Connect with us

Hi, what are you looking for?

News

ဖမ်းဆီးခံ ကျောင်းသားသမဂ္ဂအဖွဲ့ဝင်တွေကို စစ်ကောင်စီ ထောင်ဆက်တိုက်ချနေ

ဒီလို အမိန့်ချတာဟာ တရားသူကြီးရဲ့ ဆင်ခြင်တုံတရားနဲ့ အမိန့်ချတာလား ၊ လူတစ်စုရဲ့ အမိန့်ကြောင့်အမိန့်ချတာလားလို့တရားခွင်မှာ ကျောင်းသားတွေက တရားသူကြီးကို မေးခွန်းထုတ်ခဲ့တယ်လို့ ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂရဲ့ထုတ်ပြန်ချက်မှာတွေ့ရပါတယ်။

ဖမ်းဆီးခံထားရတဲ့ ကျောင်းသားသမဂ္ဂအဖွဲ့ဝင် ကျောင်းသားတွေကို စစ်ကောင်စီဟာ စွဲဆိုထားတဲ့ ပုဒ်မတွေနဲ့ ဒီရက်ပိုင်းမှာ ခပ်စိတ်စိတ်ထောင်ချလာပါတယ်။

ဒီနေ့မနက်ပိုင်းမှာဆို လက်ပံတန်းမြို့နယ်လုံးဆိုင်ရာကျောင်းသားများသမဂ္ဂ( ဗကသများအဖွဲ့ချုပ် ) ဥက္ကဋ္ဌဟောင်း ကိုအောင်ကုဋေစိုးကို သာယာဝတီထောင်တွင်းတရားရုံးက နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၁၂၄ နဲ့ထောင်ဒဏ် ၈ နှစ်နဲ့ ၃ လချလိုက်ပါတယ်။

ကိုအောင်ကုဋေစိုးဟာ ပြီးခဲ့တဲ့ နှစ်မေလ အတွင်းက ဖမ်းခံရတာဖြစ်ပြီး ဒီဇင်ဘာလမှာ ရာဇသတ်ကြီးပုဒ်မ ၅၀၅ (က) နဲ့ ထောင် ၃ နှစ်ချခံထားရသူလည်းဖြစ်တယ်လို့ ဗကသများအဖွဲ့ချုပ်က ထုတ်ပြန်ထားပါတယ်။

ဒါကြောင့် ကိုအောင်ကုဋေစိုးဟာ မတရားဖမ်းဆီးခံရပြီးနောက် ထောင်ဒဏ် စုစုပေါင်း ၁၁ နှစ်နဲ့ ၃ လ ချခံထားရပါတယ်။

Public Service Announcement

Public Service Announcement

အလားတူပါပဲ မတ်လ ၁၀ ရက်က အင်းစိန်ထောင်တွင်းတရားရုံးကနေ ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂဂရဲ့အဖွဲ့ဝင်တွေဖြစ်တဲ့ မဝတ်ရည်အောင် ၊ကိုရဲလင်းဦးနဲ့ ကိုနေထက်လင်းတို့ကို ရာဇသတ်ကြီးပုဒ်မ ၅၀၅ (က) နဲ့ ထောင်ဒဏ်၃ နှစ်စီချလိုက်တာရှိပါတယ်။

ဒီလို အမိန့်ချတာဟာ တရားသူကြီးရဲ့ ဆင်ခြင်တုံတရားနဲ့ အမိန့်ချတာလား ၊ လူတစ်စုရဲ့ အမိန့်ကြောင့်အမိန့်ချတာလားလို့တရားခွင်မှာ ကျောင်းသားတွေက တရားသူကြီးကို မေးခွန်းထုတ်ခဲ့တယ်လို့ ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂရဲ့ထုတ်ပြန်ချက်မှာတွေ့ရပါတယ်။

ဒီလို ထောင်ဒဏ် ချခံလိုက်ရတဲ့ ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂအဖွဲ့ဝင် ၃ ဦးဟာ အခြားသောကျောင်းသား ၃ ဦးနဲ့အတူ စက်တင်ဘာလ က ရန်ကုန်၊ကျောက်တံတားမြို့နယ်မှာ ဖမ်းဆီးခံလိုက်ရသူတွေဖြစ်ပါတယ်။

အဲဒီ ၆ ဦးမှာပါတဲ့ ကိုစည်သူအောင်တင် ကိုထောင်ဒဏ် ၁၀ နှစ် ၊ မသဉ္ဇာဇော်ကို ထောင်ဒဏ် ၁၃ နှစ် ၊ ကိုမြင်သိန်းနိုင်ကို ထောင်ဒဏ် ၃ နှစ်စီ စစ်ကောင်စီက အမိန့်ချထားတယ်လို့သိရပါတယ်။

စစ်ကောင်စီဟာ စစ်အာဏာရှင်ကိုဆန့်ကျင်တဲ့ ကျောင်းသူ၊ကျောင်းသားတွေကိုဖမ်းဆီးရုံသာမက ထောင်ဝင်စာပို့ပေးတဲ့ ကျောင်းသားတွေကိုပါ ဖမ်းဆီးတာတွေလုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် ကာမိုင်းဒေသမှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ဒုတပ်ရင်းမှူး ၁ဦးကို စစ်တပ် လက်အောက်ခံ ရှမ်းနီတပ် SNA ရဲ့ ဖမ်းဆီးခြင်းခံရမှုမဟုတ်ဘဲ သတင်းအမှားသာဖြစ်ကြောင်း KIA စစ်ဘက်တာဝန်ရှိသူက ပြောပါတယ်။

သတင်း

ရန်ကုန်မြို့ရဲ့ မြို့နယ်တွေမှာ စက်တင်ဘာ ၂ပတ်အတွင်း မတရားဖမ်းဆီးပေါ်တာဆွဲခံရသူ ၉၀ ကျော် ရှိတယ်လို့ မြေပြင်ကင်းထောက်အဖွဲ့တွေနဲ့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ပဲခူးတိုင်း၊ဝေါမြို့နယ်ထဲကညောင်ခါးရှည်စစ်ဆေးရေးဂိတ်မှာ လက်ရှိ စက်တင်ဘာလ ပထမအပတ်ကစပြီး ထိုင်းကုန်ပစ္စည်းသယ်ဆောင်လာတဲ့ ကားအစီးရေ ၁၀၀ ခန့်ကို အာဏာသိမ်းစစ်တပ်ရဲ့ စစ်ဆေးရေးအဖွဲ့က ဖမ်းဆီးသိမ်းဆည်းလိုက်တယ်လို့ ကားသမားသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ရန်ကုန်မြို့၊ ရွှေပြည်သာနဲ့ လှိုင်သာယာမြို့နယ်တွေမှာ လူငယ်တွေကို လိုက်လံဖမ်းဆီးနေတဲ့အဖွဲ့တွေ သောင်းကျန်းနေပြီး လာဖမ်းရင် အဖမ်းမခံဘဲ ခုခံကြဖို့ ရွှေပြည်သာမြို့နယ်၊ ဘိုရှည်ကုန်းကျေးရွာက စစ်တပ်ခန့်အုပ်ချုပ်ရေးမှူး ဝင်းဇော်က ပြောပါတယ်။