Connect with us

Hi, what are you looking for?

News

မင်းကင်းနယ်တွင် ​တောင်တွင်းPDF လက်နက်ခဲယမ်းများသယ်လာစဥ် တိုက်ခိုက်သည့် ပျူအဖွဲ့ သုံးဦး​သေ

တိုက်ပွဲအတွင်း DPDFတပ်ရင်း တပ်ခွဲ-၂မှ ထိခိုက်မှုမရှိခဲ့ဘဲ ပြေကန် ၊ ညောင်ကုန်းနီးစပ်ရာ ​ကျေးရွာမှပျူစောထီး ၁၀၀ခန့်က အင်အားထပ်ကူသဖြင့် နီးစပ်ရာ ရွာမှ ပြည်သူများ ဘေးလွတ်ရာသို့ စစ်ဘေးရှောင်နေရကြောင်းလည်း အသိပေးသည်။

စစ်ကိုင်းတိုင်း မင်းကင်းမြို့နယ်တွင် ပြည်သူ့ကာကွယ် ရေးတပ်မှ လက်နက်ခဲယမ်းများ သယ်ဆောင်လာစဥ် ဝင်ရောက်တိုက်ခိုက်သည့် ပျူစောထီးအဖွဲ့ကို တန်ပြန်တိုက်ခိုက်ရာ သုံးဦးသေဆုံးကြောင်း တောင်တွင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (TDPDF)က ထုတ်ပြန်သည်။

ယနေ့ (မတ်လ ၃ရက်)နံနက် ၈နာရီခန့်က TDPDF တပ်ခွဲ-၂ မှ လှည်းဖြင့်လက်နက်ခဲယမ်းသယ်ဆောင်လာစဥ် ကူလဲအနောက်ရွာရှိ ပျူစောထီး ၄၀ခန့်က လာရောက်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။

သို့သော် ကင်းပုန်းဝတ်နေသော TDPDF တပ်ရင်း တပ်ခွဲ-၂ ရဲဘော်ရှစ်ဦးမှ လက်လုပ်လက်နက်ကြီးဖြင့် ​ပစ်ခတ်ရာ ပျူစောထီးသုံးဦးသေဆုံးခဲ့သည်ဟု TDPDF က ပြောသည်။

တိုက်ပွဲအတွင်း DPDFတပ်ရင်း တပ်ခွဲ-၂မှ ထိခိုက်မှုမရှိခဲ့ဘဲ ပြေကန် ၊ ညောင်ကုန်းနီးစပ်ရာ ​ကျေးရွာမှပျူစောထီး ၁၀၀ခန့်က အင်အားထပ်ကူသဖြင့် နီးစပ်ရာ ရွာမှ ပြည်သူများ ဘေးလွတ်ရာသို့ စစ်ဘေးရှောင်နေရကြောင်းလည်း အသိပေးသည်။

Public Service Announcement

Public Service Announcement

ဖေဖော်ဝါရီ ၂၈ရက်ကလည်း ကူလဲအနောက်ရွာမှ ပျူစောထီး ၅၀ခန့်သည် TD PDF တပ်ရင်းတပ်ခွဲ -၂ စခန်းကို ဝင်ရောက်စီးနင်းရန်ကြိုပမ်းမှုရှိခဲ့သော်လည်း တစ်နာရီကျော်ကြာ အပြန် အလှန်ပစ်ခတ်မှုပြီးနောက် ပျူစောထီးများ ပြန်လည်ဆုတ်ခွာခဲ့ရသည်ဟု သိရသည်။

အကြမ်းဖက်စစ်ကောင်စီ၏ တပ်သားအင်အားမှာလျှော့နည်းလာပြီဖြစ်သော်လည်း စစ်ကိုင်းတိုင်းအတွင်း မဘသအဖွဲ့ဝင်များနှင့် ကြံ့ခိုင်ရေးပါတီဝင်များဦးဆောင်ကာ ပြည်သူ့စစ်အမည်ခံ(ပျူစောထီး )များကို မြို့နယ်အလိုက်ဖွဲ့စည်းနိုင်ခဲ့သည်။

ပျူစောထီးများ၏ အင်အားကို အသုံးပြု၍ စစ်ကိုင်း တိုင်းရှိ ပြည်သူ့ကာကွယ်ရေးတပ်စခန်းများကို ယခုလပိုင်းအတွင်း အကြမ်းဖက်စစ်ကောင်စီက အကြိမ်ကြိမ်ဝင်ရောက် စီးနင်းနိုင်နေသည်။

ဆက်စပ်သတင်းများ

သတင်း

နွားထိုးကြီးမြို့ဆိုင်းဘုတ်ရှေ့ကနေ PDFတပ်ရင်းမှူးကိုစိုးအောင် ကို နာမည်တပ်စိန်ခေါ်တာ တွေဆက်တိုက်လုပ်ခဲ့တဲ့အာဏာသိမ်းစစ်တပ်လက်​အောက်ခံရဲကွန်မန်ဒိုစစ်ကြောင်းကဆိုတဲ့ ရဲတပ်ဖွဲ့ဝင် ကောင်းထက်ဖြိုးရဲ့ မိဘတွေထံ PDF ​တွေကသွား​ရောက်​တွေ့ဆုံပြီး သားဖြစ်သူကိုထိန်းကြောင်းပေးဖို့ပြောခဲ့ကြပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ယာဥ်တန်းနဲ့ စစ်သားတွေကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)က FPV ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့တဲ့ရုပ်သံမှတ်တမ်းကို PDF စစ်ရုံးချုပ်က ဒီကနေ့ မှာ ထပ်မံထုတ်ပြန်ပါတယ်။

သတင်း

မကွေးတိုင်းပေါက် နဲ့ မြိုင်ဒေသမှာ စစ်ကြောင်းထိုးလာပြီး လမ်းမှားကျန်ရစ်တဲ့ တပ်မ (၁၀၁)စစ်ကြောင်းကစစ်သားနှစ်ဦးကို လက်နက်ခဲယမ်းတွေနဲ့ဖမ်းမိခဲ့တယ်လို့ဂဠုန်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (Myaing Garuda PDF )တာ၀န်ရှိသူက လူထုနွေဦးကို ပြောပါတယ်။