်ရာရထားတယ်။ သူတို့ကို ရဟတ်ယာဉ်နဲ့ လာသယ်သွားတယ်”ဟု ကနီပြည်သူ့ကာကွယ်ရေးအဖွဲ့မှ လူငယ်တစ်ဦးက ပြောသည်။

(ကနီPDFရဲ​ဘော်များကို ​တွေ့ရစဥ်)

ကနီမြို့နယ်အတွင်း ပြည်သူ့ကာကွယ်ရေးမဟာမိတ်များတိုက်ခိုက်မှုကြောင့် ဒဏ်ရာရသွားသည့် တပ်မတော်အရာရှိအချို့ကို ယနေ့နေ့လယ်တွင် စစ်ကောင်စီက ရဟတ်ယာဉ်ဖြင့် လာရောက်သယ် ဆောင်သွားသည်။

“အရင်ရက်တိုက်ပွဲ‌တွေမှာ ဒဏ်ရာရတဲ့သူတွေ။ ဗိုလ်အဆင့်အရာရှိတွေ ဒဏ်ရာရထားတယ်။ သူတို့ကို ရဟတ်ယာဉ်နဲ့ လာသယ်သွားတယ်”ဟု ကနီပြည်သူ့ကာကွယ်ရေးအဖွဲ့မှ လူငယ်တစ်ဦးက ပြောသည်။

ကနီမြို့နယ် ဆယ်ရွာဒေသအပါအဝင် ကျေးရွာအချို့တွင် ဖေဖော်ဝါရီ ၂၀ရက်ကစ၍ အကြမ်းဖက်စစ်ကောင်နှင့် ပြည်သူ့ကာကွယ်ရေးမဟာမိတ်တပ်များ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီအထိနာခဲ့သည်။

ဖေဖော်ဝါရီ၂၀ရက်က တိုက်ပွဲတွင် စစ်ကောင်စီနှင့်ပျုစောထီး ၁၅ဦးထက်မနည်းသေဆုံးပြီး အများအပြားဒဏ်ရာရသွားခဲ့သည်ဟု ကနီမြို့နယ်ပြည်သူ့ကာကွယ်လရေးတပ်ဖွဲ့ (၂) KPDF-2က ထုတ်ပြန်ထားသည်။

Public Service Announcement

Public Service Announcement

ဒဏ်ရာရသူများကို ပန်းဆိုင်းကျေးရွာ ဘုန်းကြီး ကျောင်းအတွင်း တပ်စွဲ၍ ဆေးကုသကာ ယနေ့ (ဖေဖော်ဝါရီ ၂၄ရက်)နေ့လယ် ၂နာရီခန့်တွင် ရဟတ်ယာဉ်ဖြင့် လာသယ်သွားခြင်းဖြစ်သည်။

” ဒဏ်ရာရသူဘယ်လောက်တောင်များတယ်မသိဘူး ပန်းဆိုင်းကျောင်းထဲ သွေး‌‌တွေကို ရဲနေတာပဲ။‌‌ ဆေးထိုးအပ်တွေလည်း ​တွေ့တယ်”ဟု ဒေသခံတစ်ဦးက ပြောသည်။

ပန်းဆိုင်းရွာအတွင်း ဝင်မွှေခဲ့သည့် စစ်ကောင်စီက အရပ်သားနှစ်ဦးနှင့်ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ လူငယ်တစ်ဦးကို သတ်ဖြတ်သွားသည်ဟု ဒေသခံများက ပြောသည်။

အကြမ်းဖက်စစ်ကောင်စီသည် ကနီနှင့် မင်ကင်းဒေသသို့ လွန်ခဲ့သည့် တစ်ပတ်ခန့်ကတည်းက တစ်ကျော့ပြန် စစ်ကြောင်းထိုးနေ၍ ဒေသခံများ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရဆဲဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

AA ကစစ်​တွေရှိ စစ်တပ်ကာကင်းအနည်းဆုံး၃ခုနဲ့ ခြေကုတ်​နေရာ၄ခုကိုသိမ်းပိုက်ပြီး

သတင်း

စစ်တွေနဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်တိုက်ပွဲတွေအတွင်းအာဏာသိမ်းစစ်တပ်ရဲ့ကာကင်းအပါအဝင် ခြေကုတ်နေရာအချို့ကို အာရက္ခတပ်တော်(AA)က သိမ်းပိုက်ရရှိထားပြီး တိုက်ပွဲတပါတ်ကျော်အတွင်း ​နေရာ​လေးခုထက်မနည်းရှိပြီဖြစ်တယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

စစ်သုံ့ပန်း ၈၀ ခန့် ထွက်ပြေးသွားရာ လက်နက်အချို့ပါသွားတာဖြစ်လို့ တီးတိန်၊ ကပ်တဲလ်၊ လိုင်လုဲ(Laailui)နဲ့ မဏိပူရ်မြစ် ပတ်ဝန်းကျင်ဒေသတွေကို ခရီးသွားလာတာ၊ အပြင်ထွက်တာ ခဏတာ ရှောင်ကြဉ်ကြဖို့ အသိပေးကြောင်း PDF ဇိုလဲန်းက သတင်း ထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်နဲ့ မံစီမြို့နယ်ကြား ကောင်ဂျာယန်ဒေသမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း စစ်တပ်က သေဆုံးထိခိုက်များခဲ့ပြီး စစ်သုံ့ပန်းတွေ ဖမ်းမိသလို ထွက်ပြေးစစ်သားတွေ ပုန်းအောင်းရာ နေရာတွေကို လိုက်လံရှင်းလင်းနေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။