Connect with us

Hi, what are you looking for?

News

ကရင်နီပြည်တွင် စစ်​ကောင်စီ တိုက်လေယာဥ်ဖြင့် ဗုံးကြဲပစ်ခတ်၍ ပြည်သူ့ရဲ​ဘော်တစ်ဦးကျဆုံး

ထိုတိုက်ခိုက်မှုများကြောင့် ဒေသခံကလေးငယ်များနှင့် ​ဒေသခံပြည်သူများ သေဆုံးနေရပြီး ဘုရားကျောင်းမှာလည်း ထိခိုက်ပျက်ဆီးနေရသည်။

ဓာတ်ပုံ - KNDF B-9

ကရင်နီပြည်နယ်တွင် ယနေ့(မတ်လ ၁၁ ရက်) နံနက် အစောပိုင်း၌ အကြမ်းဖက်စစ်ကောင်စီက တိုက်လေယာဥ်ဖြင့် ဗုံးကြဲပစ်ခတ်မှုကြောင့် ရဲဘော်တစ်ဦးကျဆုံးခဲ့ကြောင်း ကရင်နီအမျိုးသားများကာကွယ်​ရေးတပ် (KNDF)တပ်ရင်း-၉ က ထုတ်ပြန်သည်။

စစ်ကောင်စီ၏ တိုက်လေယာဥ်သည် နံနက် ၄နာရီတွင် တစ်ကြိမ် နံနက် ၇နာရီတွင် တစ်ကြိမ် စုစု​ပေါင်းနှစ်ကြိမ်လာရောက်ဗုံးကြဲခဲ့သည်ဟု ဆိုသည်။

လေယာဉ်ဖြင့် ယုတ်မာစွာပစ်ခတ်ကြဲချမှုများအောက်တွင် အသက်ပေးခဲ့ရသော အာဇာနည်သူရဲကောင်းသည် အသက်ရှင်စဉ်တွင်လည်း ကရင်နီပြည်အတွက် နိုင်ရာ၀န်ထမ်းရင်း အကြမ်းဖက်စစ်ကောင်စီတပ်များကို ပြင်းပြင်း ထန်ထန်တိုက်ထုတ်ခဲ့‌သော သူရဲကောင်းတစ်ဦးဖြစ် ကြောင်း KNDF တပ်ရင်း-၉က အသိပေးသည်။

Public Service Announcement

ကရင်နီပြည်နယ်အတွင်း အကြမ်းဖက်စစ်ကောင်စီသည် နေ့စဥ် လေယာဥ်များနှင့် လက်နက်ကြီးများအသုံးပြုတိုက်ခိုက်လျက်ရှိသည်။

Public Service Announcement

Public Service Announcement

ထိုတိုက်ခိုက်မှုများကြောင့် ဒေသခံကလေးငယ်များနှင့် ​ဒေသခံပြည်သူများ သေဆုံးနေရပြီး ဘုရားကျောင်းမှာလည်း ထိခိုက်ပျက်ဆီးနေရသည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်နီပြည်အတိုင်ပင်ခံကောင်စီ(KSCC)ရဲ့ လစ်လပ်နေတဲ့ ဥက္ကဌ နေရာအတွက် အမျိုးသမီး တစ်ဦးကို ရွေးချယ်ကာ အလုပ်အမှုဆောင်အဖွဲ့ကို ဒီကနေ့ ပြန်လည်ဖွဲ့စည်းလိုက်ပါတယ်။

သတင်း

ကရင်နီပြည်နယ်ကို အာဏာသိမ်းစစ်တပ်က လေကြောင်းနဲ့ ဒရုန်း တိုက်ခိုက်မှုတွေ ပိုလုပ်လာတယ်လို့ ကရင်နီပြည်တပ်မတော်(KA)တပ်ရင်း-၅ တာ၀န်ရှိသူက လူထုနွေဦးကို ပြောပါတယ်။

သတင်း

ကရင်နီပြည်မှာ ညီညွတ်တဲ့အစိုးရနဲ့အတူ ပြည်နယ်တပ်တစ်ခုတည်းဖြစ်ပေါ်လာဖို့ ဆက်လက်ကြိုးပမ်းသွားမယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်-KNDFက ဒီကနေ့ စက်တင်ဘာ ၁ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။