Connect with us

Hi, what are you looking for?

LuduNwayOo

News

ဖမ်းဆီးခံ ကျောင်းသားသမဂ္ဂအဖွဲ့ဝင်တွေကို စစ်ကောင်စီ ထောင်ဆက်တိုက်ချနေ

ဒီလို အမိန့်ချတာဟာ တရားသူကြီးရဲ့ ဆင်ခြင်တုံတရားနဲ့ အမိန့်ချတာလား ၊ လူတစ်စုရဲ့ အမိန့်ကြောင့်အမိန့်ချတာလားလို့တရားခွင်မှာ ကျောင်းသားတွေက တရားသူကြီးကို မေးခွန်းထုတ်ခဲ့တယ်လို့ ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂရဲ့ထုတ်ပြန်ချက်မှာတွေ့ရပါတယ်။

ဖမ်းဆီးခံထားရတဲ့ ကျောင်းသားသမဂ္ဂအဖွဲ့ဝင် ကျောင်းသားတွေကို စစ်ကောင်စီဟာ စွဲဆိုထားတဲ့ ပုဒ်မတွေနဲ့ ဒီရက်ပိုင်းမှာ ခပ်စိတ်စိတ်ထောင်ချလာပါတယ်။

ဒီနေ့မနက်ပိုင်းမှာဆို လက်ပံတန်းမြို့နယ်လုံးဆိုင်ရာကျောင်းသားများသမဂ္ဂ( ဗကသများအဖွဲ့ချုပ် ) ဥက္ကဋ္ဌဟောင်း ကိုအောင်ကုဋေစိုးကို သာယာဝတီထောင်တွင်းတရားရုံးက နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၁၂၄ နဲ့ထောင်ဒဏ် ၈ နှစ်နဲ့ ၃ လချလိုက်ပါတယ်။

ကိုအောင်ကုဋေစိုးဟာ ပြီးခဲ့တဲ့ နှစ်မေလ အတွင်းက ဖမ်းခံရတာဖြစ်ပြီး ဒီဇင်ဘာလမှာ ရာဇသတ်ကြီးပုဒ်မ ၅၀၅ (က) နဲ့ ထောင် ၃ နှစ်ချခံထားရသူလည်းဖြစ်တယ်လို့ ဗကသများအဖွဲ့ချုပ်က ထုတ်ပြန်ထားပါတယ်။

ဒါကြောင့် ကိုအောင်ကုဋေစိုးဟာ မတရားဖမ်းဆီးခံရပြီးနောက် ထောင်ဒဏ် စုစုပေါင်း ၁၁ နှစ်နဲ့ ၃ လ ချခံထားရပါတယ်။

Public Service Announcement

Public Service Announcement

အလားတူပါပဲ မတ်လ ၁၀ ရက်က အင်းစိန်ထောင်တွင်းတရားရုံးကနေ ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂဂရဲ့အဖွဲ့ဝင်တွေဖြစ်တဲ့ မဝတ်ရည်အောင် ၊ကိုရဲလင်းဦးနဲ့ ကိုနေထက်လင်းတို့ကို ရာဇသတ်ကြီးပုဒ်မ ၅၀၅ (က) နဲ့ ထောင်ဒဏ်၃ နှစ်စီချလိုက်တာရှိပါတယ်။

ဒီလို အမိန့်ချတာဟာ တရားသူကြီးရဲ့ ဆင်ခြင်တုံတရားနဲ့ အမိန့်ချတာလား ၊ လူတစ်စုရဲ့ အမိန့်ကြောင့်အမိန့်ချတာလားလို့တရားခွင်မှာ ကျောင်းသားတွေက တရားသူကြီးကို မေးခွန်းထုတ်ခဲ့တယ်လို့ ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂရဲ့ထုတ်ပြန်ချက်မှာတွေ့ရပါတယ်။

ဒီလို ထောင်ဒဏ် ချခံလိုက်ရတဲ့ ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂအဖွဲ့ဝင် ၃ ဦးဟာ အခြားသောကျောင်းသား ၃ ဦးနဲ့အတူ စက်တင်ဘာလ က ရန်ကုန်၊ကျောက်တံတားမြို့နယ်မှာ ဖမ်းဆီးခံလိုက်ရသူတွေဖြစ်ပါတယ်။

အဲဒီ ၆ ဦးမှာပါတဲ့ ကိုစည်သူအောင်တင် ကိုထောင်ဒဏ် ၁၀ နှစ် ၊ မသဉ္ဇာဇော်ကို ထောင်ဒဏ် ၁၃ နှစ် ၊ ကိုမြင်သိန်းနိုင်ကို ထောင်ဒဏ် ၃ နှစ်စီ စစ်ကောင်စီက အမိန့်ချထားတယ်လို့သိရပါတယ်။

စစ်ကောင်စီဟာ စစ်အာဏာရှင်ကိုဆန့်ကျင်တဲ့ ကျောင်းသူ၊ကျောင်းသားတွေကိုဖမ်းဆီးရုံသာမက ထောင်ဝင်စာပို့ပေးတဲ့ ကျောင်းသားတွေကိုပါ ဖမ်းဆီးတာတွေလုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ဧပြီ လ ၂၈ ရက်ကပင် ဒီးမော့ဆို မြို့နယ်၊ပူဖားကျေး ရွာမှာနွားကျောင်းနေသည့် အသက် (၁၄)နှစ်အရွယ် အမျိုးသား တစ်ဦး မိုင်းနင်းမိပြီး သေဆုံးခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များ​က ဆိုသည်။

သတင်း

ဧပြီ ၃၀ရက်က ကျင်းပသည့် NUG ၏ သတင်းစာရှင်းလင်းပွဲ၌ ဝန်ကြီးက ယခုကဲ့သို့ ရှင်းပြပြီး မြေပြင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ စုဖွဲ့မှု အကြောင်းကို ပြောပြသည်။

သတင်း

စစ်မြေပြင်၌ ခွဲခြားရန်ခက်ခဲသော်လည်း အရှင်ဖမ်းဆီးရရှိသည့် စစ်သုံ့ပန်းများထဲမှ အဓမ္မ စစ်မှုထမ်းရသူများအရေးကို စိစစ်ဆောင်ရွက် ပေးလို့ရကြောင်း ၎င်းက ပြောသည်။

သတင်း

ကိုဗစ်ကာလမှသည် စစ်ကောင်စီအာဏာသိမ်းပြီးသည့်အချိန်ထိ အလောင်းတော်ကဿပ ဘုရားအား ဖူး​မြော်ခွင့်၊ သွားလာခွင့်ပိတ်ထားခဲ့သည်။