ကိုယ်ကျိုးစီးပွားကိုကြည့်ပြီး စစ်ကောင်စီလက်ပါး စေများနှင့်အတူလုပ်ကိုင်နေသော လုပ်ငန်းရှင်များကို အရေးယူဆောင်ရွက်တော့မည်ဟု ကြို့ပင်ကောက်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (GBKPDF)က ယနေ့(ဖေဖော်ဝါရီ၂၅) သတိပေးထုတ်ပြန်သည်။
ထုတ်ပြန်ချက်၌ အချက်၁၀ချက်ပါဝင်ပြီး ၎င်းတို့အဖွဲ့၏ လုပ်ငန်းစဉ်များနှင့်အတူ ၎င်းတို့၏ အခက်အခဲများကိုလည်း ရေးသားထားသည်။
ကြို့ပင်ကောက်မြို့နေပြည်သူများအပါအဝင် နိုင်ငံရပ်ခြားသို့ရောက်ရှိနေသူများအနေဖြင့် ပံ့ပိုးမှုများပေးနေသည့်အပေါ် ဝမ်းသာရသော်လည်း မြို့ခံလုပ်ငန်းရှင်သူဌေးများ၏ ထောက်ပံ့မှုအားနည်းသောကြောင့် စ်တ်မကောင်းဖြစ်ရသည်ဟု ကြေညာချက်တွင် ဖော်ပြထားသည်။
“မိမိတို့တွင် လိုအပ်ချက်များစွာ ရှိနေသေးသည့် အတွက် မြို့သူ၊မြို့သားများအားမလိုအားမရှိနေနိုင်သည့် အပေါ်တွင်လည်း မိမိတို့အနေဖြင့် နားလည်သဘောပေါက်ပြီး ယခုအခြေအနေထက်ပို၍ ကြိုးစားလုပ်ဆောင်မည့်အကြောင်းကိုလည်း ကတိပြုပြောကြားလိုပါသည်”ဟု GBKPDF က ထုတ်ပြန်ထားသည်။

Public Service Announcement
ထို့ကြောင့် ပြည်သူများ သွေးမအေးရန်နှင့်ယခုထက်ပံ့ပိုးပေးရန် မေတ္တာရပ်ခံထားပြီး လူတန်းစားပေါင်းစုံ ပါဝင်မှသာ အောင်မြင်မည်ဟု GBKPDF ကသတင်းထုတ်ပြန်ထားသည်။


















































