Connect with us

Hi, what are you looking for?

News

ဘားအံမြို့နယ်တွင် KNUတပ်မဟာ(၁)နှင့် အာဏာသိမ်းစစ်တပ် တိုက်ပွဲထပ်မံဖြစ်ပွား

အဲဒီနားပတ်ဝန်းကျင်အခြေအနေက တပ်ဘက်က တင်းမာမှုရှိတာပေါ့။BGFတပ်တွေက လေးကေဘက်ကို တက်လာမယ်လို့ သတင်းရတယ်။တက်လာရင် ဘယ်လိုဖြစ်မလဲတော့ မပြောတက်ဘူး။ စစ်ရေးအခြေအနေက ဖြစ်လာမှပဲ သိရမှာပေါ့” ဟု KNU တပ်မဟာ(၁) တာဝန်ရှိသူက ပြောသည်။

ကရင်အမျိုးသားအစည်းအရုံး(KNU/KNLA) တပ်မဟာ (၁)နယ်မြေ ဘားအံမြို့နယ် မီးပုံးကျေးရွာအနီးတွင် ယမန်နေ့ကက အာဏာသိမ်းစစ်တပ်နှင့် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း KNUတပ်မဟာ(၁) တာဝန်ရှိသူက People’s Springသို့ ပြောကြားသည်။ “ဖြစ်စဉ်ကတော့ ထိပ်တိုက်ရင်ဆိုင်မှုပဲ။ တိုက်ပွဲက ည ၈နာရီအချိန်ကနေ အချိန် ၁နာရီတော့ ကြာမယ်လို့ ခန့်မှန်းတယ်။ သူတို့ ထိုးဝင်လာလို့ မီးပုံးမှာ ဖြစ်ခဲ့တာ။ တပ်ဘက်တော့ မသိရဘူး ကျွန်တော်တို့ဘက်က ထိခိုက်ဒဏ်ရာရာတာမရှိခဲ့ဘူး” ဟု ၎င်းကဆိုသည်။

တိုက်ပွဲဖြစ်စဉ်နှင့်ပတ်သက်၍ KNU သထုံခရိုင်ကလည်း သတင်းထုတ်ပြန်ထားရာ အကြမ်းဖက်စစ်အုပ်စု လက် အောက်ခံတပ်များနှင့် KNLA တပ်တို့ မီးပုံးကျေးရွာအနီး အပြန်အလှန် ပစ်ခတ်ခဲ့ကြောင်း၊ ယနေ့ ဇူလိုင် ၁၃ရက် နံနက်တွင် မီးပုံးကျေးရွာမှ ဝါးဘိုးတော လမ်းဆုံအထိ အကြမ်းဖက် စစ်အုပ်စုမှ လမ်းကင်းများတောက် လျှောက်ချထားကြောင်း ဖော်ပြခဲ့သည်။

“အဲဒီနားပတ်ဝန်းကျင်အခြေအနေက တပ်ဘက်က တင်းမာမှုရှိတာပေါ့။BGFတပ်တွေက လေးကေဘက်ကို တက်လာမယ်လို့ သတင်းရတယ်။တက်လာရင် ဘယ်လိုဖြစ်မလဲတော့ မပြောတက်ဘူး။ စစ်ရေးအခြေအနေက ဖြစ်လာမှပဲ သိရမှာပေါ့” ဟု KNU တပ်မဟာ(၁) တာဝန်ရှိသူက ပြောသည်။

ဇူလိုင် ၁၀ရက်ကလည်း လေးကေကျေးရွာအနီးတွင် တပ်စွဲထားသော အကြမ်းဖက်စစ်အုပ်စု လက်အောက်ခံ တပ်စခန်းကို KNLA တပ်မဟာ(၁)က တိုက်ခိုက်ခဲ့ရာ ယင်းတပ်စခန်းက လေးကေရွာအတွင်းသို့ လက်နက်ကြီးများဖြင့် ပြန်လည်ပစ်ခတ်ခဲ့သည်။

Public Service Announcement

Public Service Announcement

ထိုသို့ ပစ်ခတ်မှုကြောင့်နေအိမ် အဆောက်အဦးများပျက်စီးပြီး အိမ်မွေးတိရိစ္ဆာန်အချို့သေဆုံးခဲ့သည်။ပြီးခဲ့သည့် ဇွန်လအတွင်းကလည်း ယခုတိုက်ပွဲဖြစ်ပွားရာ မီးပုံးရွာအပါအဝင်ဘားအံမြို့နယ်အတွင်းရှိ ၄နေရာတွင် KNLA တပ်မဟာ(၁)နှင့်စစ်ကောင်စီတပ်တို့တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၈ဦးသေဆုံးခဲ့သည်။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းတွင် KNU တပ်မဟာ နယ်မြေများ၌ စစ်ကောင်စီတပ်နှင့် တိုက်ပွဲဖြစ်ပွားမှုများ ပိုများလာခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ် ရွှေကူမြို့နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်နဲ့ စစ်တပ်အကြား တိုက်ပွဲတွေ နေ့စဉ် ပြင်းထန်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

အရှေ့တောင်အာရှနိုင်ငံများအစည်းအရုံး(အာဆီယံ)နဲ့ကုလသမဂ္ဂ (UN) လိုနိုင်ငံတကာအဖွဲ့အစည်းတွေမှာတရုတ်နဲ့ မြန်မာကြားပူးပေါင်းဆောင် ရွက်မှုတွေမြှင့်တင်သွားမယ်လို့အာဏာသိမ်းစစ်ခေါင်းဆောင်ရဲ့တရုတ်နိုင်ငံခရီးစဉ်အတွင်းပူးတွဲထုတ်ပြန်ချက်မှာဖော်ပြလာခဲ့ပါတယ်။

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်ရှိ မြဇီးတောရွာကို အာဏာသိမ်းစစ်တပ်က ဝင်ရောက်မီးရှို့ဖျက်ဆီးရာ ဘုန်းကြီးကျောင်းနဲ့ နေအိမ် ၂၀ ကျော်အပြင် အိမ်သုံးနဲ့ လယ်ယာသုံးစက်ပစ္စည်းတွေ မီးလောင် ပျက်စီးခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

လက်ရှိရရှိထားတဲ့ ငြိမ်းချမ်းရေးရလဒ်တွေ တည်ငြိမ်မှုရှိစေဖို့ ဆက်လက်ထိန်းသိမ်းထားပြီး နယ်မြေ တည်ငြိမ်အေးချမ်းရေးကို ထိခိုက်စေမယ့် အခြားလက်နက်ကိုင်အဖွဲများနဲ့ ပူးပေါင်းပါဝင်ပါတ်သက်မှု မရှိစေရေး ထိန်းသိမ်းဆောင်ရွက်သွားဖို့ စစ်ကောင်စီ ဘက်က ဆွေးနွေးလာကြောင်း ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP)က ဒီကနေ့ ဇွန်လ ၁၇ရက်ညမှာ သတင်းထုတ်ပြန်ပါတယ်။