Connect with us

Hi, what are you looking for?

News

ထိုင်းနိုင်ငံမှတဆင့် မြဝတီသို့​ရောက်ရှိ​နေ​သော ​လေယာဥ်ဆီကို မန္တ​လေး​လေဆိပ်ပို့မည်ဖြစ်၍ လမ်း​ကြောင်းလုံခြုံ​ရေးယူ​ပေးရန် စစ်​ကောင်စီ၏ လျှို့ဝှက်စာ ထွက်​ပေါ်လာ

အရပ်သားများကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခြင်းသည် စစ်ရေးလက္ခဏာမဟုတ်ဘဲ နိုင်ငံတကာစစ်ဥပဒေများနှင့် လက်နက်ကိုင်စစ်ရာဇဝတ်မူများကို ကျူးလွန်ဖောက်ဖျက်ခြင်းဖြစ်သည်ဟုလည်း NUGကထုတ်ပြန် သည်။

ထိုင်းနိုင်ငံမှတင်သွင်းပြီး မြဝတီသို့ရောက်ရှိနေသော လေယာဥ်ဆီကို မန္တလေးလေဆိပ်သို့ပို့ဆောင်ရန် လမ်းကြောင်းဆိုင်ရာလုံခြုံရေး ပေးရန်ဆိုသည် လျှို့ဝှက်စာတစ်စောင် လူမှုကွန်ရက်​ပေါ် ထွက်ပေါ်လာသည်။

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်းနှင့် Purma Energy Group တို့ အကျိုးတူပူး​ပေါင်း၍ မြန်မာနိုင်ငံ၌ လေယာဥ်ဆီတင်သွင်း၊သိုလှောင်၊ဖြန့်ဖြူးရောင်းချမှုလုပ်ငန်းများ ဆောင်ရွက်နေသည့် National Energy Puma Aviation Services ကုမ္ပဏီလီမိတက်က လေယာဥ်ဆီ တင်သွင်းခဲ့သည်ဟု အဆိုပါ လျှို့ဝှက်စာကတွင် ပါရှိသည်။

ထို့ကြောင့် မြဝတီမြို့သို့ရောက်ရှိနေပြီဖြစ်သော မော်တော်ယာဥ်(Refuller-Liter 20000)ဆံ့ ဘောက်ဆာ တစ်စီးကို မတ်လ ၉ ရက် မှ ၁၃ရက်အတွင်း မြဝတီ-သဃ်န်းညီနောင်-ကော့ကရိတ်-ဘားအံ-သထုံ-ဘီးလင်း-ကျိုက်ထို-မုပ္ပလင်-ဘုရားကြီး-တောင်ငူ-ရန်ကုန်-မန္တလေးလမ်းဟောင်းအတိုင်း မန္တလေးလေဆိပ်သို့ ပို့ဆောင်မည်ဖြစ်သည်ဟု ဆိုသည်။

ထို့အတွက် လမ်းခရီးလုံခြုံရေးရယူပေးရန် ပြည်ထဲရေးဝန်ကြီးဌာန ဝန်ကြီးရုံးအမိန့်စာဖြင့် မတ်လ ၈ ရက် ရက်စွဲ ဖြင့် ထုတ်ပြန်ထားသည်။

Public Service Announcement

Public Service Announcement

မြန်မာနိုင်ငံသို့ လေယာဥ်ဆီတင်သွင်းခြင်းနှင့်ဆက်စပ်၍ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)က ရွှေဗျိုင်းဖြူ ကုမ္ပဏီအုပ်စု၊Golden Myanmar Airlines နှင့် Brighter Energy Company နှင့် Yangon Aerodrome ၊ ဦးဝင်း​ကျော်​ကျော်အပါအဝင်ဒါရိုက်တာငါးဦးဖြင့်တည်​ထောင်ထား​သော Asia Sun နှင့်​ဒေါက်တာဝင်းမြင့်ပိုင် မြတ်​မေတ္တာမွန်ကုမ္ပဏီတို့ကို စစ်အုပ်စုအတွက် လေယာဥ်ဆီတင်သွင်းမှုဖြင့် NUG ကအမည်ပျက်စာရင်းသွင်းထားသည်။

အရပ်သားများကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခြင်းသည် စစ်ရေးလက္ခဏာမဟုတ်ဘဲ နိုင်ငံတကာစစ်ဥပဒေများနှင့် လက်နက်ကိုင်စစ်ရာဇဝတ်မူများကို ကျူးလွန်ဖောက်ဖျက်ခြင်းဖြစ်သည်ဟုလည်း NUGကထုတ်ပြန် သည်။

အကြမ်းဖက်စစ်​ကောင်စီတပ်သည် ၎င်းတို့အထိနာပါက ​အရပ်သားပြည်သူများကိုပင် ​လေ​ကြောင်းမှ တိုက်ခိုက်လျှက်ရှိပြီး ကရင်နီပြည်နယ်၊ကရင်ပြည်နယ်၊ချင်းပြည်နယ်၊ ကချင်ပြည်နယ်၊စစ်ကိုင်းတိုင်း၊မ​ကွေးတိုင်းတို့တွင် ​လေ​ကြောင်းတိုက်မှုများပြုလုပ်ခဲ့သည်။

ဆက်စပ်သတင်းများ

ဆောင်းပါး

တစ်နေ့လုပ်ခ ဘတ် ၄၀၀ ရတယ်ဆိုပါစို့။ အရင်က မိသားစု စားဖို့တောင် သူများဆီက ငွေချေးနေရတဲ့သူတစ်ယောက်အတွက် ဒီငွေဟာ ဘယ်လောက်တောင် အဓိပ္ပာယ်ရှိမလဲ။ ကိုယ့်ဝမ်းကိုယ် ကျောင်းနိုင်ဖို့၊ မိဘတွေရဲ့ ကျန်းမာရေးအတွက် ငွေပို့ပေးနိုင်ဖို့၊ နောက်တစ်နေ့ ဘာစားရမလဲဆိုတဲ့ စိုးရိမ်စိတ် မရှိဘဲ အိပ်ပျော်နိုင်ဖို့ဆိုတာ သူတို့အတွက် အိပ်မက်တစ်ခုလိုပါပဲ။

သတင်း

ထိုင်း - မြန်မာနယ်စပ်မြ၀တီမြို့၊နဒီလင်းမြိုင်ရွာမှာပြီးခဲ့တဲ့ရက်ပိုင်းအောက်တိုဘာ ၂၀ ရက်မှာ ထိုင်းကုန်စည်တွေ သယ်ဆောင်လာတဲ့ ကားအစီးရေ ၄၀ နီးပါးကို အာဏာသိမ်းစစ်တပ်က ဖမ်းဆီးလိုက်တယ်လို့ ကရင်သတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

တနိုင်ငံလုံးအပစ်ရပ်စာချုပ်(NCA)အပေး လူထုရဲ့ ယုံကြည်ကိုးစားမှု လျော့နည်းကျဆင်းခဲ့ကြောင်း နေပြည်တော်မှာ ကျင်းပတဲ့ NCA စာချုပ်ချုပ်ဆိုမှု ၁၁နှစ်မြောက်နှစ်ပတ်လည် အခမ်းအနားမှာ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS)ကိုယ်စားလှယ် ဗိုလ်မှူးကြီးစိုင်းငင်းက ပြောပါတယ်။