Connect with us

Hi, what are you looking for?

News

ကရင်နီပြည်တွင် စစ်​ကောင်စီ တိုက်လေယာဥ်ဖြင့် ဗုံးကြဲပစ်ခတ်၍ ပြည်သူ့ရဲ​ဘော်တစ်ဦးကျဆုံး

ထိုတိုက်ခိုက်မှုများကြောင့် ဒေသခံကလေးငယ်များနှင့် ​ဒေသခံပြည်သူများ သေဆုံးနေရပြီး ဘုရားကျောင်းမှာလည်း ထိခိုက်ပျက်ဆီးနေရသည်။

ဓာတ်ပုံ - KNDF B-9

ကရင်နီပြည်နယ်တွင် ယနေ့(မတ်လ ၁၁ ရက်) နံနက် အစောပိုင်း၌ အကြမ်းဖက်စစ်ကောင်စီက တိုက်လေယာဥ်ဖြင့် ဗုံးကြဲပစ်ခတ်မှုကြောင့် ရဲဘော်တစ်ဦးကျဆုံးခဲ့ကြောင်း ကရင်နီအမျိုးသားများကာကွယ်​ရေးတပ် (KNDF)တပ်ရင်း-၉ က ထုတ်ပြန်သည်။

စစ်ကောင်စီ၏ တိုက်လေယာဥ်သည် နံနက် ၄နာရီတွင် တစ်ကြိမ် နံနက် ၇နာရီတွင် တစ်ကြိမ် စုစု​ပေါင်းနှစ်ကြိမ်လာရောက်ဗုံးကြဲခဲ့သည်ဟု ဆိုသည်။

လေယာဉ်ဖြင့် ယုတ်မာစွာပစ်ခတ်ကြဲချမှုများအောက်တွင် အသက်ပေးခဲ့ရသော အာဇာနည်သူရဲကောင်းသည် အသက်ရှင်စဉ်တွင်လည်း ကရင်နီပြည်အတွက် နိုင်ရာ၀န်ထမ်းရင်း အကြမ်းဖက်စစ်ကောင်စီတပ်များကို ပြင်းပြင်း ထန်ထန်တိုက်ထုတ်ခဲ့‌သော သူရဲကောင်းတစ်ဦးဖြစ် ကြောင်း KNDF တပ်ရင်း-၉က အသိပေးသည်။

Public Service Announcement

ကရင်နီပြည်နယ်အတွင်း အကြမ်းဖက်စစ်ကောင်စီသည် နေ့စဥ် လေယာဥ်များနှင့် လက်နက်ကြီးများအသုံးပြုတိုက်ခိုက်လျက်ရှိသည်။

Public Service Announcement

Public Service Announcement

ထိုတိုက်ခိုက်မှုများကြောင့် ဒေသခံကလေးငယ်များနှင့် ​ဒေသခံပြည်သူများ သေဆုံးနေရပြီး ဘုရားကျောင်းမှာလည်း ထိခိုက်ပျက်ဆီးနေရသည်။

ဆက်စပ်သတင်းများ

သတင်း

ကမ္ဘာ့ရွှေ အမြင့်စျေးဖြင့် စျေးကွက်ပိတ်ခဲ့ပြီး ပြည် တွင်း၌ ရွှေသန့်စင်ဖိုများလုပ်ငန်းယာယီရပ်ရန် စစ်ကောင်စီက ဖိအားပေးနေကြောင်း ရွှေလုပ်ငန်းရှင် အချို့ကပြောသည်။

သတင်း

ရန်ကုန်မြို့မှာစစ်ကောင်စီရဲ့လက်အောက်ခံ ရဲတွေနဲ့ စစ်ကောင်စီက ပျူစောထီး​ခေါ် ပြည်သူ့စစ်တွေ၊ရပ်ကွက်အုပ်ချုပ်ရေးမှူးအဖွဲ့တွေ၊ လူမိုက်အဖွဲ့တွေနဲ့ အချင်းချင်းကြားပြန်လည်ပစ်ခတ်မှုတွေဖြစ်နေပါတယ်။

သတင်း

မြန်မာ-တရုတ်နယ်စပ်တွင်အဓိကကုန်သွယ်ရေးဂိတ်ဖြစ်လာသည့် ကျင်စန်းကျော့ဂိတ်မှတဆင့် တရားဝင်အခွန်ကောက်မည်ဟု မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ကကြေညာပြီးနောက် မူဆယ်သို့သွားမည့် ကုန်ကားများကို လားရှိူးမှ စောင့်၍ ဖမ်း‌ဆီး​နေသည်။

သတင်း

ရန်ကုန်တိုင်း၊တောင်ဒဂုံမြို့နယ်တွင်အခြေခံလုပ်အားခတိုးမြှင့်ရေးဦးဆောင်တောင်းဆိုသည့် စက်ရုံလုပ်သားတစ်ဦးကို စစ်ကောင်စီဖမ်းဆီးသွားသည်မှာ ငါးရက်ရှိပြီ ဖြစ်ပြီးပြန်လွတ်မလာ​သေး​ကြောင်း ဖြစ်စဥ်ကိုသိ​သူများက​ပြောသည်။