Connect with us

Hi, what are you looking for?

LuduNwayOo

News

အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့တွင် စစ်တပ်၏ သတ်ဖြတ်မှုကြောင့် ကျဆုံးခဲ့ရသသည့် အမျိုးသမီးများကို အောက်မေ့ဂုဏ်ပြုကြောင်း အမေရိကန်သံရုံးထုတ်ပြန်

မြန်မာနိုင်ငံအတွင်း အားလုံးပါဝင်နိုင်သည့် ဒီမိုကရေစီစနစ်အတွက် မဆုတ်မနစ်ကြိုးပမ်းအားထုတ်လျက်ရှိသော ရဲဝံ့သည့်အမျိုးသမီးများအားလုံးကို ချီးကျူးဂုဏ်ပြုကြောင်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးက ထုတ်ပြန်သည်။

(ယ​နေ့ နံနက်က စစ်အာဏာရှင်ဆန့်ကျင်​ရေးအဖြစ် ရန်ကုန် အမျိုးသမီးသပိတ်စစ်​ကြောင်းမှ ချီတက်ဆန္ဒပြ​နေစဥ်၊ ဓာတ်ပုံ - GSCB)

ယနေ့(မတ်လ ၈ ရက်)ကျရောက်သော အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့တွင် မမြသွဲ့သွဲ့ခိုင်၊ မအိန်ဂျယ်ကြယ်စင်၊ မခင်မျိုးချစ် အပါအဝင် လွန်ခဲ့သည့်တစ်နှစ်အတွင်း ကြွေလွင့်ခဲ့ရသည့် အမျိုးသမီးများနှင့် မိန်းကလေးများအားလုံးကို အောက်မေ့ဂုဏ်ပြုကြောင်း အမေရိကန်သံရုံးက ထုတ်ပြန်သည်။

မမြသွဲ့သွဲ့ခိုင်၊ မအိန်ဂျယ်ကြယ်စင်၊ မခင်မျိုးချစ်အပါအဝင် အမျိုးသမီး ၁၂၀ ကျော်သည် အကြမ်းဖက်စစ်တပ်၏ လက်ချက်ကြောင့် ကျဆုံးခဲ့ရခြင်းဖြစ်သည်။

မြန်မာနိုင်ငံအတွင်း အားလုံးပါဝင်နိုင်သည့် ဒီမိုကရေစီစနစ်အတွက် မဆုတ်မနစ်ကြိုးပမ်းအားထုတ်လျက်ရှိသော ရဲဝံ့သည့်အမျိုးသမီးများအားလုံးကို ချီးကျူးဂုဏ်ပြုကြောင်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးက ထုတ်ပြန်သည်။

နိုင်ငံရေးအကျဉ်းသားများစောင့်ရှောက်ရေးအသင်း (AAPP)ကောက်ခံရရှိသည့် စာရင်းအရ မတ်လ ၇ ရက်အထိ နိုင်ငံတဝန်း၌ အကြမ်းဖက်စစ်တပ်ကြောင့် ၁,၆၂၀ ကျဆုံးခဲ့သည်။

Public Service Announcement

Public Service Announcement

ယင်းအနက် အနည်းဆုံးအမျိုးသမီး ၁၂၂ ဦး၊ လူငယ် ၇၂၄ ဦး၊ ကလေးသူငယ် ၁၁၀ ဦးပါဝင်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG)က ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တချို့သတင်းတွေကတော့ အခုသီတင်းပတ် အစောပိုင်းတုန်းက ဘာဒင်ညက်စ်ခ် မြို့ထဲမှာ တပ်စွဲထားတဲ့ ရုရှားတပ်တွေကို ယူကရိန်းက တိုက်ခိုက်ရာမှာ နောက်ထပ် ဒုံးကျည်တစ်စင်း ထပ်သုံးခဲ့ကြောင်း ဖော်ပြနေပါတယ်။

နိုင်ငံတကာ

ရုရှား အစိုးရ ပြောရေးဆိုခွင့်ရ အရာရှိ ဒစ်မစ်ထရီ ပက်စ်ကော့ဗ်ကတော့ အခုဆုံးဖြတ်ချက်ဟာ အမေရိကန်ကို ကြွယ်ဝသထက် ကြွယ်ဝစေပြီး ယူကရိန်း အတွက်တော့ နောက်ထပ် အသက်တွေ စတေးရင်း တွင်းဆုံးကျစေမယ့် ကိစ္စမျိုးလို့ တုံ့ပြန်သွားပါတယ်။

နိုင်ငံတကာ

အမေရိကန်က အဲဒီအဆိုကို ဗီတိုအာဏာသုံးပြီး ပယ်ချခဲ့မေယ့် အမေရိကန်ရဲ့ အနီးစပ်ဆုံး မဟာမိတ်တွေထဲက ပြင်သစ်၊ ဂျပန်နဲ့ တောင်ကိုရီးယားတို့ကလည်း ပါလက်စတိုင်းနိုင်ငံ ထူထောင်ရေး အဆိုကို ထောက်ခံခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

ကုလသမဂ္ဂဆိုင်ရာ အီရန် သံတမန် အဖွဲ့က အီရန်ရဲ့ တိုက်ခိုက်မှုဟာ တရားမျှတပြီး အမေရိကန် အနေနဲ့ ကြားမဝင်ဖို့ လိုတယ်လို့ သတိပေးလိုက်တာ ဖြစ်ပါတယ်။