Connect with us

Hi, what are you looking for?

News

ထိုင်းနိုင်ငံမှတဆင့် မြဝတီသို့​ရောက်ရှိ​နေ​သော ​လေယာဥ်ဆီကို မန္တ​လေး​လေဆိပ်ပို့မည်ဖြစ်၍ လမ်း​ကြောင်းလုံခြုံ​ရေးယူ​ပေးရန် စစ်​ကောင်စီ၏ လျှို့ဝှက်စာ ထွက်​ပေါ်လာ

အရပ်သားများကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခြင်းသည် စစ်ရေးလက္ခဏာမဟုတ်ဘဲ နိုင်ငံတကာစစ်ဥပဒေများနှင့် လက်နက်ကိုင်စစ်ရာဇဝတ်မူများကို ကျူးလွန်ဖောက်ဖျက်ခြင်းဖြစ်သည်ဟုလည်း NUGကထုတ်ပြန် သည်။

ထိုင်းနိုင်ငံမှတင်သွင်းပြီး မြဝတီသို့ရောက်ရှိနေသော လေယာဥ်ဆီကို မန္တလေးလေဆိပ်သို့ပို့ဆောင်ရန် လမ်းကြောင်းဆိုင်ရာလုံခြုံရေး ပေးရန်ဆိုသည် လျှို့ဝှက်စာတစ်စောင် လူမှုကွန်ရက်​ပေါ် ထွက်ပေါ်လာသည်။

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်းနှင့် Purma Energy Group တို့ အကျိုးတူပူး​ပေါင်း၍ မြန်မာနိုင်ငံ၌ လေယာဥ်ဆီတင်သွင်း၊သိုလှောင်၊ဖြန့်ဖြူးရောင်းချမှုလုပ်ငန်းများ ဆောင်ရွက်နေသည့် National Energy Puma Aviation Services ကုမ္ပဏီလီမိတက်က လေယာဥ်ဆီ တင်သွင်းခဲ့သည်ဟု အဆိုပါ လျှို့ဝှက်စာကတွင် ပါရှိသည်။

ထို့ကြောင့် မြဝတီမြို့သို့ရောက်ရှိနေပြီဖြစ်သော မော်တော်ယာဥ်(Refuller-Liter 20000)ဆံ့ ဘောက်ဆာ တစ်စီးကို မတ်လ ၉ ရက် မှ ၁၃ရက်အတွင်း မြဝတီ-သဃ်န်းညီနောင်-ကော့ကရိတ်-ဘားအံ-သထုံ-ဘီးလင်း-ကျိုက်ထို-မုပ္ပလင်-ဘုရားကြီး-တောင်ငူ-ရန်ကုန်-မန္တလေးလမ်းဟောင်းအတိုင်း မန္တလေးလေဆိပ်သို့ ပို့ဆောင်မည်ဖြစ်သည်ဟု ဆိုသည်။

ထို့အတွက် လမ်းခရီးလုံခြုံရေးရယူပေးရန် ပြည်ထဲရေးဝန်ကြီးဌာန ဝန်ကြီးရုံးအမိန့်စာဖြင့် မတ်လ ၈ ရက် ရက်စွဲ ဖြင့် ထုတ်ပြန်ထားသည်။

Public Service Announcement

Public Service Announcement

မြန်မာနိုင်ငံသို့ လေယာဥ်ဆီတင်သွင်းခြင်းနှင့်ဆက်စပ်၍ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)က ရွှေဗျိုင်းဖြူ ကုမ္ပဏီအုပ်စု၊Golden Myanmar Airlines နှင့် Brighter Energy Company နှင့် Yangon Aerodrome ၊ ဦးဝင်း​ကျော်​ကျော်အပါအဝင်ဒါရိုက်တာငါးဦးဖြင့်တည်​ထောင်ထား​သော Asia Sun နှင့်​ဒေါက်တာဝင်းမြင့်ပိုင် မြတ်​မေတ္တာမွန်ကုမ္ပဏီတို့ကို စစ်အုပ်စုအတွက် လေယာဥ်ဆီတင်သွင်းမှုဖြင့် NUG ကအမည်ပျက်စာရင်းသွင်းထားသည်။

အရပ်သားများကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခြင်းသည် စစ်ရေးလက္ခဏာမဟုတ်ဘဲ နိုင်ငံတကာစစ်ဥပဒေများနှင့် လက်နက်ကိုင်စစ်ရာဇဝတ်မူများကို ကျူးလွန်ဖောက်ဖျက်ခြင်းဖြစ်သည်ဟုလည်း NUGကထုတ်ပြန် သည်။

အကြမ်းဖက်စစ်​ကောင်စီတပ်သည် ၎င်းတို့အထိနာပါက ​အရပ်သားပြည်သူများကိုပင် ​လေ​ကြောင်းမှ တိုက်ခိုက်လျှက်ရှိပြီး ကရင်နီပြည်နယ်၊ကရင်ပြည်နယ်၊ချင်းပြည်နယ်၊ ကချင်ပြည်နယ်၊စစ်ကိုင်းတိုင်း၊မ​ကွေးတိုင်းတို့တွင် ​လေ​ကြောင်းတိုက်မှုများပြုလုပ်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ထိုင်း - မြန်မာနယ်စပ် မြဝတီမြို့မှာ ကရင်နယ်ခြားစောင့်တပ်(BGF)တပ်ဖွဲ့ဝင် မောင်းနှင်လာတဲ့ကားက ဝင်တိုက်လို့ ကလေးငယ် ၁ဦးအပါအဝင်ဒေသခံအချို့ ဒဏ်ရာအပြင်းအထန်ရရှိသွားပြီး လမ်းဘေး ဈေးဆိုင်နဲ့ ကား၊ဆိုင်ကယ်တွေ ပျက်စီးမှုဖြစ်ပွားခဲ့ပါတယ်။

သတင်း

ကရင်ပြည်နယ်၊ မြဝတီမြို့၊ အမှတ်(၅)ရပ်ကွက်အနီးက ရေပူရာဘာခြံအနီးမှာ ကားဗုံးပေါက်ကွဲမှုဖြစ်ပြီး ကရင်အမျိုးသားကာကွယ်ရေးတပ်မတော် (KNA)အဖွဲ့က တပ်သားအချို့ ထိခိုက်သေဆုံးမှုရှိတယ်လို့ ကနဦး သတင်းရရှိပါတယ်။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက်ကို စစ်တပ်ကတပ်မ ၂ မသုံးပြီးစစ်ကြောင်းထိုးနေတာ​ကြောင့် နေ့စဉ်တိုက်ပွဲတွေပြင်းထန်နေတယ်လို့ ကော်ဘရာစစ်ကြောင်းမှူး၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် ဗျူဟာ(၃၂) စစ်ဆင်ရေးမှူး ဗိုလ်မှူးဒါဘောက လူထုနွေဦးကို ပြောပါတယ်။