Connect with us

Hi, what are you looking for?

News

ကိုယ်ကျိုးစီးပွားကြည့်ပြီး စစ်​ကောင်စီနှင့် လုပ်ကိုင်​နေ​သော လုပ်ငန်းရှင်များကို အ​ရေးယူ​တော့မည်ဟု ကြို့ပင်​ကောက် PDF သတိ​ပေး

ကြို့ပင်ကောက်မြို့နေပြည်သူများအပါအဝင် နိုင်ငံရပ်ခြားသို့ရောက်ရှိနေသူများအ‌နေဖြင့် ပံ့ပိုးမှုများပေးနေသည့်အပေါ် ဝမ်းသာရသော်လည်း မြို့ခံလုပ်ငန်းရှင်သူဌေးများ၏ ထောက်ပံ့မှုအားနည်းသောကြောင့် စ်တ်မကောင်းဖြစ်ရသည်ဟု ကြေညာချက်တွင် ဖော်ပြထားသည်။

(စစ်အာဏာရှင်ဆန့်ကျင်​ရေး ချီတက်ဆန္ဒပြ​နေ​သော ကြို့ပင်ကောက်ပြည်သူများကို ​၂၀၂၁​ဖေ​ဖော်ဝါရီက ​တွေ့ရစဥ်၊ ဓာတ်ပုံ - CJ)

ကိုယ်ကျိုးစီးပွားကိုကြည့်ပြီး စစ်ကောင်စီလက်ပါး စေများနှင့်အတူလုပ်ကိုင်နေသော လုပ်ငန်းရှင်များကို အရေးယူဆောင်ရွက်တော့မည်ဟု ကြို့ပင်ကောက်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (GBKPDF)က ယနေ့(ဖေဖော်ဝါရီ၂၅) သတိ​ပေးထုတ်ပြန်သည်။

ထုတ်ပြန်ချက်၌ အချက်၁၀ချက်ပါဝင်ပြီး ၎င်းတို့အဖွဲ့၏ လုပ်ငန်းစဉ်များနှင့်အတူ ၎င်းတို့၏ အခက်အခဲများကိုလည်း ရေးသားထားသည်။

ကြို့ပင်ကောက်မြို့နေပြည်သူများအပါအဝင် နိုင်ငံရပ်ခြားသို့ရောက်ရှိနေသူများအ‌နေဖြင့် ပံ့ပိုးမှုများပေးနေသည့်အပေါ် ဝမ်းသာရသော်လည်း မြို့ခံလုပ်ငန်းရှင်သူဌေးများ၏ ထောက်ပံ့မှုအားနည်းသောကြောင့် စ်တ်မကောင်းဖြစ်ရသည်ဟု ကြေညာချက်တွင် ဖော်ပြထားသည်။

“မိမိတို့တွင် လိုအပ်ချက်များစွာ ရှိနေသေးသည့် အတွက် မြို့သူ၊မြို့သားများအားမလိုအားမရှိနေနိုင်သည့် အပေါ်တွင်လည်း မိမိတို့အနေဖြင့် နားလည်သဘောပေါက်ပြီး ယခုအခြေအနေထက်ပို၍ ကြိုးစားလုပ်ဆောင်မည့်အကြောင်းကိုလည်း ကတိပြုပြောကြားလိုပါသည်”ဟု GBKPDF က ထုတ်ပြန်ထားသည်။

Public Service Announcement

Public Service Announcement

ထို့ကြောင့် ပြည်သူများ သွေးမအေးရန်နှင့်ယခုထက်ပံ့ပိုးပေးရန် မေတ္တာရပ်ခံထားပြီး လူတန်းစားပေါင်းစုံ ပါဝင်မှသာ အောင်မြင်မည်ဟု GBKPDF ကသတင်းထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) နဲ့ မြို့နယ်ပြည်သူ့ ကာကွယ်ရေးအဖွဲ့ (ပကဖ) ရဲဘော်တွေက လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် (၈၁) နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် လှုပ်ရှားမှုတွေကို ဒီက​နေ့ (ဇွန် ၁၉)မှာ အသီးသီးပြုလုပ်ခဲ့ပါတယ်။

သတင်း

ပဲခူးတိုင်း စစ်ဌာနနဲ့ အာဠာဝက တပ်ရင်းက ရဲဘော်တွေ၊ Beyond Sittaung အဖွဲ့သားတွေကလည်း ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ အမှတ်တရအဖြစ် ရုပ်သံဗွီဒီယိုတစ်ခု ဝေမျှခဲ့ပါတယ်။

သတင်း

တော်လှန်ရေးစိုးမိုးနယ်မြေအတွင်း လောင်းကစားဝိုင်းတွေ ချက်ချင်းရပ်တန့်ကြဖို့နဲ့ ဆက်လက်လုပ်ဆောင်ပါက ဖမ်းဆီးအရေးယူမယ့်အပြင် အသက် (၁၈) နှစ်မှ (၃၀) နှစ်ကြား လူငယ်တွေကို စစ်သင်တန်းပေးကာ တော်လှန်ရေးရဲဘော်အဖြစ် တာဝန်ပေးအပ်သွားမှာဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ပခုက္ကူခရိုင် တပ်ရင်း(၁၅)နဲ့ ယင်းမာပင်ခရိုင် အမှတ်(၁၁)တပ်ရင်းတို့က ပူးတွဲသတိပေး ထုတ်ပြန်ပါတယ်။

သတင်း

တတက(၁၃)ကျောင်းအုပ်ကြီးနဲ့အမှတ်(၄)လေကြောင်းချီတပ်မဟာကွပ်ကဲမှုဌာနချုပ် ဗိုလ်မှူးချုပ် ၂ဦး ဒဏ်ရာရ