Connect with us

Hi, what are you looking for?

LuduNwayOo

News

ဘားအံမြို့နယ်တွင် KNUတပ်မဟာ(၁)နှင့် အာဏာသိမ်းစစ်တပ် တိုက်ပွဲထပ်မံဖြစ်ပွား

အဲဒီနားပတ်ဝန်းကျင်အခြေအနေက တပ်ဘက်က တင်းမာမှုရှိတာပေါ့။BGFတပ်တွေက လေးကေဘက်ကို တက်လာမယ်လို့ သတင်းရတယ်။တက်လာရင် ဘယ်လိုဖြစ်မလဲတော့ မပြောတက်ဘူး။ စစ်ရေးအခြေအနေက ဖြစ်လာမှပဲ သိရမှာပေါ့” ဟု KNU တပ်မဟာ(၁) တာဝန်ရှိသူက ပြောသည်။

ကရင်အမျိုးသားအစည်းအရုံး(KNU/KNLA) တပ်မဟာ (၁)နယ်မြေ ဘားအံမြို့နယ် မီးပုံးကျေးရွာအနီးတွင် ယမန်နေ့ကက အာဏာသိမ်းစစ်တပ်နှင့် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း KNUတပ်မဟာ(၁) တာဝန်ရှိသူက People’s Springသို့ ပြောကြားသည်။ “ဖြစ်စဉ်ကတော့ ထိပ်တိုက်ရင်ဆိုင်မှုပဲ။ တိုက်ပွဲက ည ၈နာရီအချိန်ကနေ အချိန် ၁နာရီတော့ ကြာမယ်လို့ ခန့်မှန်းတယ်။ သူတို့ ထိုးဝင်လာလို့ မီးပုံးမှာ ဖြစ်ခဲ့တာ။ တပ်ဘက်တော့ မသိရဘူး ကျွန်တော်တို့ဘက်က ထိခိုက်ဒဏ်ရာရာတာမရှိခဲ့ဘူး” ဟု ၎င်းကဆိုသည်။

တိုက်ပွဲဖြစ်စဉ်နှင့်ပတ်သက်၍ KNU သထုံခရိုင်ကလည်း သတင်းထုတ်ပြန်ထားရာ အကြမ်းဖက်စစ်အုပ်စု လက် အောက်ခံတပ်များနှင့် KNLA တပ်တို့ မီးပုံးကျေးရွာအနီး အပြန်အလှန် ပစ်ခတ်ခဲ့ကြောင်း၊ ယနေ့ ဇူလိုင် ၁၃ရက် နံနက်တွင် မီးပုံးကျေးရွာမှ ဝါးဘိုးတော လမ်းဆုံအထိ အကြမ်းဖက် စစ်အုပ်စုမှ လမ်းကင်းများတောက် လျှောက်ချထားကြောင်း ဖော်ပြခဲ့သည်။

“အဲဒီနားပတ်ဝန်းကျင်အခြေအနေက တပ်ဘက်က တင်းမာမှုရှိတာပေါ့။BGFတပ်တွေက လေးကေဘက်ကို တက်လာမယ်လို့ သတင်းရတယ်။တက်လာရင် ဘယ်လိုဖြစ်မလဲတော့ မပြောတက်ဘူး။ စစ်ရေးအခြေအနေက ဖြစ်လာမှပဲ သိရမှာပေါ့” ဟု KNU တပ်မဟာ(၁) တာဝန်ရှိသူက ပြောသည်။

ဇူလိုင် ၁၀ရက်ကလည်း လေးကေကျေးရွာအနီးတွင် တပ်စွဲထားသော အကြမ်းဖက်စစ်အုပ်စု လက်အောက်ခံ တပ်စခန်းကို KNLA တပ်မဟာ(၁)က တိုက်ခိုက်ခဲ့ရာ ယင်းတပ်စခန်းက လေးကေရွာအတွင်းသို့ လက်နက်ကြီးများဖြင့် ပြန်လည်ပစ်ခတ်ခဲ့သည်။

Public Service Announcement

Public Service Announcement

ထိုသို့ ပစ်ခတ်မှုကြောင့်နေအိမ် အဆောက်အဦးများပျက်စီးပြီး အိမ်မွေးတိရိစ္ဆာန်အချို့သေဆုံးခဲ့သည်။ပြီးခဲ့သည့် ဇွန်လအတွင်းကလည်း ယခုတိုက်ပွဲဖြစ်ပွားရာ မီးပုံးရွာအပါအဝင်ဘားအံမြို့နယ်အတွင်းရှိ ၄နေရာတွင် KNLA တပ်မဟာ(၁)နှင့်စစ်ကောင်စီတပ်တို့တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၈ဦးသေဆုံးခဲ့သည်။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းတွင် KNU တပ်မဟာ နယ်မြေများ၌ စစ်ကောင်စီတပ်နှင့် တိုက်ပွဲဖြစ်ပွားမှုများ ပိုများလာခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ကော့ကရိတ်မြို့မြောက်ပိုင်း၌ နေရာယူထားသော ကျားဖြူစစ်ကြောင်းရှိရာသို့ စစ်ကောင်စီတပ်က တိုးဝင်လာ၍ တိုက်ပွဲစတင်ဖြစ်ခဲ့ပြီး လက်ရှိတွင် စစ်ကောင်စီက လေကြောင်းမှ အဆိပ်ငွေ့ဗုံးအသုံးပြုတိုက်ခိုက်နေသည်ဟု ၎င်းက ပြောသည်။

သတင်း

တိုက်ပွဲမှာနေ့စဉ်ရက်ဆက်ဖြစ်နေသောကြောင့် ကျည်ဆန်လိုအပ်ချက်ရှိနေ၍ ပြည်သူများအနေဖြင့် ကူညီပါဝင်ပေးကြရန်လည်း ဗိုလ်မှူးကျော်ဟိန်းက ပြောသည်။

သတင်း

ဒုတိယဗိုလ်မှူးကြီးနိုင်နိုင်ဝင်းသည် ယခုရက်ပိုင်းဖြစ်ပွားနေသည့် ကော့ကရိတ် - မြဝတီအာရှလမ်းတိုက်ပွဲ၌ KNLAနှင့် PDF ပူးပေါင်းတပ်ဖွဲ့၏တိုက်ခိုက်မှုကြောင့် သေဆုံးသွားခြင်းဖြစ်နိုင်ကြောင်း ကော့ကရိတ်ရှိ စစ်ရေးသတင်းရင်းမြစ်အချို့ကပြောသည်။

သတင်း

သရက်ကုန်းတိုက်ပွဲအတွင်း လက်နက်ငယ် (၄၀)ကျော် ၊ ၆၀မမ (၂)လတ် ၊ Drone Jammar (၁)ခု ၊ ခဲယမ်းအမြောက်အများအပါအဝင် ရန်သူ့အလောင်း ၂၁လောင်းသိမ်းဆည်းရမိခဲ့သည်ဟု ထုတ်ပြန်သည်။